Wednesday, September 09, 2015

အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးသက်သက်သာလုပ်ကြရန် ကိုယ်စားလှယ်လောင်များသို့ NLD သတိပေးချက်ထုတ်ပြန်ထား


အမျိုးသားဒီမိုကရေစီအဖွဲချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲတွင် အောင် နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးသက်သက်ကိုသာ ပြုလုပ်ကြရန်နှင့် မတရားအသင်းအဖြစ် ကြေညာခြင်း ခံရသော အသင်းအဖွဲ့များ၏ အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်း ယင်းအဖွဲ့များအတွက် ၀င်ကြေး ထည့်ဝင်ခြင်း၊ ရယူခြင်း၊တောင်းခံခြင်း၊ ယင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကူညီခြင်း အစည်းအ ဝေးကို ဆော်သြကမကထပြုခြင်း၊နှင့် ဆော်သြကမကထပြုရာတွင် ကူညီခြင်း တို့လုံးဝမပြုလုပ်ကြရန် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က စက်တင်ဘာ ၈ရက်တွင်ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၄ ခုနှစ် ဇူလိုင်၁ ရက် တွင် ညွှန်ကြားချက် (၁/၂၀၁၄) ဖြင့် “ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်”ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းညွှန် ကြားချက်တွင် တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ ခွင့်ပြုချက်ပါ သတ်မှတ်ချက် သို့မဟုတ် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရ မည်ဟု ဖော်ပြထားသည်။

ထို့အတူ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသောအဖွဲ့အစည်း နှင့် ပုဂ္ဂိုလ် များ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်းခိုင်လုံသောအထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခြင်းခံရသည့်အခါ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ပြီး နောက်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဌာန်းထား ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ က ၎င်း၏ ကိုယ်စားလှယ် လောင်းများသိရှိစေရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သတင်း -ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List