Thursday, September 10, 2015

တရားစီရင်ရေးတွင် စစ်ဘက်မှ မိုးကျရွှေကိုယ်များ အလိုမရှိကြောင်း နေပြည်တော်တွင် Yellow Ribbon Campaign လှုပ်ရှားမှု စတင်


ဝန်ကြီးဌာန ၄/၅ ခုကို ပြောင်းခဲ့ပြီး ရာထူးအဆင့်ဆင့်ရယူခဲ့သူ မိုးကျရွှေ ကိုယ်တဦးအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ဒုတိယညွှန်ကြားရေးမှူး ချုပ်ရာထူးသို့ တိုက်ရိုက်ခန့်ထားခြင်းအား ဆန့်ကျင် သောအားဖြင့် နိုင်ငံအနှံ့ အ၀ါရောင်ဖဲကြိုးလှုပ်ရှားမှုကို လုပ်ဆောင်နေကြပါတယ်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင်တရားရုံးမှာ စက်တင်ဘာ ၉ ရက်က ရှေ့နေများမှ Yellow Ribbon လှုပ်ရှားမှုကို စတင်လိုက်ပြီ ဖြစ်ပါ တယ်။ 

ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ တရားစီရင်ရေးတွင် အမိန့်ပေးတရား စီရင်ရေး ပပျောက်စေရန်နှင့် ဒီမိုကရေစီ နှင့် လောကပါလတရားများ ထွန်းကားစေရန် ရည်ရွယ်သည်ဟု ပြောပါတယ်။

Yellow Ribbon Campaign Myanmar လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် ရှေ့နေတရားသူကြီးများ၊ ဥပဒေ ကျောင်းသားကျောင်းသူများနှင့် စစ်ဘက် ၏ကဏ္ဍစုံတွင် စွက်ဖက်ဝင်ရောက်နေသူများကို မထောက်ခံသော ညီအစ်ကိုများအားလုံး တရားရုံးများ၊ ရုံးဌာနများတွင် အနက်ရောင်တိုက်ပုံ ပေါ်တွင် အ၀ါရောင်ရင်ထိုး၊ ဖဲကြိုး တံဆိပ်တပ်ဆင်ခြင်းဖြင့် ဖဲကြိုးဝါ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်း ထားကြောင်း စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပျဉ်းမနားတရားရုံးတွင်လည်း ဖဲကြိုးဝါလှုပ်ရှားမှု စတင်ခဲ့ကြကြောင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်စလုံးတွင် ဖဲကြိုးဝါ လှုပ်ရှားမှုကို လှုပ်ရှားဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရှိရပါတယ်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List