Monday, September 07, 2015

ကမ္ဘောဒီးယားက ရိုဟင်ဂျာ မြန်မာထဲ ပြန်လို


ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ သြစတြေးလျရဲ့ လူဝင်မှု ထိန်းသိမ်းရေးစခန်းက ရိုဟင်ဂျာ တစ်ယောက်က မြန်မာနိုင်ငံကို ပြန်သွားလိုကြောင်း ပြောဆိုနေတယ်လို့ သိရပါတယ်။ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အဆိုပါ ရိုဟင်ဂျာဟာ Nauru ကျွန်းနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို သွားဖို့ သဘောတူတဲ့အတွက် သြစတြေးလျ အစိုးရက ကမ္ဘောဒီးယားကို လွန်ခဲ့တဲ့သုံးလက ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလူက ကမ္ဘောဒီးယားမှာ မနေချင်တော့ပဲ မြန်မာနိုင်ငံကို ပြန်နိုင်ဖို့ မြန်မာသံရုံးနဲ့ ဆက်သွယ်ထားတယ် လို့ ကမ္ဘောဒီးယား ပြည်ထဲရေးရာဝန်ကြီး ဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Khieu Sopheak က အေအေပီ သတင်း ကို ပြောပါတယ်။

သြစတြေးလျနိုင်ငံထဲ လှေတွေနဲ့ ရောက်ရှိလာတဲ့ လူတွေကို အစိုးရက နောင်ယူးကျွန်းနိုင်ငံနဲ့ ပါပူဝါ နယူး ဂနီနိုင်ငံကို ပို့ဆောင်ထားပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားကိုလည်း ဒေါ်လာ သန်းပေါင်း ၄၀ လောက်ပေးပြီး ခိုလှုံခွင့်တောင်းလိုသူတွေကို လက်ခံပေးဖို့ သဘောတူညီမှု ရခဲ့ပါတယ်။

ကမ္ဘောဒီးယားကို သွားဖို့ သဘောတူခဲ့တဲ့ အီရန်နိုင်ငံသား သုံးယောက်နဲ့ ရိုဟင်ဂျာ တစ်ယောက်ကို ကမ္ဘော ဒီးယားကို ပို့ဆောင်ခဲ့တာဖြစ်ပေမယ့် ရိုဟင်ဂျာဆိုသူကတော့ မြန်မာနိုင်ငံကို ပြန်ခွင့်ရဖို့ တောင်းဆိုလိုက် တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ တောင်းဆိုတဲ့လူတွေကို ဆင်းရဲပြီး လူ့အခွင့်အရေး လိုက်နာလေ့မရှိတဲ့ ကမ္ဘောဒီးယားလို နိုင်ငံကို ပို့ဆောင်တဲ့အတွက် သြစတြေးလျအစိုးရကို ဝေဖန်မှုတွေ ရှိနေပါတယ်။

သြစတြေးလျအစိုးရက ကမ္ဘောဒီးယားနိုင်ငံကို သွားမယ်ဆိုရင် ဒေါ်လာ တစ်သောင်းနဲ့ နေစရာနဲ့ ဘဝထူ ထောင်ရေးတွေမှာ ကူညီမယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေကို ကူညီနေတဲ့ Ian Rintol ရဲ့ ပြောပြချက်အရ အစိုးရအနေနဲ့ ပြောထားတဲ့အတိုင်း လုပ်ဆောင်တာ မရှိသေးဘူးလို့ ပြောပြထားပါတယ်။

ABC


No comments:

Post a Comment

My Blog List