Wednesday, May 27, 2015

တစ်ဖက်စွန်းရောက်တဲ့ဝါဒမျိုး၊ အမြင်မကျယ်တဲ့ဝါဒမျိုးဖြင့် ပြောဆိုကျင့် သုံးခဲ့ရင်တော့ ဘုန်းကြီးများ လက်ခံနိုင်မည်မဟုတ်ပါ


အလိုတော်ပြည့်ဆရာတော်အား မစ္စတာနမ်းဘီးယား သဘောထားလျှောက် ထားချက်

မကြာသေးခင်က ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ် နိုင်ငံတော်သမ်္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုဆက်ကပ်ခံရသော ဒေါက်တာဘဒ်္ဒန်္တအရိယ၀ံသ (အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ) မဟာနာယက၊ ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) သြ၀ါဒါစရိယ အဂ်္ဂမဟာပဏ္ဍိတ အလိုတော်ပြည့်ဆရာတော်ကြီးအား ကုလသမဂ်္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံ ပေး
အရာရှိSpecial Envoy for UN General Secratery ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်ဟောင်းဖြစ်သူ မစ်္စတာ ဗီဂျေနမ်းဘီးယားနှင့်အဖွဲ့က လာရောက်တွေ့ဆုံပြီး ရခိုင်ဒေသတွင်း အခြေအနေများကို လျှောက်ထားဖြစ်ခဲ့သည်။

Mr.Vijay Nambiar  (နမ်းဘီးယား) - ရေမျော ကမ်းတင်ဒုက်္ခသည်များကို  ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်မှ ကြင်နာမှုများစွာဖြင့် ကူညီစောင့် ရှောက်မှုကို  ကျွန်တော်ကိုယ်တိုင်  အတူသွားလို့ လေ့လာသိရှိရပါတယ်။ ရခိုင်လူမျိုးများမှာ ကြင် နာမှု အပြည့်အ၀ရှိတာကိုလည်းတွေ့ ရပါတယ်။ကျွန်တော် တို့ ထင်သလိုမဟုတ်ဘဲ မေတ်္တာတရား၊ ခင်မင်မှုဖြင့် ဆက်ဆံတာကိုတွေ့ရလို့လည်း ၀မ်း မြောက်ပါတယ်။ ဆရာတော်ရဲ့ရှေ့ကို ဒါထက် ကောင်းအောင် လမ်းညွှန်မှုကို ခံယူလိုပါတယ်။

ဆရာတော် - ဘုန်းကြီးတို့ မြန်မာနိုင်ငံက ထေရ၀ါဒ နိုင်ငံဖြစ်သည့်အလျောက် ဗုဒ်္ဓ၏အဆုံးအမကို အများစု က ခံယူကျင့်သုံးနေတာဖြစ်ပါတယ်။ သနားခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းစသည်အားဖြင့် မေတ်္တာ တရား၊ လူမှုရေးကို အခြေခံပြီး လူ့အခွင့်အရေး တန်းတူဆက်ဆံပြီးကြင်နာတရားများစွာနှင့်လူသားချင်း စာနာကြင်နာတဲ့စိတ်ဓာတ် အပြည့်အ၀ရှိတဲ့နိုင်ငံ တစ်ခုဖြစ်ပါတယ်။အုပ်ချုပ်တဲ့အစိုးရကလည်း မြန်မာ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများအား ကျောသားရင်သားမခွဲခြားဘဲ တန်းတူရည်တူ အုပ် ချုပ်ပြီး လူ့အခွင့်အရေးကို သာတူညီမျှ ပေးထားပြီး သားဖြစ်ပါတယ်။ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး မရှိဘူးဆိုတဲ့အမြင်၊ ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်တယ်ဆို တဲ့အမြင် လူကြီးမင်းများ လက်တွေ့လေ့လာကြည့် ရင် သိရှိနိုင်ပါတယ်။ တစ်ဖက်စွန်းရောက်တဲ့ဝါဒမျိုး၊ အမြင်မကျယ်တဲ့ဝါဒမျိုးဖြင့်  ပြောဆိုကျင့်သုံးခဲ့ရင် တော့ ဘုန်းကြီးများလက်ခံနိုင်မည်မဟုတ်ပါ။ ဘာ ကြောင့်လဲဆိုရင် လူမျိုးမခြား၊ဘာသာမခြားဘဲ နိုင်ငံ တော်အစိုးရ လက်တွေ့ဆောင်ရွက်နေတာကို အခု ကွင်းဆင်းလေ့လာကြည့်လိုက်တော့ လူကြီးမင်းများ သိပြီးသားဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်ပတ်သက်ပြီး ရေမျောကမ်းတင်ဒုက်္ခသည် များအား ဘယ်လိုကူညီစောင့်ရှောက်ပြီး ကြင်နာ မှုတရားရှိတယ်ဆိုတာ လူကြီးမင်းကိုယ်တိုင်က အခု လို  မိန့်ကြားတဲ့အသံကိုကြားရလို့  ဘုန်းကြီးများ အင်မတန် ၀မ်းသာအားရမိပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ အစောပိုင်းက အခိုက်အတန့် မငြိမ် သက်မှု ပဋိပက်္ခဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လို့ အမှား/ အမှန် တိတိကျကျ ဘယ်သူမှားတယ်၊ ဘယ်သူက မှန်တယ်ဆိုတာ ဆုံးဖြတ်လို့မရပါဘူး။ လူ့သဘာဝက ကိုယ်လုပ်တာကိုပဲ အကောင်းထင်ပြီး ပြောနေကြ တာပါ။ သို့သော်လည်းပဲ ဒေသခံတိုင်းရင်းသားများ နှင့် တစ်ဖက်လူမျိုးခြားအကြား အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်ခဲ့ငြားသော်လည်း ယခုအချိန်မှာ ရခိုင် ပြည်နယ်ဟာ တည်ငြိမ်အေးချမ်းနေပါပြီ။ တည်ငြိမ် အေးချမ်းမှုကိုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘုန်းကြီးများအပါအ၀င်   ပြည်နယ်လူကြီးများ ကောင်းကျိုးကို ရှေးရှုပြီး အခုထက်ထိ ပြုလုပ်အား ထုတ်နေကြတာ ဖြစ်ပါတယ်။

Mr. Renata Lok-Dessallien - ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုအတွက်   ဘက်ပေါင်းစုံမှ ဆရာတော်နှင့် ပြည်နယ်ရပ်မိရပ်ဖများ၊ အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် တည်ငြိမ်အေးချမ်းမှုကို လို လားတဲ့ ပုဂ်္ဂိုလ်များတိုင်ပင်ပြီး ထိန်းသိမ်းစောင့် ရှောက်လို့ တကယ်အေးချမ်းမှုဖြစ်လာတာ ၀မ်း သာပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခုကြား တည် ငြိမ်အေးချမ်းရေးကိုတွေ့မြင်နေရပါပြီ။ ဒီလို ဆောင်ရွက်ချက်များကို ပိုပြီးပိုပြီးတည် ငြိမ်လာ အောင် အေးချမ်းလာအောင်ရှေ့ကိုလည်း ဆောင် ရွက်ပေးဖို့ဆန်္ဒရှိပါတယ်။

ဆရာတော် - ဟုတ်ပါတယ်။ လူတိုင်းတည်ငြိမ်အေး ချမ်းမှုကို လိုလားကြပါတယ်။ ဒါထက်မက ရခိုင်ပြည် နယ်တစ်ခုလုံး သာယာဝပြောပြီး တိုးတက်စေချင် ပါတယ်။ ဘုန်းကြီးများရှိတဲ့စိတ်ဓာတ်များကဲ့သို့ ရခိုင်အမျိုးသားခေါင်းဆောင်များလည်း ဒီလိုရှိကြ ပါတယ်။ သို့သော် အကြောင်းမသင့်လို့ တစ်မျိုးနှင့် တစ်မျိုး ပဋိပက်္ခဖြစ်သွားတဲ့အတွက် ရခိုင်ပြည်နယ် တစ်ခုလုံး နစ်နာသည်ကို အကုန်လုံး သိနေကြတာ ပါပဲ။ တစ်ဖက်နှင့်တစ်ဖက် လူမျိုး၊ ဘာသာ၊ အယူ ၀ါဒမတူတဲ့ကိစ်္စကြောင့် မုန်းတီးမှု အာဃာတတရား တွေ ဖြစ်ပေါ်လာပြီး ဖြစ်ခဲ့ကြတာပါ။ ဒီကိစ်္စမျိုး နောက်နောင်မဖြစ်စေရန် အထူးသတိထားပြီးနေ သွားကြမယ်ဆိုရင် တည်ငြိမ်အေးချမ်း တိုးတက်လာ မှာ ဖြစ်ပါတယ်။

Ms. Renata Lok-Dessallien   - ကျွန်မတို့နဲ့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်တို့  ရေမျောကမ်းတင်လှေ ဒုက်္ခသည်များရှိတဲ့နေရာကို  ရောက်ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အစိုးရအဖွဲ့က ကူညီ စောင့်ရှောက်မှုကို အားပါးတရ တွေ့မြင်ခဲ့ရပါ တယ်။ ကျွန်မတို့တွေ့မြင်ခဲ့တဲ့ အခုလူပေါင်း ၂၀၈ယောက် ဒုက်္ခသည်များက မိမိနေရပ်ကို ပြန်ချင်တယ်လို့ပြောပါတယ်။  ကယ်ဆယ်ရေး အဖွဲ့ကိုလည်း  အထူးကျေးဇူးတင်ကြောင်း ပြော လိုပါတယ်။ ဆရာတော်ရဲ့သဘော ဘယ်လိုမြင်ပါ သလဲ လမ်းညွှန်မှုပေးပါ။

ဆရာတော် - မှန်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရဲ့ စေတနာ၊ ရခိုင်တစ်မျိုးသားလုံးတို့ရဲ့ စေတနာကတော့ အများထင်မြင်နေသလို မဟုတ်ပါ ဘူး။ ရိုင်းစိုင်းတဲ့လူမျိုး မဟုတ်ပါဘူး။ ရိုင်းစိုင်းတဲ့ စိတ်ဓာတ်မျိုးလည်း မရှိကြပါဘူး။ ကူညီမယ်၊ စောင့် ရှောက်မယ်ဆိုတဲ့ သနားကြင်နာတတ်တဲ့စိတ်ဓာတ် တွေ အမြဲတမ်းရှိနေကြပါတယ်။ ဒါဟာ ရခိုင်အမျိုး သားတို့ရဲ့ ကြင်နာမှု၊ မေတ်္တာတရားကို သက်သေ ပြလိုက်တာဖြစ်ပါတယ်။ရခိုင်လူမျိုးတွေဟာ အောက်  တန်းစားစိတ်ဓာတ် ဘယ်တော့မှ မထားခဲ့ပါဘူး။ ဒုက်္ခသည်ဆိုရာမှာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကယ်ဆယ်ရမယ်လို့ခံယူထားကြတော့သနားကရုဏာ မြောက်မြားစွာနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါ အ၀င် ရခိုင်လူမျိုးတို့ရဲ့ စေတနာက သက်သေခံ နေပါတယ်။ ကုလသမဂ်္ဂအဖွဲ့အစည်းကြီးအနေဖြင့် ပဋိပက်္ခဖြစ်နေတဲ့ လူမျိုးနှစ်မျိုးအတွက် ကူညီပေး လိုက ဆန်္ဒာဂတိမဖက်ဘဲ ညီမျှတဲ့သဘောထားဖြင့် ကူညီပေးသင့်ပါတယ်ဆိုတဲ့သဘောထားကို ဘုန်းကြီး အနေနဲ့ ညွှန်ပြလိုပါတယ်။ ပြီးတော့ ကုလသမဂ်္ဂအဖွဲ့ ကြီးအပေါ် စောစောက ဒကာမကြီး ပြောခဲ့သလို အပြစ်မြင်မှု၊ အမြင်မကြည်မှုမရှိပါဘူး။ တစ်ဖက် စကားဖြင့် နားထောင်ယုံစားပြီး တစ်ဖက်သား အပေါ်မှာ အထင်မလွဲဖို့ နှစ်ဦးနှစ်ဖက်ကို လေ့လာ ပြီးမှ အမှန်တရားကို ဖြစ်စေချင်ပါတယ်။

Hot News Journal


No comments:

Post a Comment

My Blog List