Friday, May 29, 2015

ဘင်္ဂါလီ လှေစီးဒုက္ခသည်များအရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်မနေရန် ဒလိုင်းလားမား တိုက်တွန်း


ဘင်္ဂါလီဒုက္ခသည်များကို အကူအညီပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပိုမိုအားစိုက်ဆောင်ရွက်သင့် ကြောင်း တိဗက်သာသနာပိုင် ဘုန်းတော် ကြီး ဒလိုင်းလားမားက တိုက်တွန်း ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသများကိုစွန့်ခွာထွက်ပြေးပြီး ပင်လယ်ထဲတွင် မျောပါနေသည့် ဘင်္ဂါလီ လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အာရုံစိုက်မှုများ မြင့်တက်လာချိန်၌ ဒလိုင်းလားမား ဘုန်းတော်ကြီးက ၎င်းကဲ့ သို့ပင် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာက မြန်မာနိုင်ငံတွင် လူနည်းစုဘင်္ဂါလီဒုက္ခသည် များကို ဗုဒ္ဓဘာသာဝင်များက ဖိနှိပ်နေကြောင်း စွပ်စွဲမှုများ ရှိနေသော်လည်း မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်မပေးသေးချေ။ မြန်မာ့အရေး လေ့လာသူများက နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီတွင် မဲဆန္ဒရှင် ပြည်သူများ၏ သဘောထား အမြင်အပေါ် မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုကိစ္စကို သိမ်မွေ့စွာ ကိုင်တွယ်ရဖွယ်ရှိကြောင်း မှတ် ချက်ပြုထားကြသည်။

ဘုန်းတော်ကြီး ဒလိုင်းလား မားက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘင်္ဂါလီ ဒုက္ခသည်များအရေးတွင် ရှေ့တန်းသို့ ထွက်ကာစကားပြောရန် လိုအပ်လိမ့်မည်ဟုလည်း ဆိုသည်။ ‘‘ဖြစ်နေတာတွေက တကယ့်ကို ဝမ်းနည်းစရာပါ။ မြန်မာနိုင်ငံကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် က နိုဗယ်ဆုရှင် တစ်ယောက်အနေနဲ့ တစ်ခုခု လုပ်ပေးနိုင်မယ်လို့ ကိုယ်တော် မျှော်လင့်ပါတယ်’’ဟု ဒလိုင်းလားမားက ဩစတြေး လျ သတင်းစာအား မေ ၂၈ ရက်အင်တာဗျူးတွင် မိန့်ကြားခဲ့သည်။

‘‘ကိုယ်တော်က သူ(ဒေါ် အောင်ဆန်းစုကြည်)နဲ့ နှစ်ခါဆုံဖူးပါတယ်။ ပထမတစ်ကြိမ်က လန်ဒန်မှာပါ။ နောက်တစ်ခါက တော့ ချက်သမ္မတနိုင်ငံမှာ ဖြစ်ပါတယ်။ ဒီပြဿနာအကြောင်း ကိုယ်တော် ပြောခဲ့ဖူးတယ်။ အဲဒီ တော့ ဒေါ်အောင်ဆန်းစုကြည်က အခက်အခဲတချို့ ရင်ဆိုင်နေရကြောင်း ပြောပြပါတယ်။ ဒီကိစ္စတွေက ထင်သလောက် မရိုးရှင်းပါ ဘူး။ အရမ်းရှုပ်ထွေးပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ တစ်ခုခု လုပ်ပြနိုင်မယ်လို့ ကိုယ်တော် ခံစားမိပါတယ်’’ဟု ၎င်းက မှတ် ချက်ပေးခဲ့သည်။

ဘင်္ဂါလီ ဒုက္ခသည် ပြဿနာအပေါ် ယခုလအတွင်း နိုင်ငံတ ကာက ပိုမိုအာရုံစိုက်လာခဲ့သည်။ မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် ဘင်္ဂါလီ တစ်သန်းခန့် ရှိနေပြီး မြန်မာနိုင်ငံက ၎င်းတို့ကို တိုင်းရင်းသားအဖြစ် လက်မခံဘဲ ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက်မှ ကျူးကျော်ဝင်ရောက်လာသူများဟု သတ် မှတ်ထားသည်။

တရုတ်အစိုးရ၏ နယ်နှင်ပြစ် ဒဏ်ကြောင့် ကိုယ်တိုင်လည်း ဒုက္ခသည် စာရင်းဝင် ဖြစ်နေသည့် ဒလိုင်းလားမားဘုန်းတော်ကြီးက လက်ရှိ နိုင်ငံတကာ တောင်းဆိုမှုများသည် ဘင်္ဂါလီ ဒုက္ခသည်များ ကို ကူညီကယ်ဆယ်ရန် လုံ လောက်မှု မရှိကြောင်းလည်း ဆိုသည်။

‘‘မလုံလောက်ပါဘူး။ လူ သားဆန်တဲ့ အတွေးအခေါ် နည်းလမ်းနဲ့ ချဉ်းကပ်ရာမှာ တစ်ခုခုတော့ မှားနေတယ်။ ပြောရရင်ကိုယ်တော်တို့ လူသားတွေဟာ တစ်ဖက်သားရဲ့ အသက်၊ တစ်ဖက်သားရဲ့ ကောင်းကျိုးအတွက် အာရုံစိုက်ပေးနိုင်မှု ခေါင်းပါးလွန်းနေတယ်’’ဟု ၎င်းက မိန့်ကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ် များအတွင်း ဘင်္ဂါလီ လှေစီးဒုက္ခသည် ၃,၅၀၀ ကျော်သည် အက် ဒမန်ပင်လယ်ကို ကျော်ဖြတ်ကာ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားကမ်းခြေများသို့ ဆိုက်ရောက်လာခဲ့သည်။ ကုလသမဂ္ဂက ပင်လယ်ထဲတွင် လှေများဖြင့် မျောပါနေသည့် ဘင်္ဂါလီဒုက္ခသည် ထောင်နှင့် ချီရှိနေနိုင်သေးကြောင်း ကြေ ညာထားသည်။

အခမ်းအနားတစ်ခုတွင် စကားပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
—Ref: CNA
7Day Daily




No comments:

Post a Comment

My Blog List