Friday, May 29, 2015

လူမှောင်ခိုဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟု ယုံကြည်ရသည့် မလေးရှား ရဲအရာရှိ ၁၂ ဦး စုံစမ်းစစ်ဆေးခံနေရ



ထိုင်းနယ်စပ်အနီးရှိ သစ် တောထဲတွင် လူသေအလောင်းများ မြှုပ်နှံထားသည့် သင်္ချိုင်း နေရာများ တွေ့ရှိပြီးနောက် လူ မှောင်ခိုလုပ်ငန်းနှင့် ဆက်နွှယ် သည်ဟု ယူဆရသော ရဲအရာရှိ ၁၂ ဦးကို မလေးရှားတွင် စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။နိုင်ငံမြောက်ပိုင်း ဝမ်ကီလီ ယန်ရှိ လူသူအရောက်အပေါက် နည်းသည့် တောနက်ထဲတွင် လူ မှောင်ခိုသမားများ အသုံးပြုခဲ့ သည်ဟု ယူဆရသော တောတွင်း စခန်း တစ်နေရာ၌ လူအများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းမြေကျင်း ၁၃၉ ခု ကို အာဏာပိုင်များကရှာဖွေ တွေ့ရှိခဲ့ သည်။
မလေးရှားနိုင်ငံ ပြည်ထဲရေးဒုတိယ၀န်ကြီး ဝမ်ဂျူနိုင်ဒီတူယန် ကူက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယခုနှစ် အစောပိုင်းကတည်းက ဒေသဆိုင်ရာ ရဲဝန်ထမ်း အချို့ ကို မေးမြန်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ဖူးကြောင်း ဆိုသည်။ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံအနောက် ဖျား ဒေသများမှ ဘင်္ဂါလီများ သည် လှေငယ်များဖြင့် အက်ဒမန် ပင်လယ်ကို ကျော်ဖြတ်ပြီး ထိုင်း သို့ခိုးဝင်ကာ ထိုမှတစ်ဆင့် တော နက်များကို ဖြတ်သန်းပြီး မလေး ရှားနိုင်ငံသို့ ဝင်ရောက်လေ့ရှိကြသည်။ ၎င်းတို့ကို လူမှောင်ခိုဂိုဏ်း များက တာဝန်ယူ ခိုးသွင်းပေးပြီး ယင်းအတွက် ငွေကြေးအကျပ် ကိုင် တောင်းဆိုမှုများ ပြုလုပ်လေ့ ရှိသည်။

စစ်ဆေးခံရသည့် ရဲများအ နက် လေးဦးသည် ယခုနှစ် အစော ပိုင်း ကတည်းက လူမှောင်ခိုကွန် ရက်များနှင့် ဆက်နွှယ်သည်ဟု ယူဆရသည့်အတွက် စုံစမ်းမေး မြန်းခံနေရပြီး အခြားရှစ်ဦးမှာမူ ခြစားမှု တိုက်ဖျက် ရေး ကော်မရှင် ၏ ဖော်ထုတ်စွဲ ချက်တင်မှုကို ခံခဲ့ ရကြောင်းလည်း ဝမ်ဂျူနိုင်ဒီက ပြောကြားခဲ့သည်။

မလေးရှား အာဏာပိုင်များ သည် တွေ့ရှိထားသည့် သင်္ချိုင်း နေရာများကို မေလ ၂၆ ရက်တွင် စတင် တူးဖော်စစ်ဆေးနေပြီး သေဆုံးနေသူများသည် ဘင်္ဂါလီ ရွှေ့ပြောင်း အခြေချသူများ ဟုတ်၊ မဟုတ်နှင့် ရုပ်အလောင်းအရေ အတွက်ကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ သတင်း များ၌ မြေကျင်းတစ်ခုတွင် အ လောင်းတစ်လောင်းထက် မနည်း ရှိနေနိုင်ကြောင်း ဖော်ပြနေသော် လည်း ဝမ်ဂျူနိုင်ဒီက ‘‘လောလော ဆယ် တူးဖော်စစ်ဆေးထားတဲ့ အခြေအနေအရတော့ ကျင်းတစ် ကျင်းကို အလောင်းတစ်လောင်း မြှုပ်ထားတာပါ။ ဒါပေမဲ့ မြေကျင်းအားလုံး စစ်ဆေးပြီးမှ အလောင်း အရေအတွက်ကို အတိအကျ ပြောနိုင်လိမ့်မယ်’’ ဟု ပြောကြားခဲ့ သည်။

အချို့သော နေရာများတွင် အလောင်းများကို တစ်ဝက်တစ် ပျက် ဖြတ်ကတတ်ဆန်း မြှုပ်နှံ ထားပြီး တူးဖော်ထားသည့် သင်္ချိုင်း မြေကျင်းအများစုတွင် အစ္စလာမ် မစ်၏ ထုံးတမ်းစဉ်လာအတိုင်း အ လောင်းကို အဝတ်ဖြူဖြင့် ထုပ်ပိုး ထားသည်ကို မလေးရှားအာဏာ ပိုင်များက စစ်ဆေးတွေ့ရှိခဲ့ သည်။ အဆိုပါ နေရာသို့ သတင်း ထောက်များအား သွားရောက်ခွင့် ပေးခဲ့ပြီး လူမှောင်ခိုသမားများ သည် ၎င်းတို့ ခေါ်သွင်းလာသည့် ရွှေ့ပြောင်း အခြေချသူများကို နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ ကြောင်း အထောက်အထားများ ပြသခဲ့သည်။

ပြီးခဲ့သည့် လပိုင်းကလည်း ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် အလား တူ လူမှောင်ခို စခန်းနေရာ တစ်ခုနှင့် လူသေအလောင်းများ မြှုပ်နှံထားရာ မြေကျင်းများကို ရှာဖွေတွေ့ရှိထားသည်။

လူမှောင်ခို ပြဿနာကို ကိုင် တွယ်ရာတွင် လျော့နည်းမှုများ စွာ ရှိနေခြင်းအပေါ် နိုင်ငံတကာ ဖိအားပေးမှုများ မြင့်တက်လာ သည့်နောက် ထိုင်းနှင့် မလေးရှား အစိုးရများကြား ယင်းကဏ္ဍကို ပူးပေါင်းကိုင်တွယ် ဖြေရှင်းရန် သဘောတူညီမှု ရယူခဲ့သလို နှစ် ဖက် အာဏာပိုင် အဖွဲ့အစည်း များက နယ်စပ်ဒေသ တစ်နံတစ် လျားရှိ တောတွင်း၌ လူမှောင်ခို လျှို့ဝှက်စခန်းများကို ဖြန့်ကြက် ရှာဖွေလျက်ရှိကြောင်း သိရှိရ သည်။

ရုပ်အလောင်းများကို တူးဖော်ပြီးနောက် သယ်ယူရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ - အီးပီအေ)
—Ref: Business Standard
7Day Daily

No comments:

Post a Comment

My Blog List