Wednesday, May 27, 2015

သမၼတကိုေ၀ဖန္သည့္စာသားပါအက်ႌ ၀တ်ဆင်၍ တစ်ကိုယ်တော်ဆန္ဒပြသူကို ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီး



ပြည်မြို့တွင် သမ္မတကို ဝေဖန်ရေးသားသည့်စာသားပါ အင်္ကျီကိုဝတ်ဆင်၍ တစ်ကိုယ် တော်ဆန္ဒဖော်ထုတ်သူတစ်ဦးကိုသာယာဝတီရဲတပ်ဖွဲ့က မေလ ၂၅ ရက် ညတွင် နေအိမ်သို့လာ ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။‘‘သာယာဝတီမြို့နယ်တရား ရုံးရဲ့ ဖမ်းဝရမ်းပါတယ်။ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ လာရောက်ဖမ်းဆီး သွားတာဖြစ်တယ်’’ဟု ပြည်မြို့ နယ်ရဲတပ်ဖွဲ့က အရာရှိတစ်ဦးက ပြောကြားသည်။
တစ်ကိုယ်တော်ဆန္ဒဖော် ထုတ်သူကိုဝင်းလှိုင်သည် မေလ ၁၂ ရက်က သာယာဝတီတရားရုံး ၌ ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများ ရုံးထုတ်စဉ် တစ်ကိုယ်တော်ဆန္ဒပြခဲ့ခြင်းဖြစ် သည်။ ဆန္ဒဖော်ထုတ်ရာတွင် ‘‘ဥ ပဒေအထက်မှာ သိန်းစိန်ရှိတယ်။ သိန်းစိန်အထက်မှာ ငရဲပြည်ရှိ တယ်’’စာသားပါ အင်္ကျီကိုဝတ် ဆင်ဆန္ဒပြခဲ့ခြင်းကြောင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှုဖြင့် သာယာဝတီမြို့နယ် တရားရုံးက တရားစွဲဆိုခြင်းဖြစ်ကြောင်း အ ထက်တန်းရှေ့နေ ဒေါ်စံပယ်က ပြောကြားသည်။

‘‘ကိုဝင်းလှိုင်ဆန္ဒပြတဲ့နေ့က ကျွန်မလည်း သာယာဝတီတရား ရုံးမှာရှိတယ်။ ကျောင်းသားတွေ ရုံးထုတ်တဲ့နေ့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့တာ။ အဲဒါနဲ့ပတ်သက်ပြီး တရားရုံးကနေ ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်းထုတ်ပြီးဖမ်းတယ်။ဒီနေ့ မေလ ၂၆ ရက်မှာပဲ ရမန်ယူတယ် လို့သိရတယ်’’ဟု ဒေါ်စံပယ်က ပြောကြားသည်။

ကိုဝင်းလှိုင်မှာ ယခုကဲ့သို့ ဖမ်းဆီးမခံရမီကပင်တစ်ကိုယ် တော်ဆန္ဒဖော်ထုတ်မှုကြောင့် ပုဒ် မ ၁၈ ဖြင့် ပြည်မြို့နယ်တရားရုံး ၌ အမှုရင်ဆိုင်နေရပြီး အဆိုပါရုံး ချိန်းများတွင် ယင်းအင်္ကျီကိုဝတ် ဆင်၍ ရုံးချိန်းတက်ခဲ့သော်လည်း အရေးယူခြင်းမရှိပေ။

ကိုဝင်းလှိုင်မှာ တရားရုံး ရုံး ချိန်းများတွင် အဆိုပါအင်္ကျီဝတ် ဆင်၍ သွားရောက်သော်လည်း အရေးယူခံရခြင်းမရှိဘဲ ယခုမှ သာယာ ၀တီမြို့နယ်တရားရုံး၌ ကျောင်းသားနှင့် ၀န်းရံပြည်သူ များအတွက် အဆိုပါအင်္ကျီဖြင့် သွားရောက်ဆန္ဒဖော်ထုတ်ချိန်တွင်မှ အရေးယူခံရခြင်းဖြစ်ကြောင်းပြည်မြို့ခံတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။

ကိုဝင်းလှိုင်သည် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးကို ဖြုတ်ချ ပေးရန်၊ နိုင်ငံရေးအကျဉ်းသား များလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊ ဖမ်းဆီးခံလယ်သမား၊ အလုပ်သ မားနှင့် ကျောင်းသားများ လွှတ် ပေးရန်တို့ကို တစ်ကိုယ်တော်ဆန္ဒ ဖော်ထုတ်မှုများကြောင့် ပုဒ်မ ၁၈ ဖြင့် ခုနစ်မှု၊ မြစ်ဆုံစီမံကိန်းရပ် တန့်ရန်ဆန္ဒဖော်ထုတ်မှုနှင့် အစိုး ရဖြုတ်ချပေးရန် ဆန္ဒဖော်ထုတ်မှု တို့တွင် ပုဒ်မ ၁၉ ဖြင့် နှစ်မှု၊ စုစု ပေါင်းကိုးမှု လတ်တလောရင်ဆိုင်နေရသည်။

7Day Daily




No comments:

Post a Comment

My Blog List