Monday, May 25, 2015

၁၉၉၀ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ရွေးချယ်ခံကိုယ်စားလှယ်များ၏ ၂၅နှစ်တာကာလ နိုင်ငံရေးဖြတ်သန်းမှုအစီရင်ခံစာ မေ ၂၇ ရက်တွင် ထုတ်ပြန်မည်ဟုဆို


၁၉၉ဝပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅နှစ် တာကာလ နိုင်ငံရေးဖြတ်သန်းမှု အစီရင်ခံစာကို မေ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာ သွား မည်ဖြစ်ကြောင်း သိရသည်။
၁၉၉၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ငွေရတုအထိမ်းအမှတ်အခမ်း အနားကို မေ ၂ရရက်တွင် ယုဒသန်ခန်းမ၌ပြုလုပ်မည်ဖြစ်ပြီး အစီရင်ခံစာကို အဆိုပါအခမ်းအနားတွင်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း သိရသည်။

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူဦးဒေးဗစ်လှမြင့်က''၂၅နှစ်တာကာလမှာ ရွေးကောက် ခံ လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ ဘယ်လိုရပ်တည်ခဲ့ရ သလဲ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပ် ဆောင်ခဲ့ တာတွေ၊ ဘယ်လိုဖြတ်သန်းခဲ့သလဲ ဆိုတာတွေကို အစီရင်ခံ စာထုတ်မယ်'' ဟု ပြောသည်။

၁၉၉ဝရွေးကောက်ပွဲ ငွေရတု အထိမ်းအမှတ် အခမ်းအနားတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေး၊ လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် ပတ်သက်ပြီး ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၆ဝပြည့်နှစ် နောက်ပိုင်း တွင် ပါတီစုံအထွေထွေရွေးကောက် ပွဲကို ၁၉၉ဝပြည့်နှစ်တွင် ပြန်လည် ကျင်းပခဲ့ပြီး မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၃၉၂နေရာ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၃နေရာ၊ တစညပါတီက ၁ဝနေ ရာစသည်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ သော် လည်း စစ်တပ်မှရွေးကောက် ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၁ခုနှစ် အထိ ဆက်လက်အုပ်ချုပ်ခဲ့သည်။

HM
#Democracytoday


No comments:

Post a Comment

My Blog List