Monday, September 07, 2015

မျိုးစောင့်ဥပဒေပြောင်းတဲ့ အစိုးရတိုင်းကို ဖြုတ်ချမယ်


မန္တလေးတိုင်း မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူက မျိုးစောင့် ဥပဒေကို ပြောင်းလဲဖို့ ကြိုးစားတဲ့ အစိုးရတိုင်းကို ဖြုတ်ချမယ်လို့ ပြောဆို လိုက်ပါတယ်။ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ ကလေးယူခွင့် သတ်မှတ်ချက်နဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေက မကြာသေးခင်ကပဲ လွှတ်တော်မှာ အတည် ပြုမှု ရရှိတဲ့အတွက် ဘုန်းတော်ကြီး ဦးဝီရသူက ပျော်ရွှင်နေသလို အောင်ပွဲခံဖို့ စီစဉ်နေတယ်လို့လည်း အေအက်ဖ်ပီ သတင်းမှာ ရေးသားထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမျိုးသမီး အဖွဲ့တွေကတော့ အဲဒီ ဥပဒေက အခွင့်အရေးချိုးဖောက်ရာ ရောက် တယ်လို့ ဝေဖန်နေကြပါတယ်။

ဦးဝီရသူကတော့ အိပ်ချိန် သိပ်မရပဲ တချိန်လုံး ဖေ့စ်ဘွတ်ပေါ်မှာပဲ မွတ်စလင် အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို ထိုင်ကြည့်ပြီး ပြန်လည်မျှဝေ တာတွေလုပ်ပြီး ဗုဒ္ဓဘာသာက ခြိမ်းခြောက်မှု ခံနေရပြီလို့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးလေ့ရှိတယ်လို့ ဆိုပါတယ်။

သမ္မတလို မိသားစုနဲ့ ထမင်းစားချိန် မရသလို၊ ဒေါ်အောင်ဆန်းစုကြည်လို မိတ်ကပ်လိမ်းဖို့ အချိန်တောင် မရပဲ မအိပ်မနေ အလုပ်လုပ်ရတာလို့ ဦးဝီရသူက မိန့်ခဲ့ပါတယ်။

အခုလောလောဆယ် မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုတွေ များတဲ့အတွက် NLD ပါတီမှာရော ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီမှာပါ မွတ်စလင်ဘာသာ ကိုယ်စားလှယ်လောင်း ရှားပါးနေပါတယ်။

NLD ကို တောက်လျှောက် ထောက်ခံလာတဲ့ မွတ်စလင်တွေကလည်း သူတို့ မဲပေးနိုင်မယ့် NLD ကိုယ်စား လှယ်လောင်းမရှိသလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ မွတ်စလင် တွေကတောင် ဒီရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခွင့် မရှိတော့ပါဘူး။

ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ် ဦးရွှေမောင်ရဲ့ မိဘတွေက မြန်မာနိုင်ငံ သားတွေ မဟုတ်တဲ့အတွက် အမတ်လောင်း စာရင်းကနေ ပယ်ချတာလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောခဲ့ပေမယ့် ဦးရွှေမောင်က တော့ သူ့ရဲ့ ဖခင်ဟာ ရဲအရာရှိတစ်ယောက်တောင် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသား ဖြစ်ကြောင်းကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ သက်သေပြရ မလဲ၊ ဒီလို ၂၀၁၅ ခုနှစ် ၂၁ ရာစု နဲ့ ဒီမိုကရေစီဆီကို ဦးတည်နေတဲ့ အချိန် မှာတောင် အခုလို ဖြစ်နေရင် ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့လည်း ပြောလိုက်ပါတယ်။

ရိုဟင်ဂျာ မုန်းတီးမှုကနေ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မွတ်စလင်တွေအားလုံး ပါ ခံနေရပြီး အခုဆိုရင် ကာလအဆက်ဆက်က မဲပေးခွင့်ရခဲ့တဲ့ white card ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်မရတော့သလို မွတ်စလင်တွေ မဲပေးလိုတဲ့ ကိုယ်စားလှယ်တွေ မရှိတဲ့အတွက် မဲပေးခွင့်ရတဲ့ လူတွေက မဲပေးကြမှာ မဟုတ်ဘူးလို့လည်း ဦးရွှေမောင်က ပြောဆိုခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List