Monday, September 07, 2015

ဒေါ်အောင်ဆန်းစုကြည်ကဗျာကို ဒီချုပ်အောင်နိုင်ရေးသီချင်းအဖြစ် ဖန်တီးမည်


အင်န်အယ်လ်ဒီပါတီ အောင်နိုင်ရေးအတွက် သီချင်းလေးပုဒ်သီဆိုရန်စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရေးထားသည့် ကဗျာတစ်ပုဒ်ကိုလည်း သီချင်းပုံစံဖြင့် ဖန်တီးရန် အစီအစဉ်ရှိကြောင်း ထွန်းအိန္ဒြာဗိုက ပြောသည်။ ‘‘အင်န်အယ်လ်ဒီ အောင်နိုင် ရေး သီချင်းလေးပုဒ်လုပ်မယ်။ သံသာဝင်းရေး ထားတဲ့ သီချင်း တစ်ပုဒ်တော့ပြီးပြီ။ နောက်ထပ် ကိုဆောင်း ဦးလှိုင်ရေးတာ တစ်ခုရှိ မယ်။ ကိုရယ်ဂျီရေးတာတစ်ခုရှိ မယ်။ နောက်ပြီး အမေဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ရေး တာ တစ်ခုရှိမယ်။ အမေရေးတာက တော့ သီချင်းမဟုတ်ဘူး။ ကဗျာ လေးလို စာသားတစ်ခုရေးတာ။ 

အဲဒါကို လင်းလင်းတို့၊ ဇေယျာ သော်တို့က သံစဉ်တွေထည့်ပြီး အနုပညာမောင်နှမတွေဝိုင်းဝန်း ကူညီကြမယ်’’ဟု အောင်နိုင်ရေး သီချင်းများအကြောင်း ထွန်းအိန္ဒြာဗိုက ပြောသည်။

‘‘ပြည်သူ့ပါတီ NLD’’ဟု အမည်ပေးထားသည့်သီချင်းကို သံသာဝင်းက ရေးသားထားခြင်း ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက အသံသွင်းခဲ့ကာ ရိုက်ကူးရေး လည်းတစ်ခါတည်းပြုလုပ်ခဲ့သည် ဟု ၎င်းက ဆိုသည်။

‘‘စက်တင်ဘာ ၈ ရက် ဝန်း ကျင်လောက်ပြီးအောင်လုပ်နေ ကြတယ်။ မနေ့ကပြီးသွားတဲ့ သီချင်းလေးကတော့ ၈ ရက်နဲ့ ၁၀ ရက်ကြားမှာ ယူကျု့ဘ်တင် နိုင်မယ်ထင်တယ်။ ကျန်တဲ့သီချင်း တွေလည်းမရှေးမနှောင်းလုပ်နိုင် အောင် ကြိုးစားနေ ကြတယ်’’ဟု ထွန်းအိန္ဒြာဗိုက ပြောသည်။

‘ပြည်သူ့ပါတီ NLD’သီချင်း ကို စောဖိုးခွား၊ ရဲသွင်၊ စည်သူ လွင်၊ Rဇာနည်၊ ဖြိုးကြီး၊ အနဂ္ဂ၊ ရန်ရန်ချန်း၊ ဂျီလတ်၊ ဂျီတုန်း၊ မီမီ ဝင်းဖေ၊ ကော်နီ၊ သျှီ၊ ထွန်းအိန္ဒြာ ဗို၊ ချောစုခင်၊ သံသာဝင်းနှင့် ချစ်သုဝေတို့ ပါဝင်သီဆိုထားကြ သည်။

‘‘ကူညီနိုင်တဲ့အဆိုတော် တွေ တကယ်စိတ်ရှိပြီး ပါဝင်လို သူတွေကို ကျွန်မတို့က ကမ်းလှမ်း တာပါ။ အားလုံးက မေတ္တာ စေတနာနဲ့ လာပြီးကူညီကြတာပါ’’ ဟု ထွန်းအိန္ဒြာဗိုက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ အောင်နိုင်ရေးအတွက် ‘ပြောင်းလဲချိန် တန်ပြီ’အောင်နိုင် ရေးဇာတ်လမ်းတိုကိုလည်း ရုပ် ရှင်နယ်ပယ်မှ အနုပညာ ရှင်များ က ရိုက်ကူးထားပြီး မဲဆွယ်စည်း ရုံးရေးစတင်မည့် စက်တင်ဘာ ၈ ရက်အမီ ဖြန့်ဝေ ရန် စီစဉ်နေပြီ ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List