Monday, May 25, 2015

NLD ရဲ့မဟာမိတ်တွေက ဘယ်သူဖြစ်လာနိုင်သလဲ


၂၀၁၅ ခုနှစ်က မြန်မာ့နိုင်ငံအလှည့်အ ပြောင်းအတွက် အရေးပါမယ့်နှစ် တစ်နှစ်ဖြစ်လာနိုင်တယ်လို့ ခန့် မှန်းနေကြသလို ၂ဝ၁၅ ခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း နိုင်ငံရေးပါ တီတွေ အနေနဲ့ လတ်တလောမှာပြင်ဆင်မှုတွေလုပ်လာနေပါ တယ်။
တစ်နိုင်ငံလုံးကိုလွှမ်းခြုံပြီး ယှဉ်ပြိုင်နိုင်တဲ့အင် အားကြီးပါတီဖြစ်တဲ့အာဏာရ USDP၊၊ အတိုက်ခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စတဲ့ ပါတီတွေအပြင် တိုင်းရင်းသားပါတီတွေကအစ ခေါင်းစဉ်အမျိုးမျိုးနဲ့ စည်း ရုံးရေးတွေလုပ်ဆောင်နေတာပါ။

တရားဝင်မဲဆွယ်စည်းရုံးရေးကာလမရောက်သေးပေမယ့် မပြီးဆုံးနိုင်သေးတဲ့ဗိုလ်ချုပ်ရာပြည့်ဟောပြော ပွဲ တွေ၊ ပါတီဆိုင်းဘုတ်တင်ပွဲနဲ့လူထုဟောပြောပွဲတွေနဲ့အတူ၊ အတန်ကြာ ငြိမ်သက်နေတဲ့ ဖြိုးစေတ နာဆေးခန်းတွေ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး အခမဲ့ဆေးကုသပေးမှုတွေ နေရာတော်တော်များများ မှာ ပြန်တွေ့လာရတာ စတဲ့လှုပ်ရှားမှုတွေကတော့ ရွေးကောက်ပွဲကာလမှာ ပြည်သူတွေ ထံက မဲရရှိနိုင်ရေးအတွက် အထောက်အကူပြုစေမယ့် လှုပ်ရှားမှုတွေ ဖြစ်နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီဆိုရင် လည်း ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကိုအသုံးပြုလာတာ မြင်တွေ့နေရသလို အင်အားကြီးအတိုက်အခံပါတီဖြစ် တဲ့ အင်န်အယ်လ်ဒီဆိုရင်လည်း ဗိုလ်ချုပ်ရာပြည့်ခေါင်းစဉ် နဲ့ တိုင်းရင်းသားဒေသတွေမှာလှည့်လှည်ပြီး လူထုတွေ့ ဆုံဟောပြောမှုတွေလုပ်နေပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၂ဝ၁၅ခုနှစ်အတွင်း ပထမဆုံး တိုင်းရင်းသား ဒေသခရီးစဉ်ကတော့ မွန်ပြည်နယ်ဖြစ်ခဲ့ပြီး ခုစာရေး နေစဉ်ရက်ပိုင်းအတွင်းမှာလည်း ကချင်ပြည်နယ်ဘက် ကိုသွားရောက်ဦးမှာပါ။

အင်န်အယ်လ်ဒီရဲ့ မွန်ပြည်နယ် ခရီးစဉ်ကိုကြည့်မယ်ဆိုရင် ဒေသခံတိုင်းရင်းသားပြည် သူတွေ တော်တော် များများက ကြိုဆိုကြတဲ့အတွက် အောင်မြင်တယ်လို့ ယူဆနိုင်စရာရှိပေမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ တိုင်းရင်းသားပါတီတွေအ ကြား ကြီးမားတဲ့ထိပ်တိုက် တွေ့ဆုံမှုတွေရှိလာနိုင်သလား ဆိုပြီး စိုးရိမ်မှုတွေ လည်းရှိလာခဲ့ပါတယ်။ တစ်ပြိုင်နက် တည်းလိုလိုမှာပဲ အင်န်အယ်လ်ဒီအနေနဲ့ တိုင်းရင်းသား ဒေသတွေ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ မျှော်မှန်းထားတယ်ဆိုပြီး အင်န်အယ်လ် ဒီတာဝန် ရှိသူတွေဘက်က မီဒီယာအချို့ကို ပြောဆိုတာ တွေလည်းရှိလာခဲ့ပါတယ်။ မြန်မာတိုင်းမ်မှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်အရဆိုရင် နေရာအားလုံးဝင်ပြိုင်ဖို့မျှော် မှန်းထားပြီး တချို့နေရာတွေမှာ ညှိနှိုင်းယှဉ်ပြိုင်မယ် လို့ဆိုထားတာတွေ့ရပါတယ်။

''ကျွန်တော်စိုးရိမ်တဲ့အခြေအနေက ထိပ် တိုက်တွေ့လာမှာကိုပဲ လက်ရှိအနေအထားအရ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ အကြားမှာ သူနိုင်ကိုယ်နိုင်အခင်းကျင်းတစ်ရပ်ကို စနစ် တကျချမှတ်နိုင်မှသာ ၂ဝ၁၅ရွေးကောက်ပွဲကို ကျော် ဖြတ်နိုင်မှသာ ရွေးကောက်ပွဲအလွန်ကာလတွေမှာ ဒီမို ကရက်တစ်အင်အားစုတွေအတွက် အခြေအနေကောင်း မှာ''လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။

တချို့ကလည်း မွန်ပြည်နယ်ဆိုတာ ၉ဝ ရွေး ကောက်ပွဲကတည်းက အင်န်အယ်လ်ဒီနိုင်နေကျနေရာ ဖြစ်တဲ့ အတွက်ခုလို စည်းရုံးရေးသွားတာဖြစ်တယ်လို့ ဆိုကြပါတယ်။ လတ်တလောနိုင်ငံရေး အခြေအနေ အရ ပြန်ကြည့်မယ်ဆိုရင်တော့လာမယ့် ရွေးကောက်ပွဲကာလ မှာ ဘယ်သူနဲ့ဘယ်သူပေါင်းပြီး မဟာမိတ် ဖွဲ့ယှဉ်ပြိုင် ကြမလဲဆိုတာ အရေးပါလာတဲ့အနေအထားရှိနေပြီး လတ်တလော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနဲ့ ပလဲနံပသင့်နေ တဲ့အင်န်အယ်လ်ဒီအနေနဲ့လည်း မဟာမိတ်က ဘယ်သူလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာ ပြီး တိုင်းရင်းသား တွေနဲ့ ထိပ်တိုက်ပြိုင်ကြတော့မလားဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်လာပါတယ်။

အင်န်အယ်လ်ဒီနဲ့မဟာမိတ်ဟောင်းတွေအနေအထား
****************************************************
အစဉ်လာအရ ပြန်ကြည့်မယ်ဆိုရင် အင်န် အယ်လ်ဒီနဲ့အတူ ၉ဝရွေးကောက်ပွဲဝင်ပြီးအနိုင်ရခဲ့တဲ့ တိုင်းရင်း သားပါတီတွေဖြစ်တဲ့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမို ကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီစတဲ့ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့(UNA)တို့က ပြီးခဲ့တဲ့နှစ်နှစ်ဆယ်ကာလတွေမှာ တကယ့်ကိုမဟာမိတ်တွေဖြစ်ခဲ့တာပါ။

လွှတ်တော်ခေါ် ယူရေးကိုယ်စားပြုကော်မတီ D CRPP ဖွဲ့စည်း ရာမှာလည်း အဲဒီပါတီတွေကပဲဦးဆောင်ခဲ့ ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားက မဟာမိတ်အနေအထားမှာမရှိဘူးလို့ဆိုကြပါတယ်။

၂ဝ၁၂ကြားဖြတ် ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီ လွှတ်တော်ထဲဝင် သွားကတည်းက အဲဒီအနေအ ထားမှာ ရှိမနေတော့တာ ပါ။ လွှတ်တော်အတွင်းဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဒေါ် အောင်ဆန်းစုကြည်နဲ့ အဲဒီတိုင်းရင်းသားပါတီတွေအ ကြား ပုံမှန်ဆက်ဆံရေးမရှိတော့သလို ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနဲ့လွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းနဲ့အုပ်စုနဲ့ ပိုပြီးအလွမ်းသင့် လာခဲ့တာ အားလုံးအသိပါပဲ။ အင်န်အယ်လ်ဒီနဲ့ယခင် မဟာမိတ်ဟောင်းတွေအကြား နိုင်ငံရေးတွက်ချက်မှု အရ ကွာဟလာခဲ့တာတွေ့ရသလိုဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မတွေပြင်ဆင်ရေးနဲ့ပတ်သက်လို့လည်း ချဉ်းကပ်မှုတွေ ကွာဟနေခဲ့တာပါ။ ဒါ့အပြင် ဒုတိယ ပင်လုံဆိုတဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စပြောခဲ့ပြီး လွှတ်တော်အတွင်းရောက်ရှိချိန်မှာတော့ ၅၉(စ)တို့ ၄၃၆တို့လို ပုဒ်မတွေနဲ့ အချိန်ကုန်ခဲ့တာတွေ အတွက်လည်း ယုံကြည်မှုလျော့နည်းကုန်တာဖြစ်နိုင် တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

ဒါ့အပြင် အင်န်အယ်လ်ဒီပါတီအနေနဲ့ပြည် ထောင်စုပါတီဖြစ်တယ်လို့မွန်ပြည်နယ်ခရီးစဉ်အ တွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုခဲ့မှုတွေအရလည်းတိုင်းရင်းသားတွေဘက်က မေးခွန်းထုတ်စရာတွေ ရှိနေတာပါ။ ၉ဝရွေးကောက်ပွဲမှာ နေရာအားလုံးဝင်ပြိုင်ခဲ့မှု ရယ်၊ လွှတ်တော်အတွင်းဝင်သွားပြီးကတည်းက တိုင်း ရင်းသားတွေဘက်က ဒေါ်စုအပေါ် ယုံကြည်မှုကင်းမဲ့ နေရာက ခုလို ပြည်ထောင်စုပါတီဆိုပြီး ပြည် နယ်ဒေ သစည်းရုံးရေးခရီးစဉ်မှာ ပြောဆိုခဲ့မှုဟာ တိုင်းရင်းသား တွေဘက်က လက်သင့်ခံလိမ့်မှာ မဟုတ် ဘူးလို့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။

၈၈မျိုးဆက်မှ အမည်မဖော်လိုသူ ခေါင်း ဆောင်တစ်ဦးကတော့''ဘယ်လိုပဲပြောပြော အင်န်အယ်လ် ဒီကိုတိုင်းရင်းသားတွေက ဗမာပါတီလို့ပဲ မြင်နေတယ်''လို့ မှတ်ချက်ပြုပြောဆိုပါတယ်။

တစ်ပြည်နယ်ကိုနှစ်ပါတီ
****************************
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့မဟာ မိတ်ပါတီဟောင်းတွေအကြား တစ်ခါတစ်ရံတွေ့ဆုံမှု တွေမှာ တိုင်းရင်းသားမျိုးနွယ်စုတစ်ခု(ဒါမှမဟုတ်) တစ် ပြည်နယ်ကို တိုင်းရင်းသားပါတီနှစ်ပါတီနဲ့ အဲဒီအထက် ရှိနေတဲ့ကိစ္စတွေကြောင့် အရင်ပေါင်းစည်းကြပြီးမှ မဟာ မိတ်ကိစ္စပြောကြတာပေါ့ဆိုတာမျိုးကို ပြီးခဲ့တဲ့ ၂ဝ၁၃ နှစ်ကုန်ပိုင်းလောက်အထိ ဒေါ်အောင်ဆန်းစုကြည်က ပြောနေခဲ့တယ်လို့လည်း တိုင်းရင်း သားခေါင်းဆောင် အချို့ကဆိုကြပါတယ်။

တိုင်းရင်းသားပါတီတွေကို ကြည့်မယ်ဆို ရင်လည်း တကယ်ကိုဒေါ်အောင်ဆန်းစုကြည်ပြောသ လိုအနေ အထားမျိုးဖြစ်နေခဲ့တာပါ။ ၉ဝ ရွေးကောက် ပွဲဝင်ခဲ့တဲ့တိုင်းရင်းသားပါတီတွေအနေနဲ့ ၂ဝဝ၈ခုနှစ် အခြေခံ ဥပဒေကို လက်မခံတာကြောင့် ၂ဝ၁ဝရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ကြပါဘူး ။ ဒေါ် အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်မြောက် လာတဲ့အထိလည်း တချို့တိုင်းရင်း သားခေါင်းဆောင် တွေ(ဦးခွန်ထွန်းဦး၊ ပူးရ်ကျင်ရှင့်ထန်)စသူတွေက လွတ် မြောက်လာခြင်း မရှိခဲ့ တာကြောင့် သူတို့တွေရဲ့ ပါတီ တွေကိုလည်း သူတို့ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ၂ဝ၁၂ ခုနှစ်နောက် ပိုင်းမှသာ မှတ်ပုံတင်နိုင်ခဲ့ကြတာပါ။

အဲဒီ အချိန်မှာ ၂ဝ၁ဝမှာ ပြိုင်ခဲ့တဲ့တချို့တိုင်းရင်းသားပါတီ တွေဖြစ်တဲ့ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ဟာ နေရာအမြောက်အမြားအနိုင်ရခဲ့ပြီး လွှတ်တော်အတွင်း ဝင်ရောက်နေခဲ့ကြပြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော့ ရခိုင်ပါတီနှစ်ပါတီက ပေါင်း စည်းနိုင်ခဲ့ကြပြီး မ ပေါင်းစည်းနိုင်သေးတဲ့ရှမ်းပါတီတွေထဲမှာတော့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်က တဖြည်းဖြည်း ပြန်အားကောင်းလာခဲ့ပါတယ်။ ချင်းပါတီတွေ၊မွန်ပါတီ တွေကတော့ ပေါင်းစည်းနိုင် တာ မရှိသေးပါဘူး။

တိုင်းရင်းသားပါတီတွေကို ပြန်ချုပ်ကြည့် မယ်ဆိုရင် ၉ဝ ရွေးကောက်ပွဲဝင် အုပ်စုတွေက UNA မဟာမိတ် အဖွဲ့နဲ့ ဆက်လက်ရပ်တည်နေကြပြီး ၂ဝ၁ဝ ကာလဝန်းကျင်လောက်မှာဖွဲ့ခဲ့သူတွေကတော့ NBF ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအနေနဲ့ရပ် တည်နေခဲ့ကြတာပါ။ NBF ကနေ ပြည်မဒေသမှာ ယှဉ်ပြိုင်ဖို့အတွက် FUP ဖက်ဒရယ်ယူနီယံပါတီဆိုတာ လည်းဖွဲ့စည်းထားပြီး ပြည်မဒေသမှာရှိတဲ့တိုင်းရင်း သား တချို့နေထိုင်တဲ့နေရာတွေမှာ ဝင်ပြိုင်မယ်လို့ဆို ပါတယ်။ အဲဒီပါတီတွေအနေနဲ့ အင်န်အယ်လ်ဒီကို တိုင်း ရင်းသားဒေသတွေမှာ လာမယှဉ်ဖို့ဆိုပြီး တောင်းဆို ကြေညာချက်လည်း ထုတ်ခဲ့ဖူးပါတယ်။

အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးဆက်ဆံရေး
*******************************************
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့အတွက် ပြည်ခိုင်ဖြိုးက အင်အားစုအချို့နဲ့ မဟာမိတ်လုပ်လာနိုင် တယ်လို့လည်း တွက်ချက်တာတွေရှိပါတယ်။ အဓိက ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမဖြစ်နိုင် တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကထောက် ခံမှု မရှိတဲ့အတွက် တခြားမဲတွေကို အားကိုးရမယ့် လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့အကြား သူတို့ရဲ့ကောင်း မွန်တဲ့ဆက်ဆံမှုကနေ ရွေးကောက်ပွဲကာလအလွန် အစိုးရဖွဲ့နိုင်ခြေလို ကိစ္စတွေအထိအပေးအယူလုပ် ထား နိုင်တယ်လို့တွက်ချက်ကြတာပါ။ မြန်မာနိုင်ငံရဲ့ သမ္မတ ရွေးချယ်မှုစနစ်အရလည်း လွှတ်တော်အတွင်း ဝင်ရောက် နေတဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့မဲနဲ့သာ ရွေး ချယ်ရတာကြောင့်ဖြစ်ပါတယ်။

၂၆ ရာခိုင်နှုန်းလောက်သာလိုနေတဲ့ အစိုးရနဲ့ တပ်မတော်ဘက်က စုဖွဲ့မှု
***********************************************************************
တစ်ဖက်က သမ္မတဦးဆောင်တဲ့ လက်ရှိအစိုးရအဖွဲ့နဲ့ တပ်မတော် တို့က တစ်ဖက်ဆိုတဲ့ အနေအထားမှာ ရှိနေတာပါ။ တပ်မတော်ဘက်က တင် သွင်းတဲ့ သမ္မတလောင်းကိုယ်စားလှယ်အနေနဲ့ ၂၅ ရာခိုင်နှုန်း က ထောက် ခံပြီးဖြစ်တဲ့အတွက် ကျန် ၂၆ရာခိုင်နှုန်းလောက် ထောက်ခံသူရခဲ့ရင် သူ တို့တင်မြှောက်သူက သမ္မတဖြစ်ဦးမှာပါ။ အခုကတည်းကလည်း တပ်မတော် ဘက်ကပါ ရွေးကောက်ပွဲဝင်လာနိုင်တဲ့ကိုယ်စား လှယ်တွေက လေသံပစ်နေ ပါပြီ။

အဲဒီအနေအထားမှာ လွှတ်တော်အတွင်းဝင်ရောက်လာနိုင်တဲ့ အခြား ပါတီတွေက လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ ထောက်ခံမှုကလည်း တော် တော်လေး အရေးပါလာတဲ့အခြေအနေပါပဲ။ အပြန်အလှန် နိုင် ငံရေးအပေး အယူလုပ်တဲ့အနေနဲ့တော့ အစိုးရအဖွဲ့မှာ နေရာပေးတာမျိုးတွေ၊ ပြည်နယ်လွှတ်တော်မှာ နေ ရာအများစု ရထားတဲ့ပါတီတွေကို ပြည်နယ်ဝန်ကြီးချုပ်လို ရာထူးတွေအပြင် အစိုးရအဖွဲ့ဖွဲ့ခွင့်တွေပါ ပေး လာနိုင်တာတွေ ရှိလာနိုင် တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ တစ်ဖက်မှာလည်း ပြည်ခိုင်ဖြိုး ပါတီမှာလည်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ကို ထောက်ခံတဲ့အုပ်စုက လည်း ရှိနေပါသေးတယ်။

လေ့လာသူတစ်ဦးဖြစ်တဲ့ ဦးကျော်လင်းဦးကတော့ ''အခုအနေ အထားက ၂ဝ၁၅အလွန် အစိုးရအဖွဲ့ဖွဲ့ရေး တို့လို ကိစ္စတွေအတွက် မဟာ မိတ်ဖွဲ့နေကြတဲ့သဘောပါပဲ။ ပြည်နယ်ဝန်ကြီးချုပ်လိုဟာမျိုးတွေက သမ္မတ က ရွေးခွင့်ရှိနေတဲ့အတွက် နိုင်တဲ့ပါတီကို တစ်ဖက်က ပြည်နယ်ဝန်ကြီးချုပ် ပေးမယ်။ တစ်ဖက်က သမ္မတရွေးရင် ကိုယ်စားလှယ်တွေက ပြန်ထောက်ခံ ပေး ဆိုတာမျိုးတွေကအစ ဖြစ်လာနိုင်တဲ့ အနေအထား ပါ''လို့ သုံးသပ်ပါ တယ်။

ခက်ခဲသွားပြီဖြစ်တဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်မှု
*************************************************************
ဖွဲ့စည်းပုံပြင်ရေးလိုကိစ္စတွေနဲ့ပတ်သက်လို့တော့ အခွင့်အလမ်း နည်းသွားပြီလို့ လေ့လာသူတွေက ဆိုကြ ပါတယ်။ အချိန်ကာလနှစ်လခွဲ သုံးလလောက်သာကျန်တော့တဲ့အတွက် လူထုဆန္ဒခံယူပွဲလုပ်ပြီးမှ ပြင်ရ မယ့် ပုဒ်မတွေအတွက် မလွယ်ကူတော့သလို လွှတ်တော်အတွင်းမှာတင် ပြင်နိုင်တဲ့ပုဒ်မတွေနဲ့ ပတ်သက် လို့လည်း ဆွေးနွေးမှုတွေရှိလာဦးမှာဖြစ်တာ ကြောင့် ၂ဝ၁၅ရွေးကောက်ပွဲမပြီးခင် ပြင်ဆင်မှုတွေကို အတည်ပြုဖို့ခက်နိုင် တယ်လို့ ဆိုကြပါတယ်

UNA နဲ့ ဖြစ်မလား၊ပြည်ခိုင်ဖြိုးနဲ့ ဖြစ်မလား
***********************
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲက နိုဝင်ဘာမှာ ကျင်းပမယ် ဆိုရင်သိပ်မလိုတော့ပါဘူး။ အာဏာရ ပါတီရော၊ အစိုးရရော၊ အတိုက်အခံ တွေ၊ တိုင်းရင်းသားပါတီတွေကပါ သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင်နေကြပါပြီ ။ တချို့တွေကလည်း ရွေးကောက်ပွဲအလွန်ကာလတွေမှာ အတိုက်အခံအား ကောင်းဖို့ဆိုရင် မဲနိုင်နိုင်တဲ့ တိုင်းရင်းသားအတိုက်အခံပါတီတွေနဲ့ အင်န် အယ်လ်ဒီတို့အကြား မဟာမိတ်ဖွဲ့ဖို့လိုတယ်လို့ မှတ်ချက်ပြုကြ သလို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုရင်လည်း အင်န်အယ်လ်ဒီ နဲ့ UNA အဖွဲ့တို့ အကြား မဟာမိတ်ဖွဲ့နိုင်ရေးအတွက် ကြားဝင်ညှိနှိုင်း ပေးနေတယ်လို့ ဆိုပါတယ်။

''တချို့မဲဆန္ဒနယ်များတဲ့ရှမ်းဆိုရင် ၅ဝ ကျော်လောက်ရှိတဲ့နေ ရာမှာ အတိုက်အခံဖြစ်သူက သူ့နယ်မြေ မှာနေရာ တော်တော်များများနိုင် လာခြေရှိတယ်။ တချို့နေရာတွေမှာလဲနိုင်ဦးမှာပဲ။ ရခိုင်ဆိုရင်လဲ ရခိုင် ပဲ နိုင်မှာ။ အဲဒီအနေအထားမှာ အင်န်အယ်လ်ဒီက သူတို့နဲ့မဟာမိတ်ဖွဲ့ဖို့လို တယ်။ အစိုးရတပ်မတော် ဘက်က ၂၆ ရာခိုင်နှုန်းပဲလိုတယ်လေ။ အခုက ၉ဝ ရွေးကောက်ပွဲလို ၁ဝဝ ရာခိုင်နှုန်းပြိုင်ရတာမဟုတ်ဘဲ ၇၅ရာခိုင်နှုန်းပဲ ပြိုင်ရတာလေ''လို့ ၈၈မျိုးဆက်အဖွဲ့မှ ကိုမြအေးက သုံးသပ်ပါတယ်။

ရွေးကောက်မှုအနေအထားအရ ပြည်သူ့လွှတ်တော်မှာတင် မဲဆန္ဒနယ် ၃ဝဝကျော်ပြိုင်ရမယ့်အခြေအနေမှာ မဟာမိတ်အုပ်စုတွေအလိုက် စုဖွဲ့မှုနဲ့ အနိုင်ရရှိနိုင်တဲ့အနေအထားကလည်း တကယ်ကိုအရေးပါနေတာ ပါ။ အဲဒီအနေအထားပေါ်မူတည်ပြီး အစိုးရဖွဲ့စည်းမှုလိုကိစ္စတွေကို အပေး အယူလုပ် ဆုံးဖြတ်ကြမှာ ဖြစ်ပါ တယ်။

''ကျွန်တော်တို့နဲ့အင်န်အယ်လ်ဒီနဲ့ ဆက်ဆံရေးက ဘာပြဿနာမှ မရှိဘူး။ မဟာမိတ်ဖွဲ့နိုင်တာလဲမရှိသလို ဘာစာချုပ်မှချုပ်ဆိုနိုင်တာလဲ မရှိ ဘူး။ အနာဂတ်မဟာမိတ်ဖွဲ့ရေးက နိုင်ငံရေးအခြေအနေအပေါ် မူတည် တယ်။ ကျွန်တော်တို့အုပ်စုတွေဘက်ကတော့ မူဝါဒသဘောထားမပြောင်းပါ ဘူး။ မဟာမိတ်ကိစ္စက သူတို့အပေါ်မူတည်တယ်''လို့ လတ်တလော အင်န် အယ်လ်ဒီနဲ့ သူ့ရဲ့ယခင်က မဟာမိတ် တိုင်းရင်းသား ပါတီတွေအကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

၈၈ မျိုးဆက်အနေနဲ့ ခုလိုကြိုးစားပေမယ့် လေ့လာသူတွေက တော့ အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါ တီတွေအကြား မဟာမိတ်ဖွဲ့နိုင်ခြေ အတော်နည်းနေတယ်လို့ တညီတညွတ်တည်းဆိုကြပါတယ်။ ''ရွေးကောက်ပွဲအကြိုကာလအတွက် အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတွေအကြား အပေးအယူ လုပ်မယ်ဆိုရင် အခွင့်အလမ်းလဲ နည်းနေတယ်။ ဒါပေမဲ့ ကြံ့ ခိုင်ရေးနဲ့ မဟာမိတ်ဖွဲ့ရုံ မလုံလောက်ဘူး၊ တိုင်းရင်းသားမဲလိုပါတယ်လို့ ဒေါ်စုက ယူဆရင်တော့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းလာနိုင်တယ်'' လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမင်းဇင်က သုံးသပ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ''မဟာ မိတ်ဖွဲ့ဖို့ဆိုတာ ကြားဝင်ဆောင်ရွက်ပေးစရာ မလိုပါဘူး။ ကြားလူမလိုဘူး ထင်တယ်။ စိတ်ဆန္ဒနဲ့ စိတ်ပိုင်းဖြတ်မှုက အရေးကြီးပါတယ်။ အခုကိစ္စက အလားအလာနည်းပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ ထိပ်တိုက်ပြိုင်ရတော့မယ်ဆိုပြီး ပြင်နေပုံ ရတယ်'' လို့ မှတ်ချက်ပြုပါတယ်။

အမည်မဖော်လိုသူ အကြံပေးတစ်ဦးကတော့ NLD ရဲ့မဟာ မိတ်က လောလောဆယ် ကျန်တာတော့ မသိဘူး။ သေချာနေတာက အခုထိ တော့ဦးရွှေမန်းရဲ့ ပြည်ခိုင်ဖြိုးပဲ USDP ပဲ''လို့ ပြောဆိုပါတယ်။

စိုင်းထွန်းအောင်လွင်
#TheFlowerNews

No comments:

Post a Comment

My Blog List