Friday, May 29, 2015

The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူ မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်


 ဟောင်ကောင်မင်းသမီး မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ လာရောက်မည်ဖြစ်ကာ နှစ်ရက် ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။မင်းသမီးမီရှဲယိုသည် မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ''Memory International Film Heritage Festival 2015'' ရုပ်ရှင်ပွဲတော်သို့ အထူးဧည့်သည်တော် အဖြစ် အခမ်းအနားဖွင့်လှစ်ပေးရန်နှင့် ကော့မှူးခရီးစဉ်သွား ရောက်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

''မင်းသမီး မီရှဲယို မြန်မာနိုင်ငံကို ၂၉ ရက်နေ့ ရောက်မယ်။ မေ ၃၀ ရက်မှာ ကော့မှူးမြို့နယ်မှာရှိတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေပြီးတော့ အခမဲ့ သင်ကြားပေးနေတဲ့ သင်တန်းကျောင်းကိုလာပြီးတော့ သင်တန်းသားတွေကို စကားပြောမယ်။ နောက်ပြီးတော့ ကျွန်တော့်သင်တန်းကျောင်းက မနှစ်က သင်္ကြန်မတိုင်ခင် က ကျောင်းသားတစ်ယောက် ဆိုင်ကယ်မှောက်ပြီးတော့ သေသွားတယ်။ အဲဒီသတင်းကို သူလဲသိတဲ့အခါကျ တော့ ဆိုင်ကယ်စီးရင်လိုအပ်တဲ့ ဆိုင်ကယ်စီးဦးထုပ် တွေကို ကျောင်းသားတွေကို လှူပေးသွားမှာပါ''ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုစောနန္ဒာက ပြောသည်။

မီရှဲယိုသည် မေ ၃၀ ရက်တွင် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းမှ အခမဲ့ သင်ကြားပေးနေသည့် ကော့မှူးမြို့ နယ် မကျည်းကန်ကျေးရွာရှိ HCTA Hospitality and Catering Training Academy ကျောင်းသို့ လာ ရောက် ကာ အဆိုပါကျောင်းတွင်ရှိသည့် ကျောင်းသား အယောက် ၁၀ဝအတွက် လိုအပ်နေသည့် ဆိုင်ကယ် စီးဦးထုပ်များအား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်မင်းသမီး မီရှဲယိုသည် The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။

NN
#Democracytoday




No comments:

Post a Comment

My Blog List