ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ကိုယ်စား လှယ်လောင်းများ၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူသို့ ချပြသွားရန် အစီအစဉ်မရှိသေးကြောင်း NLD ပြောခွင့်ရ ဦးဝင်းထိန်က ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များ၏ ပိုင်ဆိုင်မှုစာရင်းများကို အဖွဲ့ချုပ်က ရယူထားပြီး အကယ်၍ အစိုးရ တစ်ရပ် ဖွဲ့ နိုင်ပါကလည်း ကိုယ်စားလှယ်များ၏ ပိုင် ဆိုင်မှုကို ချပြသွားမည် မဟုတ်ဘဲ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နာယကတို့၏ ပိုင်ဆိုင်မှုလောက် သာ ချပြသွား မည်ဖြစ်သည်ဟု ဦးဝင်းထိန် က ဆက်ပြောသည်။
ဦးဝင်းထိန်က ''ရွေးကောက်ပွဲ ပြီးသွားရင် အရွေးမခံရတဲ့ ကိုယ်စားလှယ် လောင်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုတော့ ပြန်ပေးမယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်း တွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုတော့ အား လုံးစု စည်းပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌကို အပ်ထား မယ်။ တကယ်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် သူတို့ ရဲ့စီးပွားရေးကို စောင့်ကြည့်နိုင်ဖို့ပါ။ ပြည် သူကိုတော့ ချပြဖို့မရှိပါ ဘူး''ဟု ပြောသည်။
NLD ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်ြီူ သို့ အမည် စာရင်း တင်သွင်းခဲ့စဉ်က တည်းက ကိုယ်စားလှယ်လောင်းများ၏ ဇနီး၊ ယောက်ျား၊ သားသမီးများ၏ ပိုင်ဆိုင်မှု၊ ဘဏ် အကောင့် များကို တင်ပြထားကြောင်း သိရသည်။
''ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို ပြည်သူတွေကို ချပြနိုင် ရင်တော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိမယ် ထင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ် နှစ်လောက်ကလဲ သမ္မတရုံးကနေ ဝန်ကြီး တွေရဲ့ ပိုင်ဆိုင်မှုကို တောင်းခံပြီး ပြည်သူ တွေကို ချမပြဘဲ သမ္မတရုံးကပဲ သိမ်းထား တယ်ပေါ့။ NLD ကလဲ ပါတီတွင်း စောင့် ကြည့်ဖို့ပါလို့ ပြောရင်တော့ လက်ရှိအစိုး ရနဲ့ ပုံသဏ္ဌာန်တူနေပါလိမ့်မယ်။
ပြည်သူ တွေက တောင်းဆိုလို့မဟုတ်ဘဲ ပြည်သူတွေ ကို ချပြပြီး ပြည်သူကပါ စောင့်ကြည့်နိုင်ရင် ဒီမိုကရေစီနည်းအရ အကောင်းဆုံးပါပဲ''ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်း ဦးက ပြောသည်။
FlowerNewsJournal
No comments:
Post a Comment