Wednesday, September 09, 2015

အင်တိုက်အားတိုက်ဖြင့် ကျားခေါင်း လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၅၈ ဦး ရွေးကောက်ပွဲဝင် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား


ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချူပ်(ကျားခေါင်းပါတီ)အနေဖြင့် လွတ်တော်ပြင်ပ ကိစ္စများလုပ်ဆောင်စရာ ရှိသည့်အတွက် ထိပ်ပိုင်းခေါင်းဆောင် ၅ဦး ၀င်ရောက်မယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဦးခွန်ထွန်းဦး က သျှမ်းသံတော်ဆင့် က အင်တာဗျုးတွင် ဖြေကြားထားချက် အရ သိရသည်။

၂၀၁၅ခုနှစ် နိုဝင်ဘာ၈ရက်တွင်ကျင်းပမည့် ဒုတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ကိုယ်စားလှယ်အမည်တင်သွင်း ရာတွင် ကျားခေါင်းပါတီမှ ကိုယ်စားလှယ်လောင်းပေါင်း ၁၅၈ဦး ၀င်ပြိုင်ပြီး ယင်းထဲတွင် ပါတီထိပ်ပိုင်းခေါင်းဆောင် ၅ဦးသည် ယခုကဲ့သို့လုပ်ဆောင် ရန် အတွက် အမည်စာရင်း မပေးသွင်းခြင်းဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးက`` ကျနော်တို့အနေနဲ့ကတော့ ၂၀၀၈ ကိုလည်း အသိမှတ် မပြုဘူး။ ၂၀၁၀ ကို လည်း မ၀င်ခဲ့ဘူး။ ဒါတွေက အတိတ်ကခါးသီး တဲ့ အတွေ့အကြုံတွေကြောင့် ပါပဲ။ ဒါပေမဲ့ အခု ဖွဲ့စည်းပုံပြင်မှဆို တော့ နည်းနည်းပါးပါးပြင်ပေးတော့ ကျနော်တို့က ပြင်ပါတယ်။ 

မည်ကာမတ္တမဟုတ်ပဲအင်တိုက်အားတိုက်ဝင်ပါတယ်။ အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၅၈ ဦးဝင်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးမ၀င်ဘူး ဆို တာလည်း အပြင်ဘက်မှာ လုပ်ရမဲ့ ကိစ္စတွေရှိ တယ်´´ဟု ပြောသည်။

ထိပ်သီးခေါင်းဆောင်များ မ၀င်ရောက်ရခြင်းမှာ ပါတီ၏ လက်ရှိအနေ အထား အား မည်သို့တိုးတက်အောင် လုပ်ဆောင်ရန်မူဝါဒကြောင့်လည်း ဖြစ်ပြီး ဦးခွန်ထွန်းဦးအနေဖြင့်လည်း လက်ရှိ အချိန်တွင် အသက်ကြီးနေ ပြီး လူငယ်များအား လမ်းဖွင့်ပေးလိုသည့် ဆန္ဒဖြင့် ၀င်ရောက်မယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။

ပါတီမူဝါဒအနေဖြင့် စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးကိစ္စ အတွက် အခြေခံဥပဒေပြင်ဆင် ရေးကို ရည်ရွယ်ထားကြောင်း လွှတ်တော်ထဲမှာဆိုရင် လူအနည်းအများပေါ်မူတည် အသံအနေအထား ပြောင်းနိုင်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင် ပြည်သူများအ နေဖြင့် လည်း ကိုယ်စားလှယ်လောင်းရွေးချယ်မည်ဆိုပါက လူကိုကြည်ရန် ၊ပါတီကိုကြည်ရန်လိုပြီး ငွေကို မကြည့်ရန် တိုက်တွန်း ထားကြောင်း သိရသည်။

ဦးခွန်ထွန်းဦးက`` ရှမ်းပြည်ကလူထုကို ပြောချင်တာ က ရွေးကောက်ပွဲ ရွေးတဲ့နေရာမှာ ပါတီကိုကြည့်ပါ၊ လူကိုကြည့် ပါ။ ငွေ ကိုတော့ မကြည့် ပါနဲ့လို့ ။ ငွေကိုကြည့်မယ်ဆိုရင်တော့ ဘ၀တွေက ဒီထက်ပိုဆိုးလာပါ လိမ့်မယ်။ ငွေကိုအကြောင်းပြပြီးတော့ ကျန်တော်တို့က ဘယ်တော့မှ စည်းရုံးမှာ မဟုတ်ဘူး´´ဟု ပြော သည်။

တရားဝင်မဲဆွယ်စည်းရုံးခွင့်ရသည့်စက်တင်ဘာ၈ရက်နေ့တွင် SNLD(ကျားခေါင်းပါတီ) သည် ပင်လုံစာချူပ် ချူုပ်ဆိုခဲ့သည့်နေရာဖြစ်သည့် ရှမ်းပြည်နယ် ပင်လုံမြို့ ၌ရွေးကောက်ပွဲအောင်နိုင်ရေးသင်တန်းနှင့် လူထု တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း -စိုင်းဟန်
ဓာတ်ပုံ-စိုင်းကျော်ညွန်
The Ladies News Journal

No comments:

Post a Comment

My Blog List