Wednesday, September 09, 2015

မဲပေးရန်အတွက် သက်သေခံလက်မှတ်ကတ်ပြားများအား ရွေးကောက်ပွဲ ရက်မတိုင်မီ ၇ ရက်အလိုတွင် ထုတ်ပေးသွားမည်


ရွေးကောက်ပွဲမဲပေးရန်အတွက် သက်သေခံလက်မှတ်ကတ်ပြားများအား ရွေးကောက်ပွဲ ရက်မတိုင်မီ ၇ ရက်အလိုတွင် သက်ဆိုင်ရာ ကျေးရွာ/ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ခွဲ ရုံးများမှ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ပြောသည်။

မှတ်ပုံတင်မတော်တဆ ပျောက်ဆုံးခြင်းများအတွက်လည်းကောင်း၊ မဲပေးရာတွင် ရွေးကောက်ပွဲမဲစာရင်း စစ်ဆေးရာတွင် ကတ်ပြားတွင်ပါသည့်နံပါတ် ကိုကြည့်ကာ မဲစာရင်းအား ရှာဖွေနိုင်စေရန်အတွက်လည်း ကောင်း မဲဆန္ဒရှင် များအတွက် သက်သေခံ လက်မှတ်များကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဦးတင်အေးက “သက်သေခံလက်မှတ်က ရွေးကောက်ပွဲနီးလို့ ၇ ရက်အလို ကျရင် သက်ဆိုင်ရာ ရပ်ကွက် ရုံးမှာ ရှိတဲ့ ကော်မရှင်အဖွဲ့ရုံးတွေမှာ တောင်းလို့ရပါတယ်။ အဲ့ဒီ လက်မှတ်တွေ လိုက်ပေးဖို့ကိုလည်း CSOs တွေကို အကူအညီတောင်းထားပါတယ်။ ကျွန်တော်တို့အဖွဲ့တွေကို အိမ်တိုင်ရာ ရောက်ပေးဖို့ပြောထား တယ်။ ဘာလို့ဆို ဒီလက်မှတ် ရှိမှ မဲပေးလို့ရမှာဖြစ် တယ်” ဟု ပြောသည်။

အဆိုပါ သက်သေခံလက်မှတ်တွင် မဲစာရင်းမှ အချက်အလက်များ အား ရေးသွင်း ထားမည်ဖြစ်ပြီး မည် သည့် မြို့နယ် မည်သည့်အုပ်စု မည်သည့် မဲဆန္ဒနယ် ဆိုပြီး ရေးသားထားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မဲစာရင်းအတွက် မှတ်ပုံတင်ပါရမည် ဆိုသည်မှာ မဟုတ်ကြောင်း၊ မဲဆန္ဒရှင်သည် မည်သူဖြစ်ကြောင်း ပြောနိုင်ရန်အတွက် မှတ်ပုံတင် တောင်းခြင်းဖြစ်ကြောင်း မှတ်ပုံတင်မပါသော်လည်း အဆိုပါကတ်ပြားဖြင့် မဲရုံများသို့ သွားရောက်မဲပေးနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန်္ဒရှင်စာရင်းများကို မြန်မာနိုင်ငံ တစ်ဝန်း စက်တင်ဘာ ၁၄ ရက်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေ ညာသွား မည်ဖြစ်ပြီး မဲဆန္ဒရှင်များသည် မဲစာရင်းတွင် အမည် ပါဝင်မှုရှိမရှိ၊ မပါဝင်သင့်သူများ ပါဝင်နေ ခြင်း ရှိမရှိနှင့် အချက်အလက်များ မှန်ကန်မှု ရှိမရှိတို့ကို သွားရောက်ကြည့်ရှုကြပါရန် ပြည်ထောင်စု ရွေး ကောက်ပွဲကော် မရှင်က စက်တင်ဘာ ၁ ရက်တွင် ကြေညာထားကြောင်း သိရသည်။

စိုင်းဟန်

The Ladies News Journal

No comments:

Post a Comment

My Blog List