Friday, September 11, 2015

ဂျပန်ရေကြီးမှုကြောင့် လူတစ်သိန်း ပြောင်းရွှေ့ရ


ဂျပန်နိုင်ငံ အရှေ့ပိုင်း Sojo မြို့မှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် နေအိမ်တွေ၊ သစ်ပင်တွေ အများအပြား ရေကြီးတဲ့အထဲ ပါသွားခဲ့ပြီး လူပေါင်း တစ်သိန်းလောက် နေရာရွှေ့ပြောင်းနေရပါတယ်။ ဗီဒီယို A military helicopter airlifts residents to safety Etau လို့ခေါ်တဲ့ တိုင်ဖုန်းမုန်တိုင်းက ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်ပြီး နောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း Kinugawa ဆိုတဲ့ မြစ်ကမ်းပါးကလည်း ကျိုးပဲ့သွားတဲ့အတွက် ရေတွေက အရှိန်ပြင်းစွာ စီးဆင်းပြီး နေအိမ်တွေ၊ သစ်ပင်တွေကို တိုက်စား လိုက်တာ ဖြစ်ပါတယ်။

အိမ်ခေါင်မိုင်းပေါ်မှာ ပိတ်မိနေတဲ့ လူတွေကို စစ်ရဟတ်ယာဉ်က ကယ်ဆယ် မှုတွေ လုပ်ခဲ့ရပါတယ်။

ရေထဲမှာ ကားတွေ၊ အိမ်တွေ အလုံးလိုက် ပါသွားတာကို ကြည့်ပြီး ၂၀၁၁ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းကြီးကို ပြန်လည်အမှတ်ရစေတာမျိုး ဖြစ်ခဲ့ပါတယ်။

အခုလောလောဆယ် သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေမကြားရသေးပေ မယ့် အနည်းဆုံး လူ ၁၂ ယောက် ပျောက်ဆုံးနေပါတယ်။

လူပေါင်း ၆၀၀ ကျော်ကတော့ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

မြေပြိုမှုတွေလည်း ဖြစ်ခဲ့ပြီး မျက်မြင်သက်သေတစ်ဦးကတော့ မိုးကြိုးပစ်တဲ့ အသံလို ကျယ်လောင်တဲ့ အသံကို ကြားပြီး ကြည့်လိုက်တဲ့အခါမှာတော့ ကုန်းမြင့်ကြီးတခု ပြိုကျလာတာကို တွေ့ခဲ့ရတယ်လို့ NHK သတင်းကို ပြောသွားခဲ့ပါတယ်။

တောင်ကုန်းပေါ်မှာ ရှိတဲ့ နေအိမ်တွေအထိ ရေက ရောက်လာတာ ဖြစ်ပြီး အဲဒီမြို့နားနဲ့ အနီးတစ်ဝိုက်က လူတွေကိုလည်း နေရာရွှေ့ပြောင်းမှုတွေလုပ်ဖို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဝန်ကြီးချုပ်က အရေးပေါ် စင်တာတွေ ဖွင့်လှစ်ပြီး ကူညီနေသလို ရဟတ်ယာဉ်တွေကိုလည်း ပိုမိုစေလွှတ် ထားပြီလို့ သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List