Friday, May 29, 2015

ရွေးကောက်ပွဲဝင်မည်ဆိုပါက NLD နှင့် ရင်ဆိုင်မှုမရှိစေရန်ညှိနှိုင်းမည်ဟု ၈၈ (ငြိမ်း/ပွင့်) ခေါင်းဆောင်များပြော

မိမိတို့အင်အားစုထဲမှ ပုဂ္ဂိုလ်အချို့ လာမည့်ရွေးကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆို ပါက မဟာမိတ်ဖြစ်သော NLD ပါတီနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မျိုးမဖြစ်စေရန် ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ် သူ ဦးမင်းကိုနိုင်က ပြောသည်။

‘‘ကျွန်တော်တို့အင်အားစုထဲ ကသူတွေ ရွေးကောက်ပွဲကို ၀င် မယ်ဆိုရင်လည်း မဟာမိတ်ပါတီ တွေ၊ အထူးသဖြင့် NLD နဲ့ ထိပ် တိုက်မတိုးအောင် ညှိနှိုင်းဆောင် ရွက်သွားမယ်။ တစ်ယောက်နဲ့ တစ်ယောက်မျက်နှာချင်းဆိုင်တာ မျိုးမဖြစ်အောင် ညှိနှိုင်းသွားပါ မယ်’’ဟု ဦးမင်းကိုနိုင်က ပြော သည်။

၈၈ (ငြိမ်း/ပွင့်)သည် လာ မည့် ရွေးကောက်ပွဲတွင် အဖွဲ့အ စည်းတစ်ခုလုံး ပါတီအနေဖြင့် ပြောင်းလဲပြီး ၀င်ရောက်မည်မ ဟုတ်သော်လည်း အချို့မှာ လွှတ် တော်နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ပါက မိမိတို့ဝန်းရံမည် ဖြစ်ကြောင်းလည်း ၎င်းကပြော သည်။

လွှတ်တော်နိုင်ငံရေးလမ်း ကြောင်းကို ရွေးချယ်မည်ဟု တရားဝင်ပြောကြားထားပြီးဖြစ် ကာ မည်သည့်ပုံစံဖြင့်ရွေးကောက် ပွဲဝင်ရောက်မည်ဆိုသည်ကို အ တိအကျမပြောနိုင်သေးကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဆိုသည်။

‘‘ကျွန်တော့်အနေနဲ့ လွှတ် တော်နိုင်ငံရေးလမ်းကြောင်းကို သွားမယ်ဆိုတာ နဂိုကတည်းက ပြောထားပြီးဖြစ်ပါတယ်။ ဘယ် လိုပါဝင်မယ်။ ဘယ်ပါတီက ပြိုင် မယ်။ ဘယ်လိုနည်းလမ်းနဲ့သွား မယ်ဆိုတာကတော့ ပြောဖို့စော ပါသေးတယ်။ နီးလာပြီဆိုရင် အားလုံးကို အသိပေးထုတ်ပြန်ပါ့ မယ်’’ ဟု ဦးကိုကိုကြီးကဆိုသည်။

နိုင်ငံရေး လှုပ်ရှားမှုများ ကြောင့် အစိုးရ၏ ဖမ်းဆီးထောင် ချခံခဲ့ရသော ဦးမင်းကိုနိုင်၊ ဦးကို ကိုကြီးတို့အပါအ၀င် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ သည် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီး နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဟူသည့် အရပ်ဘက်ဆိုင်ရာ အဖွဲ့ အစည်းတစ်ခုဖွဲ့စည်းခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦး ကိုကိုကြီးအပါအ ၀င် အဖွဲ့ဝင်အ ချို့တို့သည် နိုင်ငံရေးပါတီတည် ထောင်ပြီး ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သော သတင်းများထွက်ပေါ်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List