Tuesday, May 26, 2015

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုနှင့် တွေ့ဆုံခြင်း


"အမှန်တစ်ကယ် ရောက်ရှိနေထိုင်တဲ့သူတွေလည်း ဖြစ်နေတယ်ဆိုရင် အကြောင်းအမျိုးမျိုးပြပြီး ထောက်ခံ ချက်မပေးဘူးဆိုတာမျိုး မရှိစေရပါဘူး"ပြည်တွင်းမှာ ရွေ့ပြောင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြည်သူတွေက ဘယ်လို မဲပေးနိုင်ကြမလဲ၊ သူတို့မဲစာရင်း မှာပါဖို့ ဘာတွေအခက်အခဲ ရှိနေလဲ၊ ဒါတွေကို ရွေးကောက် ပွဲကော်မရှင်ကကော ဘယ်လိုတွေ လုပ်ဆောင် ပေးနေလဲ ဆိုတာတွေကိုပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ဝင် ဦးဝင်းကို နဲ့ မဇ္ဈိမ လူငယ်နဲ့ ရွေးကောက်ပွဲ အစီအစဉ်ကနေ တွေ့ဆုံမေးမြန်း ထားတာ ကို ဖော်ပြလိုက်ပါတယ်။
မေး။     ။အရင်ဆုံးပြည်တွင်းရွေ့ပြောင်းနေထိုင်ကြတဲ့သူတွေ မဲပေးနိုင်ရေးအတွက် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုတွေ ဆောင်ရွက်နေပါ လဲ။

ဖြေ။     ။ ပြည်တွင်းပြောင်းရွှေ့နေထိုင်တဲ့ မဲဆန္ဒရှင်နဲ့ ပက်သက်လို့က အရင်မဲစာရင်းပြုစုတာကို ရှင်းပြပါ မယ်။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆ အရ အရည်အချင်း ကိုက်ညီသူတွေက မဲစာရင်းပါပါတယ်။ အဲဒီထဲ မှာအဓိက ပြောချင်တာက ပုဒ်မ ၆ ခ၊ အရဘာဆိုထားလဲဆိုတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မဲစာရင်းမှာ ပါဝင်သူလို့ ဥပဒကပြဌာန်းပါတယ်။ ရွေးကောက်ပွဲ တစ်ခုမှာ မဲပေးပိုင်ခွင့်ရှိတာက ခုနက ပြောခဲ့တာတွေ အပြင် သက်ဆိုင်ရာ မဲဆန္ဒနယ်မဲစာရင်းမှာ ပါဝင်မှ မဲပေးခွင့်ရှိပါတယ်။ ပြီးတဲ့အခါကျတော့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၄(က) အရ မဲဆန္ဒနယ် တစ်နယ်မှာ နေထိုင်သူလည်းဖြစ်ဖို့လိုပါတယ်။ အဲဒီတော့ မဲဆန္ဒနယ် တစ်နယ်မှာ နေထိုင် သူက အရည်အချင်းကိုက်ညီရင် မဲစာရင်းမှာ ပါရပါတယ်။ ဒါက သူရဲ့ မူလအခွင့်အရေးပါ။

သို့သော်ကျွန်တော်တို့ နိုင်ငံမှာ အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်စုဇယား ပုံစံ ၆၆/၆ရှိတဲ့နေရာမှာ မနေထိုင်နိုင်ပဲနဲ့ စီးပွားရေး၊ လူမှုရေးကြောင့်ရွှေ့ပြောင်းနေ ထိုင်ရတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီ လူတွေအနေနဲ့ သာမန် အားဖြင့် ပြောလို့ရှိရင် မဲစာရင်းပြုစုတဲ့အခါ သူ့အိမ်ထောင်စုဇယားရှိတဲ့ မူရင်းဒေသ မှာပဲ မဲစာရင်းပါ ပါ့မယ်။ ဒါက မဲစာရင်းပြုစုတဲ့ အခြေခံစည်းမျဉ်းပါ။အခုအခြေခံမဲဆန္ဒရှင်စာ ရင်းတွေ ကောက်ယူရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ် တွေမှာရှိတဲ့ နေရင်းမဲဆန္ဒရှင်တွေ သာ စာရင်းကောက် ယူထားတာဖြစ်ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်း တဲ့သူတွေ လတ်တစ်လောမှာ မပါသေးပါဘူး။ ရွှေ့ပြောင်းနေ ထိုင်တဲ့သူတွေ မဲစာရင်းပါဖို့က ခဏ တစ်ဖြုတ် ဆေးရုံတက်ရတာတို့၊ ကျောင်းတက်ရလို့ သွားရတာမျိုး၊ သာရေးနာရေးနဲ့ သွားရတာမျိုးမဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေကြောင့် အိမ်ထောင်စုဇယား လည်း မရွှေ့ဘူး ပြောင်းရွေ့နေထိုင်တာ ကြာပြီဆိုရင် သူတို့ မဲစာရင်း ထည့်နိုင်ဖို့ ဥပဒေ နည်းဥပဒေတွေ ရှိပါတယ်။

ဥပဒေပုဒ်မ ၄၅နဲ့ နည်းဥပဒေ ၂(ဆ) မှာဘယ်လို လူမျိုးတွေဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ သူတို့တွေကို မဲစာရင်းထည့်ပေးတဲ့ နည်းကတော့ နည်းဥပဒေ ၁၀ အရလုပ်ပါတယ်။ ဥပဒေအရ လုပ်တဲ့ အခါမှာ ရက်ပေါင်း ၁၈၀ လအားဖြင့် ၆လနဲ့ အထက်နေထိုင်သူတွေက သူရဲ့ မူလအခွင့်အရေးအရ နေ ထိုင်တဲ့ အရပ်မှာ မဲပေးခွင့်ရှိတယ်။ မူရင်းဒေသမှာပဲ မဲစာရင်းပါမယ်။ သို့သော် လည်းပဲ ကိုယ့်ဒေသမပြန်နိုင် ပဲ ရောက်ရှိနေတဲ့နေရာမှာ မဲပေးနိုင်ဖို့လည်း စီစဉ်ပေးတယ်။

ဒါကိုတော့ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်လို့ ကြေငြာပြီးရင် သူတို့ကိုယ်တိုင်က ဘယ်မှာမဲပေးမလဲ ရွေး ချယ်ရမယ်။ ရောက်တဲ့ နေရာမှာပဲ ပေးမလား၊ ကိုယ်ဒေသမှာပဲ မဲပေးမလားကို ရွေးချယ်ပါ။ မူလနေရာ ကို ပြန်မယ်ဆိုရင် မဲစာရင်းမှာ ပါပြီးသား။ ရောက်နေရာမှာပဲ မဲပေးမယ်ဆိုရင်တော့ ရွေးကောက်ပွဲ နည်းဥပဒေ ၁၀အရ မဲစာရင်း ထည့်သွင်းခွင့်ရှိပါတယ်။ အဲလိုထည့်မယ်ဆိုရင် ပုံစံ ၃(က) နဲ့ ရောက်ရာမှာ မဲပေးလိုကြောင်း လျောက်ထားရ ပါတယ်။

အဲဒီလို လျောက်တာက နိုင်ငံဝန်ထမ်းဆိုရင်လည်း သက်ဆိုင်ရာ ဌာနတာဝန်ခံ၊ ကုမ္ပဏီဆိုလည်း သက်ဆိုင် ရာ တာဝန်ခံက၊ သာမန်နေထိုင်သူတွေ ဆိုရင် ရောက် ရှိရာနေရာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးက သူတို့က ၆ လထက်မနည်းနေပါတယ်ဆိုတဲ့ ပုံစံ ၃(က) နဲ့တင်လိုက်ရင် အဲဒီမှာ မဲစာရင်းပါပါမယ်။ အဲဒီလိုပါပြီဆိုရင် ရပ်ကျေး ကော်မရှင်က၊ သက်ဆိုင်ရာ မြို့နယ်ကိုတင်ပြပြီး၊ မြို့နယ်က သူရဲ့ မဲစာရင်းကို ပယ်ဖျက်ခိုင်းတယ်။ အဲဒီတော့ သူရဲ့ မဲစာရင်း ၂နေရာပါတာလည်း မရှိတော့ပါဘူး။ ဒီမှာမဲစာရင်းပါပြီဆိုရင်တော့ သူတို့ မဲပေးလို့ ရသွားပါပြီ။ အဲဒီလိုလျောက်ဖို့ ရွေးကောက်ပွဲမတိုင်မီ နောက်အကျဆုံး တစ်လကြို လျောက်ရပါတယ်။ သူလျှောက်ရမှာက ရွေးကောက်ပွဲကြေငြာလိုက်တဲ့ ရက်ကနေ မကျင်းပမီ တစ်လဆိုတဲ့အတွက် အချိန်အားဖြင့် ၂လကျော် ၂လနီးပါးရပါတယ်။ အဲဒီအတွင်းလျောက်ထားမှ ဆောင်ရွက်ပေးလို့ ရပါတယ်။

မေး။     ။ဧည့်စာရင်းတိုင်ထားတဲ့ ရက်ပေါင်း ၁၈၀နေထိုင်တယ်ဆိုတဲ့ အထောက်အထားပါရမယ်ဆိုတော့ တစ်ချို့ ကျူးကျော်လို့ ယူဆပြီး ဧည့်စာရင်းမပေး သူတွေ၊ ဧည့်စာရင်းမရတဲ့၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေ ကျတော့ကော သူတို့ ဘယ်လိုမဲစာရင်းမှာ ပါနိုင်မလဲ။ အဓိက ရွှေ့ပြောင်းနေထိုင်ကြသူတွေထဲ မှာ သူတို့တွေ အရေအတွက်က သန်းချီရှိနေတဲ့အတွက် ဘယ်လိုများ ဖြစ်နိုင်ပါသလဲခင်ဗျ။

ဖြေ။     ။ ဥပဒေပြဌာန်းချက်မှာကတော့ သက်ဆိုင်ရာ ရောက်နေတဲ့နေရာက ရပ်ကျေး အုပ်ချုပ်ရေးရုံး ရဲ့ ထောက်ခံချက်တော့ လိုပါတယ်။ အဲဒီထောက်ခံချက်ဟာ အဓိက ရက်ပေါင်း ၁၈၀ကျော်နေတယ်ဆို တဲ့ ထောက်ခံချက်ပါပဲ။ ဒါနဲ့ ပက်သက်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ဧည့်စာရင်း နဲ့ တိုက်ဆိုင်စစ်ဆေးတာတော့ ရှိချင်လည်း ရှိမယ်။

ဧည့်စာရင်းပေးတာ မပေးတာကတော့ အုပ်ချုပ်ရေးက ကိစ္စဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့တော့ ဒီဟာကို တစ်စုံတစ်ရာ ဝေဖန်ပြီး မပြောချင်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ လုပ်ငန်းကြီးက အမျိုးသားရေးလုပ် ငန်းကြီးလည်း ဖြစ်တယ် အစိုးရအဖွဲ့အစည်း ဌာနဆိုင်ရာ အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆို တဲ့ ဥပဒေပြဌာန်းချက်လည်းရှိပါတယ်။ အဲဒီဖြစ်စဉ်တွေအတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေက သူ့လုပ်ထုံး လုပ်နည်းတွေအတိုင်း ဧည့်စာရင်းမပေးတာ တို့၊ ထောက်ခံချက်မပေး တာတို့ ရှိပင်ရှိနိုင်ပေမယ့် တစ်ကယ့်ရွေးကောက်ပွဲ လုပ်ငန်းမှာတော့ ကိုယ်တို့ကော်မရှင်က အစိုးရအဖွဲ့ရဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှာပါ။ တစ်နည်းအားဖြင့် ရပ်ကျေးရဲ့ ထွေအုပ်စာရင်းကပင် ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်ရဲ့ အတွင်းရေးမှုးဖြစ်တယ်။

အဲဒီတော့ သူက ဒီတာဝန် ကိုရှောင်လွှဲလို့ မရပါဘူး။ အမှန်တစ်ကယ် ရောက်ရှိနေထိုင်တဲ့သူတွေ လည်း ဖြစ်နေတယ်ဆိုရင် အကြောင်း အမျိုးမျိုးပြပြီး ထောက်ခံ ချက်မပေးဘူးဆိုတာမျိုး မရှိစေရပါ ဘူး။ နောက်တစ်ခုကလည်း လုပ်ငန်းတစ်ခုခုနဲ့ ရှိတဲ့သူတွေဆိုရင်လည်း ရပ်ကျေးက မထောက်ခံဘူး ဆိုရင်လည်း သူ့ရဲ့ လုပ်ငန်း တာဝန်ခံက ရက်ပေါင်း ၁၈၀ကျော်ပါပြီဆိုတာကို ထောက်ခံချက် ပေးမှာပါ။ အဲဒီလိုပေးထားတာကိုပဲ ရပ်ကျေးက အကြောင်းအမျိုးမျိုး ပြပြီး မထောက်ခံနိုင်ဘူးဆိုတဲ့ ဖြစ်စဉ်မျိုးတော့ ဖြစ် လာစရာမရှိပါဘူး။ မဖြစ်အောင်လည်းကြတ်မတ်ပြီး ဆောင် ရွက်သွားမှာပါ။

မေး။     ။ပြည်တွင်းရွှေ့ပြောင်းနေသူတွေမဲစာရင်း ဖျက်မှာ ထည့်မှာတွေကို လွယ်ကူအောင်လုပ်နိုင် ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘာတွေ လုပ်ပေးနေလည်း ဆိုတာကို ရှင်းပြပေးပါဦး ခင်ဗျ။

ဖြေ။     ။ သာမန်အားဖြင့် ရက်ပေါင်း ၁၈၀ကျော်ရွေ့ပြောင်းနေထိုင်တဲ့ သူတွေနဲ့ပက်သက်ပြီး ရောက်ရာနေ ရာမှာ မဲပေးဖို့အတွက် ပုံစံ ၃(က)နဲ့ လျှောက်ပါတယ်။ သူတို့ကိုယ်တိုင် ဟိုကိုသွားပြီး ဖျက်စရာမလိုပါဘူး ။ လျှောက် ထားတာ ရက်ပေါင်း ၁၈၀နေထားတာလည်း မှန်ရင် ဒီကကော်မရှင်က မဲစာရင်းကို ထည့်ပေး မှာပါ။

ထည့်ပြီး တာနဲ့ ကော်မရှင်ကပဲ သူ့မူရင်းဒေသမှာရှိတဲ့ လျှောက်လွှာပါမူရင်း နေရာကို လှမ်းအကြောင်းကြား ပြီးတော့ ဖျက်တာပါ။ ဒါကဥပဒေပါ ပုံစံတွေနဲ့ စာရွက်တွေပေါ်မှာလုပ်တာပါ။ ကွန်ပျူတာစနစ်နဲ့က အခုအခြေ ခံမဲစာရင်း တွေကို မြို့နယ်အဆင့်တွေမှာပြင်တာဆင်တာတွေ လုပ်နေကြတယ်။

အဲဒါတွေပြီးလို့ နေပြည်တော်က အဓိက အချက်အလက်စုဆောင်ရာနေရာကိုပို့ပြီးတဲ့အခါ လူနဲ့ လုပ်ထားတဲ့ ဟာဖြစ်တဲ့အတွက် နှစ်ခုထပ်နေတာ တွေရှိ နေနိုင် ပါတယ်။ အဲဒါတွေကို ပြပြီး နှစ်နေရာမှာ ပါနေရင် ဘယ်မှာမဲပေးမှာလည်းဆိုတာကို ကာယံကံရှင် ကို ဆက်သွယ်ပြီး ပြင်တာတွေလုပ်မယ်။

ဒါတွေလုပ်ပြီးသွားရင်တော့ အခုဆော့လ်ဝဲ တစ်ခုသွင်းနေပါပြီ၊ အွန်လိုင်း ကနေမဲစာရင်းတွေကြည့်နိုင်ဖို့ပါ။ အမည်နဲ့ မှတ်ပုံတင်ရိုက်လိုက်တာနဲ့ ကြည့်လို့ရမယ်၊ အဲဒီထက် အသေးစိတ် ဘယ်မဲရုံမှာ မဲပေးရမယ်ဆိုတဲ့ အထိ ဆော့လ်ဝဲလုပ်နေတယ်။ ဒါကိုတော့ စမ်းသပ်တုန်းဖြစ်ပါတယ်။ ဒါအောင်မြင် သွားရင်းတော့ နိုင်ငံ တစ်ကာကကော၊ ပြည်တွင်းကကော သိအောင်ချပြရှင်းလင်း ပညာပေးမှာပါ။

မေး ။         ။ အဲဒီဆော့ဝဲကို အသုံးပြုနိုင်ရင် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ဘယ်လောက် အကျိုးရှိမလဲ ။၂၀၁၅ ရွေးကောက်ပွဲအမှီ အသုံးပြုနိုင် ဖို့ကောပြင် ဆင်ထားသလားဗျ။

ဖြေ။        ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုနိုင်အောင်ကျိုးစားပြီးလုပ်နေပါတယ်။ဒါပေမယ့် ဆော့ဝဲ ကပြသနာမရှိ ဘူး ဒါပေမယ့်တစ်နိုင်ငံလုံး  မှာရှိတဲ့မဲစာရင်းတောင်းဆိုလွှာ ၊ကန့်ကွက်လွှာတွေ ဘယ်အချိန် မှာ ပြီးမလဲ ဆိုတာ ရှိပါသေးတယ်။ အခုဆိုရင်တော့မဲစာရင်းတွေကို ပထမ အကြိမ်ကြေညာပြီးပါပြီ။ ဒုတိယ အကြိမ်လိုပါသေးတယ်။ ဒုတိယ အကြိမ်က မေလ ၂၅ ရက်ကြေညာမယ် တတိယ အကြိမ်ကဇွန် ၈ ရက် လုပ်ပါမယ်။စတုတ္ထအကြိမ်က ဇွန် ၂၂ ထင်တယ် အဲဒီလောက်မှာ လုပ်ဖို့ရှိပါတယ်။ ဇွန်လ ကုန်လောက်မှာ မဲစာရင်းတွေကြေညာ ပြီးမယ် လို့ပြောနိုင်ပါတယ်။ဇွန်လ ကုန်လောက်ကြေညာပြီးရင် ဇူလိုင်လမှာ clean လုပ်တာတွေ ပြီးသွားနိုင်ပါတယ်။

ပြီးသွားလို့ရှိရင် သြဂုတ် ၀န်းကျင်မှာ မိန်းဆာဖာထဲကို တစ်နိုင်ငံလုံးကမဲစာရင်းတွေ ရောက်မှာပါ။ အဲဒီထဲမှာ Clean လုပ်တာတွေ ဘာတွေပြီးရင်၂၀၁၅ရွေးကောက် ပွဲအမှီတော့ ဆော့ဝဲက တပ်ထားပါပြီးသုံးလည်း စမ်းသုံး နေပါပြီ။ရန်ကုန်မြို့နယ်ထဲမှာ မဲစာရင်းကြေညာပြီးတဲ့မြို့နယ်တွေ က မဲစာရင်းတွေလည်း အွန်လိုင်း မှာတက်ကြည့် နိုင်အောင်လုပ်ထားပါပြီ။ ဒီဆော့ဝဲက တပ်ထားပေမယ့် ပြည်သူကိုအသိပညာပေးတာတွေ မလုပ်ရသေးပါဘူး။

ဘာလို့လဲဆိုရင် မြို့နယ်နည်းနည်းလေးပဲလုပ်ပြီးသေးတဲ့ အတွက်ဖြစ်ပါတယ်။ ဆော့ဝဲအောင်မြင်သွားပြီ ဆိုရင် ပြည်သူကိုအသိပညာပေးလုပ်ငန်းတွေလုပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကိုမှီနိုင်မယ်လို့မှန်းထားပါ တယ်။ရွေ့ပြောင်းမဲဆန္ဒရှင်တွေမှ မဟုတ်ပါဘူး။တစ်ပြည်လုံးမဲ ဆန္ဒရှင်တွေ အတွက် အကျိုးရှိပါတယ်။ အခုမဲစာရင်းကတ်ပါတယ်။ လာကြည့်ပါလို့ CSO တွေနဲ့ ပညာပေးလုပ်ငန်းတွေလုပ်ပေမယ့် လာကြည့်တဲ့ သူနာ်းပါတယ်။ အဲတော့ လာကြည့်စရာ မလိုပဲ တကယ်လို့သာကွန်ပြူတာသွင်းတာပြီးသွားလို့ရှိရင် မိမိ လက်ထဲမှာ ရှိတဲ့ ဟန်းဖုန်း၊ကွန်ပြူတာ အစရှိတာတွေနဲ့ ချိတ်ဆက်လိုက်လို့ ရှိရင် ကိုယ်ဟာ ဘယ်မြို့နယ် ထဲမှာ ပါနေတယ်ဆိုတာ ကို သိသွားပါလိမ့်မယ်။ သိသွားရင် သူသည်ရွှေ့ပြောင်းမဲ ဆန္ဒရှင်ဆိုရင် မိမိရဲ့ ဒေ သမှာ မိမိပါနေတယ် ။ဟိုမှာပြန်မပေးနိုင်ရင်လည်း ဒီမှာပဲ ပေးမယ်ဆိုတာကို သူမြန်မြန်ဆန်ဆန်ဆုံးဖြတ်နိုင် မယ်။

မေး ။        ။ တကယ်လို့များ ဧည့်စာရင်းမတိုင်ပဲ နဲ့ ရပ်ကွက်ထဲမှာ နေတာ ရက်ပေါင်း၁၈၀ နေတာ ကို ကော်မရှင်ထဲမှာ ပါတဲ့သူက သိနေတယ်ဆိုရင် သူ့ရဲ့ထောက်ခံချက်တစ်ခုတည်းနဲ့များ မဲထည့်နိုင်ခွင့် ရှိမလား။

ဖြေ-ဒါကတော့  ဥပဒေနည်းဥပဒေ ပြဌာန်းချက်တွေ ရှိတဲ့ အတွက် ဒါကိုတော့ကျော်လွှားလို့မရ နိုင်ပါဘူး။ ရပ်ကွက်တွေမှာ အဖွဲ့အစည်းတွေ ရှိပါတယ်။ ခုနား ကပြောသလို ဒီ ထွေအုပ်စာရေးဟာလည်း ကော်မရှင် အတွင်းရေးမှူး ဖြစ်ပါတယ်။ ဒါအပြင်ရပ်ကျေးမှာလည်း ရပ်မိ ရပ်ဖ အဖွဲ့ဆိုတဲ့အဖွဲ့တွေရှိပါတယ်။အားလုံးက ၀ိုင်းကြီးချုပ်စနစ်နဲ့ထိမ်းကျောင်းတာဖြစ်တဲ့အတွက် ရပ်ကွက်က ပြောနေပြီးတော့ အုပ်ချုပ်ရေးမှူးက ငါမထောက်ခံဘူး လို့တော့ပြော လို့မရပါဘူး။ အဲဒီလိုဆိုရင်တော့ သူဟာဥပဒေမဲ့လုပ်တာဖြစ်တဲ့အတွက် သူ့ကို တိုင်ပြီးတော့ဖြုတ်ပျက်ရုံပဲရှိတယ်။ကိုယ်ကတော့ ဒီလို ပဲမြင်ပါတယ်။

မေး ။       ။  ရပ်ကွက်အုပ်ရေးမှူး ၊အတွင်းရေးမှူး ၊ရပ်ကွက်အထောက်အကူပြုအဖွဲ့တွေ အားလုံးရဲ့ ဆုံးဖြတ် ချက်ကို မူတည်ပြီး စဉ်းစားရမယ့် သဘော ရှိနေတာလား။

ဖြေ။       ။  ဒါကတော့ ရွေးကောက်ပွဲ လုပ်ငန်းဆိုတာကတော့ အားလုံး state holder အားလုံးက ပူးပေါင်း ညှိနှိုင်းပြီး ဆောင်ရွက်နေရတာပါ ဒီအဖွဲ့တွေအားလုံး ဟာတိုင်ပင်ပြီးဆုံးဖြတ်ရတာဖြစ်သလို တစ်ဖက်က လည်း နိုင်ငံရေး ပါတီ ၊လူမှု အဖွဲ့အစည်းတွေ လည်းရှိတယ်။အမှန်တကယ် ရက်ပေါင်း ၁၈၀ ကျော်နေထိုင် ရဲ့ သားနဲ့ မထောက်ခံဘူးဆိုရင် အုပ်ချုပ်ရေးမှူးက ၀ိုင်းသမ ခံရမှာပဲရှိပါတယ်။ ဥပဒေ နည်းဥပဒေ ပြဌာန်း ချက်အရတော့ သူရဲ့ ထောက်ခံချက် ကလေးကတော့ လိုနေတာဖြစ်ပါတယ်။

မေး ။        ။ မင်္ဂလာဒုံ က မဲစာရင်းမှာ နိုင်ငံသားဖြစ်သူတွေ ၊သုံးခေါက်ချိုး ကတ်ကိုင်တဲ့သူတွေ ပါတယ်။ ဒါအပြင် ဘယ်လိုမျိုး အသိအမှတ်ပြုကတ် နဲ့မဲပေး ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ထားတာ များရှိပါသေးလား။

ဖြေ ။        ။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆မှာ။ မဲပေးပိုင်ခွင့် အရည်အချင်းထဲမှာ ၆(ခ) က ခုနားကပြောတဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မဲပေး ပိုင်ခွင့်စာရင်းမှာ ပါဝင် သူ။၆(က) ကတော့ ရွေးကောက်ပွဲ စတင်ကျင်းပ မယ့်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသား၊ပြုနိုင်ငံသား၊ဧည့်နိုင်ငံသားနဲ့ ယာယီသက်သေ ခံလက်မှတ် ကိုင်ဆောင်သူ လို့ပါပါတယ်။ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူ ကိစ္စကတော့ သမ္မတ ကြီးက လည်း အမိန့်ကြော်ညာစာထုတ်ပြီး ပါယ်ဖျက်ပြီးပါပြီ။

လွှတ်တော်က လည်းဥပဒေပြင်ဖို့ဆောင်ရွက်နေပါပြီ။ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေ ကတော့ မဲပေးခွင့်မရှိတော့ပါဘူး။ နိုင်ငံသား၊ပြုနိုင်ငံသား ၊ဧည့်နိုင်ငံသား ပါ အဲဒီသုံးမျိုး နဲ့ပတ်သက်ရင် ကတ်ပြားနဲ့ဆုံးဖြတ်တာမဟုတ်ပါဘူး။ဒါကြောင့်မို့ရွေးကောက်ပွဲမှာ တစ်ခါတစ်ရံမှာ မှတ်ပုံတင်တောင်မရှိတဲ့ သူလည်းဒို့နိုင်ငံသားမှန်ရင်ပါပါတယ်။ ဥပဒေမှာ ပြဌာန်းတာက လည်း နိုင်ငံသားကတ်ရှိတဲ့သူ၊ သုံးခေါက်ချိုး ကိုင်တဲ့ သူလို့မပါပါဘူး။နိုင်ငံသား၊ ဧည့်နိုင်ငံသာ၊နိုင်ငံသားပြုခွင့် ရသူဖြစ်တဲ့ သူကို ဆန္ဒမဲပေးခွင့်ပြုထား ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ရသူ အဖြစ် မဆုံးဖြတ်နိုင်တဲ့ အခြေအနေ မျိုးပေါ်ပေါက်ရင်တော့ နည်းဥပဒေ အရ ကော်မရှင်ကမဆုံးဖြတ်နိုင်ရင် အဲဒီကတ်တစ်ခုခုကိုတောင်းပြီး စစ်ဆေးနိုင်တယ်ဆိုတဲ့ဖော်ပြချက် ပါပါတယ်။ဒါက မသေချာရင်တော့ ကတ်ပြားပြ ပါသေချာရင်တော့ ထည့်ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲကိုင်ထားကိုင်ထား သူသည့် ဥပဒေအရ နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူဆိုရင် မဲစာရင်းထဲ ကိုပါကို ပါရမှာဖြစ် ပါတယ်။

မေး ။        ။ နိုင်ငံသား၊ဧည့်နိုင်ငံသား၊ပြုနိုင်ငံသား ဆိုတဲ့ အရည်အချင်းကို ဘယ်လိုမျိုးနဲ့ဆုံးဖြတ်လဲခဗျ။

ဖြေ ။        ။  အဓိက တော့ရွေးကောက်ပွဲ ဥပဒေ အရပဲဆုံးဖြတ်ပါတယ်။ဆုံးဖြတ်တဲ့အခါ ဘယ်ဥပဒေကို အကိုးအကားပြုရလည်းဆိုတော့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အကိုးအကားပြုရပါတယ်။အဲဒီလို အကိုးအကားပြုတဲ့အခါမှာ ကော်မရှင် ဆပ်ကော်မရှင် အသီးသီးဖွဲ့စည်းထားတာက အများယုံကြည်လေးစား ရတဲ့ ပုဂိုလ်ခြောက်ဦး ဌာန ဆိုင်ရာဝန်ထမ်း ကိုးဦးပါတယ်။ အဲဒီဌာန ဆိုင်ရာဝန်ထမ်းကိုးဦးထဲမှာ သက်ဆိုင် ရာ အဆင့်ရှိတဲ့ လ.၀.ကဦးစီးမှူးက အဖွဲဝင်ပါပါ တယ်။သူတို့

ဆီကလည်း လိုအပ်နေတဲ့ အထောက်အထား ရှိရင်လည်းဖြေရှင်းပေး ပါတယ်။ တချို့ကလည်း ပဲမှတ်ပုံတင် မရှိသေးတဲ့ နိုင်ငံသားတွေ လည်းရှိနေရင် ရပ်ကွက်ကျေးရွာ အထောက်အကူပြု အဖွဲ့အစည်းက ထောက်ခံ ချက်ရရင် မဲစာရင်းထဲမှာ ပေးပါတယ်။သာမာန်အားဖြင့် နိုင်ငံသားတွေ မဲပေးခွင့်ဆုံးရှုံးတာ မရှိပါ ဘူး။ တစ်စုံတစ်ယောက်က သူဟာ နိုင်ငံခြားသားအဖြစ်ခံယူထားပါတယ်။ ဆိုတာ အထောက်အထားတွေ နဲ့ တင်ပြလာမှသာ သူသည် မဲပေးဖို့ အန္တာရယ်ရှိတာ ပါ။ အဲဒီလို ကန့်ကွက်တဲ့နေရာမှာ နုတ်နဲ့ ကန့်ကွက်လို့ မရပါဘူး အထောက်အထား နဲ့ ပြောရမှာဖြစ်ပါတယ်။ဒါကြောင့် သာမာန်အားဖြင့် တို့နိုင်ငံသားတွေ ဟာ ကတ်ပြားရှိရှိမရှိ မဲစာရင်းထဲမှာ ပါဝင်ခွင့်မဆုံးရှုံးနိုင်ပါဘူး။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List