လှေစီးဒုက္ခသည်များ အပါအ၀င် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဖက်သတ်အမြင်ဖြင့် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား ကို အလိုတော်ပြည့်ဆရာတော်က မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ရောက် ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားက အလို တော်ပြည့်ဆရာတော်ထံ မေလ၂၃ ရက် ညနေတွင် သွားရောက်ဖူးမြော်စဉ် ဆရာတော်က ယင်းကဲ့သို့မိန့်ကြားခဲ့ခြင်းဖြစ်သည်။
‘‘အကြံဉာဏ်လာတောင်း တာပါ။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကုလအနေနဲ့ တစ် ဖက်သတ် မလုပ်ဖို့ အထူးသဖြင့် ဒေသခံပြည်သူတွေကို လေးလေး စားစားစဉ်းစားဖို့ပေါ့။ ပစ်ပယ်ထားလို့ မရဘူးဆို တာပါ။ ဆရာ တော်ကြီးက မိန့်ကြားခဲ့တာ’’ ဟု အလိုတော်ပြည့်ကျောင်းတိုက်များ လက်ထောက်ပဓာန ဆရာ တော် အရှင်ကုမာရက မိန့်ကြား သည်။
ပြည်တွင်း ပြည်ပတွင် အလို တော်ပြည့်ကျောင်းတိုက်များ ဖွင့်လှစ်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေ သည့် အလိုတော် ပြည့်ဆရာတော်ကို သမ္မတ၊ ဒေါ် အောင်ဆန်းစုကြည်နှင့် နိုင်ငံတ ကာသံတမန်များက မကြာခဏ လာရောက်ဖူးမြော်ကာ ရခိုင်ပြည် နယ်အရေးနှင့် ပတ်သက်၍ အကြံ ဉာဏ်များ တောင်းခံလေ့ရှိ သည်။
မစ္စတာ နမ်ဘီးယားက အလိုတော်ပြည့်ဆရာတော်ထံ လာရောက်ဖူးမြော်ရာတွင် ရခိုင် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ကုလ ဌာနေကိုယ်စားလှယ်တို့ လိုက်ပါခဲ့ ကြောင်း သတင်းရရှိသည်။
7Day Daily

No comments:
Post a Comment