အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ရွေးကောက်ပွဲသို့ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်း ၃၆၆ဦးကို ရွေးချယ်ထားပြီး ၃၀ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ၂ ဦးနေ မင်းကျော်က မဇ္ဈိမကိုပြောသည်။
NDF ပါတီက ၀င်ရောက်မည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်လောင်း များကို မေလ ၁၆ရက်နှင့် ၁၇ ရက်တွင် ကျင်းပသည့် ပါတီဗဟိုကော်မတီ အစည်းအဝေးက အပြီးသတ်ရွေးချယ်ခဲ့သည်ဟု ဦးနေမင်းကျော် က ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၀၀ကျော် ထိ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က မဇ္ဈိမကိုပြောသည်။
NDF က ပြည်သူ့လွှတ်တော် ၁၀၇ နေရာ၊ အမျိုးသားလွှတ်တော် ၅၈နေရာအပြင် ပြည်နယ် / တိုင်း လွှတ်တော်များတွင် နေရာပေါင်း ၂၅၀ ကျော်ကို ၀င်ရောက်ရန် ပါတီဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ထားသည်။
၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပြည်သူ့လွှတ်တော် နေ ရာ ၃၃၀ မှ ၆နေရာနှင့် အမျိုးသားလွှတ်တော် နေရာ ၁၆၈ မှ ၂နေရာထိ အနိုင်ရရှိထားသည်။
"ကျွန်မတို့က နေရာအကုန်လုံးပြိုင်မှာပါ။ ကိုယ်စားလှယ်တွေရွေးတာကိုတော့ ရွေးကောက်ပွဲရက် အတိ အကျ သိရမှပဲ ရွေးမယ်၊ အရည်အချင်းသတ်မှတ် ချက်၊ အမျိုးသမီး၊ တိုင်းရင်းသား လူငယ် ဦးစားပေးအ ဆင့်တွေက ရှိပြီးသား ပါပဲ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့် က ပြောသည်။
အာဏာရ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးကလည်း မဲဆန္ဒနယ် ၁၁၁၂ နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင် ဆင်နေပြီး ကိုယ်စားလှယ်လောင်း များကို ဇူလိုင်လအတွင်း ရွေးချယ်အတည်ပြုသွားမည်ဟု ပါတီ ဗဟိုကော်မတီဝင် တစ်ချို့ထံမှ သိရသည်။
၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပသွားမည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။
Mizzima - News in Burmese
No comments:
Post a Comment