Wednesday, September 09, 2015

ပြည်သူ့ဆုံးဖြတ်ချက်၊ ပြည်သူ့ဆန္ဒကို အလေးထားလက်ခံဖို့အတွက် ရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟုဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီမိုကရေစီဟူသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဆုံးဖြတ်ချက်ကိုအလေးထားခြင်း ဖြစ်သဖြင့် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ် ကြောင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်မှန်သည့် ဖက်ဒ ရယ် ပြည်ထောင်စုထူထောင်ရန်အတွက် ကြိုးစားခဲ့သည်မှာ အနှစ်သုံးဆယ်နီးပါး ရှိပြီဖြစ်ပြီး ပန်းတိုင်ကိုမ ရောက်သေးကြောင်း ပြည်သူ၏ ထောက်ခံမှု ပြည်သူ့ဆန္ဒ ပြည်သူ့တွန်းအားဖြင့် အောင်မြင်နိုင်မည်ကို အဓိကယုံကြည်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ရက်တွင် facebook အင်တာနက် လူမှုကွန်ရက်မှ တစ်ဆင့် ပြည်သူများအားပြောကြားခဲ့သည်။

“နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ပြီးတော့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီလို ယှဉ်ပြိုင်ရခြင်းဟာ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆုံးဖြတ် ချက်ကို လက်ခံဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူ့ရဲ့ ဆုံးဖြတ်ချက်၊ ပြည်သူ့ရဲ့ ဆန္ဒကို အလေး ထားရတဲ့ စနစ်ပါပဲ။ ဒါကြောင့်မို့လို့ နောက်ဆုံး ကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောသည်။

ထို့အတူ လက်ရှိအချိန်တွင် အရေးကြီးသည်မှာ ပြည်သူလူထုအားလုံးသည် ရွေးကောက်ပွဲတွင် မဲပေးပိုင် ခွင့်ရရှိရန်နှင့် ရွေးကောက်ပွဲနေ့ရောက်သည့် အခါ သွားရောက်မဲပေးကြရန်၊ မဲပေးသည့်အခါတွင်လည်း နိုင်ငံအနာဂါတ်၊ မျိုးဆက်သစ်များ၏ အနာဂါတ်ကိုစဉ်းစားပြီး မဲပေးကြရန် နှင့် ရှေ့ကိုမျှော် ကြည့်ပြီးပြောင်း လဲချိန်တန်သည့်အခါတွင် ပြောင်းလဲရန်အတွက် ၀ိုင်းဝန်း ကူညီကြရန်လည်း ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုအား တိုက်တွန်း နှိုးဆော်ခဲ့သည်။

သတင်း-ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List