Wednesday, May 27, 2015

တရုတ်တွင်အပ်နှံထားသည်ဆိုသော ဦးဖုန်ကြားရှင်ငွေများကိစ္စမှန်းဆ ချက်သာဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးပိုင်းအရ တရားဝင်ပြော ဆိုတားဆီးပေးရန်နှင့် ကိုယ်တိုင်သွားစစ်ရန်မဖြစ်နိုင်ကြောင်း USDP ဒုဥက္ကဋ္ဌဆို


တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွား နေသည့် ကိုးကန့်၊ လောက်ကိုင်ဒေသအတွင်း ဖုန်ကြားရှင်ဦးဆောင်သော သောင်းကျန်းသူများအား များစွာ အထောက်အပံ့ပေးနေသည်ဟု ပြင်ပတွင် မှန်းဆချက်များ ထွက်ပေါ်နေသည့် ဦးဖုန် ကြားရှင်ငွေများ တရုတ်တွင်အပ်နှံထား သည်ဟူသောကိစ်္စမှာ ခိုင်မာတိကျသော သတင်းအရင်းမြစ်မှ ထွက်ပေါ်လာသည် မဟုတ်ဘဲ မှန်းဆချက်များသာဖြစ်နေ သဖြင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုင်းတွင် တရားဝင်အားဖြင့် ထိုငွေများအား တားဆီးပေးရန် တောင်း ဆိုမှုမှာ လုံးဝမဖြစ်နိုင်ကြောင်း အာဏာရ တရုတ်ကွန်မြူနစ်ပါတီနှင့် အထူးဆက်ဆံ ရေးကောင်းမွန်သည့် ပြည်ခိုင်ဖြိုး(USDP)  ပါတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးဌေးဦးက တရားဝင်ပြောကြားလိုက်သည်။

““ဦးဖုန်ကြားရှင်ရဲ့ငွေတွေ တရုတ်မှာ အပ်ထားတယ်၊ တရုတ်မှာရှိနေတယ်။ ဒီ ငွေတွေကနေ သူဖန်တီးတဲ့စစ်ပွဲတွေကို စီးဝင်နေတယ်။ ဒါတွေကို ဒီလိုအပ်ထား တွေကို  အစိုးရက  ဘာလို့မတားတာ လဲ... စသဖြင့် ဝေဖန်မှုတွေရှိပါတယ်။ တကယ်ပြောရရင် ဦးဖုန်ကြားရှင်ငွေတွေ တရုတ်မှာအပ်ထားတယ်ဆိုတာ တရား ၀င်ရောသိလို့လား။ သေချာပေါက်သိမှ လုပ်ဆောင်လို့ရမှာလေ။ တားဆီးဖို့ကို လည်း အစိုးရအနေနဲ့ တရား ၀င်တောင်း ဆိုလို့ရမှာလေ။ သေချာပေါက်ဘာမှ မသိဘဲ အပြင်မှာမှန်းဆချက်တွေ သတင်း တွေထွက်နေတိုင်း တရုတ်အစိုးရကို ဒါ တွေကန့်ကွက်ပေးပါဆိုရင် တားဆီးပေး ပါလို့သွားပြောရင် နှစ်နိုင်ငံ နိုင်ငံတကာ ဆက်ဆံရေးအရ ဒီလောက်နဲ့တော့ မဖြစ် နိုင်ပါဘူး။ ခိုင်ခိုင်မာမာ တိတိကျကျသိရင် တော့ မဆိုးဘူးလေ။ ကျွန်တော်တို့ အစိုးရ  ပိုင်းကလည်းဒီ့အပေါ်ထိထိရောက်ရောက် ဖြစ်အောင် တောင်းဆိုလို့ရတာပေါ့။ ဒါမှ မဟုတ် ဦးဖုန်ကြားရှင်ရဲ့အတွင်း လူတစ်ဦး ဦးကလာပြီး သူ့ရဲ့ငွေတွေကို ဦးဖုန်ကြားရှင်က ဘယ်ဘဏ်မှာတော့ အပ်ထားပါ တယ်ဆိုပြီး လာပြောရင်လည်း တစ်မျိုး လေ။ ခုဟာကမှန်းဆချက်တွေသာကြား ပြီး တိကျခိုင်မာတဲ့သတင်း ဘာမှမရထား ဘူး။ ဒီတော့ မှန်းဆချက်တွေနဲ့ပဲ ဘာမှ ခိုင်ခိုင်မာမာသိရတာမရှိဘဲတရုတ် အစိုးရ အနေနဲ့ ဒီငွေတွေကို တားပေးပါလို့သွား ပြောရမှာလား။ ဒီစစ်ပွဲမှာ ဦးဖုန်ကြားရှင် ရဲ့ငွေတွေ စီးဝင်နေမယ်။ ဒီငွေတွေအများ ကြီးရှိလိမ့်မယ်ဆိုတာကတော့ မှန်းရတာ ပေါ့ဗျာ။ 

သို့သော်လည်း ဒီလိုမှန်းဆချက် တွေကို နှစ်နိုင်ငံကြား ဆက်ဆံရေးပိုင်းမှာ တရားဝင်ပြောဖို့၊ တားပေးဖို့ တောင်းဆိုတာတွေကတော့မဖြစ်နိုင်သလိုကိုယ်ကိုယ် တိုင်တရုတ်ကိုသွားပြီး စစ်ဆေးဖို့ဆိုတာ ကလည်း လုံးဝမဖြစ်နိုင်ပါဘူး။ ကာယ ကံရှင်ဖြစ်တဲ့ ဦးဖုန်ကြားရှင် ကိုယ်တိုင် ကလည်း ကျွန်တော်တို့ တပ်မတော်နဲ့ တိုက်နေတဲ့ အခါကျတော့ သူ့ငွေတွေ ဘယ်မှာသိမ်းထားလဲ  ပြောမှာမဟုတ်ဘူးလေ””ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက်္ကဋ္ဌ (၁)ဦးဌေးဦးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

၎င်း၏ဆက်လက်သုံးသပ်ပြောကြားချက်အရ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးမူ(၅)ချက်ကို လက်ခံပြီး ကျင့်သုံးကာနေထိုင် သကဲ့သို့ တရုတ်နိုင်ငံအနေဖြင့်လည်း ယင်းမူ(၅) ချက်အား  လိုက်နာ ကျင့်သုံးလျက်ရှိ ကြောင်း၊ယင်းမူ(၅)ချက်အရ တစ်နိုင်ငံ၏ ပြည်တွင်းရေးအား တစ်နိုင်ငံမှ ၀င်ရောက် စွက်ဖက်ခြင်းများရှိသော်လည်း နယ်နိမိတ် ခြင်းထိစပ်နေသော အိမ်နီးနားချင်နိုင်ငံ ဖြစ်သည်နှင့်အားလျော်စွာ ပြည်တွင်းရေး ပြဿနာများကြောင့် အသုံးပြုရသော ကျည်ဆန်များ တစ်ဖက်နိုင်ငံသို့ ကျ ရောက်ခြင်း၊ တစ်ဖက်နိုင်ငံဘက်မှ ထိခိုက်မှုအချို့ရှိခြင်း၊ အခြေအနေအရပ်ရပ် ကြောင့် နယ်မြေကျူးကျော်ဝင်ရောက်မိ သွားခြင်းစသည့်   ဖြစ်ရိုးဖြစ်စဉ် ကိစ်္စများ  အပေါ်တွင်သာ  အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ရလေ့ရှိကြောင်း သိရသည်။

Hot News Journal

No comments:

Post a Comment

My Blog List