Wednesday, May 27, 2015

ကိုးကန့်အရေးနှင့်ပတ်သက်၍ ကျွန်တော်မေးချင်သော မေးခွန်းများ


ကိုးကန့်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို အကြောင်းပြု၍ ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းတွေ ရှိနေသည်။ ကိုးကန့်စစ်မြေပြင်၏ပထမပိုင်းတွင် တပ်မတော်က ခံစစ်။ ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ရုံးစိုက်ရာ လောက်ကိုင်မြို့ကျမသွားအောင်၊ ဗျူဟာကုန်းနှင့် တပ်ရင်းဌာနချုပ်တွေအစီးမခံရအောင်ရှိသမျှ လူအကုန် ထွက်၍ကြံ့ကြံ့ခံခုခံကြသည်။ မြို့တွင်းတိုက်ပွဲ၊ အနီး ကပ်တိုက်ပွဲဆင်နွှဲရသည်။ နှစ်ဖက်အကျအဆုံးများ သည်။ နောက်ပိုင်းတွင် တပ်မတော်က ရန်သူကို ထိန်းချုပ်ထားနိုင်ပြီး တန်ပြန် ထိုးစစ်ဆင်သည်။ 

တိုက်စစ်သဘောအရ တိုက်စစ်ဆင်သည့်ဘက်တွင် အထိအခိုက်အရှအနများသော်လည်း ရန်သူ့စခန်း ကုန်းကြီးတွေကို တစ်ခုပြီး တစ်ခုသိမ်းပိုက်နိုင်ခဲ့သည်။  ယခုအခါကိုးကန့်သောင်းကျန်းသူတို့၏နယ်မြေမှာ ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာသည်။ ပြေးစရာမြေမရှိတော့လောက်အောင်တစ်ဘက်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးသို့ပင်ရောက်လာပြီ။

ကျွန်တော့်အတွေးဒီနေရာအရောက်တွင်မေးခွန်း  တစ်ခုပေါ်လာ၏။

ကိုးကန့်သောင်းကျန်းသူတို့သည် ဆုတ်လမ်း မရှိလျှင် ဘာဆက်လုပ်ကြမည်နည်း။

သူတို့နေရာတွင် ကျွန်တော်ဝင်၍ စဉ်းစားကြည့် သောအခါရွေးချယ်စရာသုံးခုတွေ့ရသည်။ ပထမတစ်  ခုမှာအသေခံတိုက်ဖို့။ ဒုတိယတစ်ခုမှာ လက်နက်ချ ဖို့။ တတိယတစ်ခုမှာ တပ်မတော်မလိုက်နိုင်သော နယ်စပ်မျဉ်းတစ်ဖက်သို့ဆုတ်ခွာရန်။ (မှတ်ချက်။ နယ်ချင်းစပ်နေသော “၀”အဖွဲ့က ဤကိစ်္စတွင် သူတို့ မပါပါဘူးဟုငြင်းဆိုထားရာ၊ လူကြီးလူကောင်းတို့၏ စကားကိုယုံကြည်သောအားဖြင့် ကိုးကန့်သောင်း ကျန်းသူတို့၏ “၀”နယ်ဘက်ဆုတ်လမ်းကို ကျွန်တော် ခေတ်္တဖယ်ထုတ်ထားပါသည်။)

တတိယလမ်းကို ရွေးချယ်လိမ့်မည်ဟု ကျွန် တော် သုံးသပ်သည်။ သို့ဖြစ်လျှင် မေးခွန်းတစ်ခု ပေါ်လာပြန်ပါသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေးမူကြီးငါးချက်ကို လက်ဦးချမှတ်ရာတွင်ပါဝင်ခဲ့ သည့်နိုင်ငံအား၊ ပုန်ကန်ထောင်ထားသော သောင်း ကျန်သူအဖွဲ့ကို အဆိုပါမူကြီးများအား အတူချမှတ် ခဲ့သည့်နောက်တစ်နိုင်ငံက လက်ခံခိုလှုံခွင့်ပေးသင့်ပါ  သလား။

နိုင်ငံတကာဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ မရှိ။ ထာဝရအကျိုးစီးပွားသာရှိသည်ဟူသော ကျင့်သုံးမှုအရ၊ အထက်ပါမေးခွန်းအတွက် ကျင့်ဝတ်  စောင့်စည်းသည့်ဖြစ်သင့်သော အဖြေကို ထုတ်ယူရ ရှိလိမ့်မည်မဟုတ်ပေ။ တပ်မတော်က တရုတ်ဖြူတပ် များကို စစ်ဆင်ရေးအကြိမ်ကြိမ်နွှဲ၍ တိုက်ထုတ်ပေး ခဲ့သော်လည်း ဗကပမွေး၍တပ်မတော်ကိုတိုက်စေ သော “ကျေးဇူးဆပ်နည်းသင်ခန်းစာ”ကို၊ ယခုအချိန်  ၌ အလွန်တန်ဖိုးထားရပေမည်။

ကိုးကန့်တိုက်ပွဲစဉ်တွင် သတိပြုသင့်သော အချက်အချို့ရှိသေး၏။ စစ်ပွဲတွင် ဒဏ်ရာရသူတွေ ကို ကုသပေးကြသည်မှာထုံးစံဖြစ်၏။ တပ်မတော် ဘက် ဒဏ်ရာရသူတွေကို ရှေ့တန်းစစ်မြေပြင်ဆေး ရုံတွင် ရှေးဦးကုသပေးပြီး၊ နောက်တန်းအခြေချစစ် ဆေးရုံများသို့ပို့ပေးသည်။ ကိုးကန့်စစ်မြေတောတောင် လျှိုမြောင်ကြားတွင် သောင်းကျန်းသူတို့၏ဆေးရုံ ဆေးခန်းမရှိချေ။ သို့ဖြစ်လျှင် ဒဏ်ရာရ ကိုးကန့် သောင်းကျန်းသူတွေကို ဘယ်ခေါ်သွားပြီး၊ ဘယ်နေ ရာမှာ၊ ဘယ်သူတွေက ကုသပေးလျက်ရှိနေပါ သနည်း။

လောက်ကိုင်တိုက်ပွဲစဉ်၌ ကိုးကန့်သောင်းကျန်း သူတို့သည်လက်နက်ငယ်၊ လက်နက်ကြီးကျည်များ ကို လှိုင်လှိုင်ချည်းအသုံးပြုကြသည်။ လက်ပစ်ဗုံးကို ဖောဖောသီသီ သုံးသည်။ ကိုးကန့် နယ်မြေတွင် လက်နက်တိုက်နှင့် လက်နက်စက်ရုံတွေမရှိ။ ဘိန်းနှင့် မူးယစ်ဆေးဝါးမှလွဲ၍  စိုက်ပျိုးရန် ခက်ခဲသော ကျောက်တောင်တန်းများတွင် ရိက်္ခာအရင်းအမြစ် မရှိ။ သို့ဖြစ်လျှင် မေးရပါတော့မည်။ စစ်လက်နက် ပစ်္စည်းတွေသည်အဘယ်တွင်မြစ်ဖျားခံ၍ ရေစီး ကြောင်းကြီးသဖွယ်မိမိနိုင်ငံနယ်မြေထဲသို့ဒလဟော စီးဆင်းဝင်ရောက်လာပါသနည်း။ အဘယ်သို့သော နတ်သုဒ်္ဓါများကိုစား၍ အဟာရသိဒ်္ဓိမြောက်နေကြ ပါသနည်း။ ဤအုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းရှိ နေသေးသရွေ့သောင်းကျန်သူတို့သက်စိုးရှည်နေပေ  ဦးမည်ကားမချွတ်။

စစ်ပွဲများတွင် Nerve Centre  ဟု ခေါ်ဆိုအပ် သော ကွပ်ကဲမှုဗဟိုသည်သော့ချက်ဖြစ်၏။ ကွပ်ကဲ မှုဗဟိုသည်လူတစ်ယောက်လည်းဖြစ်နိုင်သည်။ အဖွဲ့ တစ်ဖွဲ့လည်းဖြစ်နိုင်သည်။ ကိုးကန့်သောင်းကျန်းသူ အဖွဲ့၏ကွပ်ကဲမှုဗဟိုမှာ ဖုန်ကြားရှင်ဖြစ်သည်။ ကျွန်တော်သိရသလောက်၎င်းင်း၏ကွပ်ကဲမှုဌာနချုပ် သည်၊ လောက်ကိုင်ဝန်းကျင်တွင်မရှိချေ။ ကိုးကန့် နယ်မြေထဲမှာလည်းမရှိချေ။ သို့ဖြစ်လျှင် ဖုန်ကြား ရှင်သည်သူ့တပ်ဖွဲ့ကိုမည်သည့်နေရာမှနေ၍ ကွပ်ကဲ နေသနည်း။ သူ့ကိုဘယ်မိတ်ဆွေတွေက လက်ခံဖုံး ကွယ်ပေးထားသနည်း။

လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာနိုင်ငံသား ရှမ်း တိုင်းရင်းသား စိုင်းနော်ခမ်းကို မူးယစ်ဆေးဝါးသယ် ဆောင် ရောင်းဝယ်မှုဖြင့် တစ်ဖက်နိုင်ငံအစိုးရက ဖမ်းဆီး ကွပ်မျက်ခဲ့ဖူးသည်။ ဖုန်ကြားရှင်က စိုင်း နော်ခမ်းထက် ဘိန်းအရာတွင် အဆ ရာထောင်သာ သည်။ သယ်ဆောင်ရောင်းဝယ် သည်သာမက စိုက်ပျိုးထုတ်လုပ်သူလည်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကို အချုပ်ခန်းထဲမှာ ရက်ရက်စက်စက်ပစ်သတ် သွားသူဖြစ်သည်။  နိုင်ငံတော်၏  အချုပ်အခြာ အာဏာကို ထိပါးပုန်ကန်သူလည်းဖြစ်သည်။ မြန်မာ နိုင်ငံကအလိုရှိနေသောတရားခံဖြစ်သည်။ အကယ်၍ ဖုန်ကြားရှင်သည်တစ်ဖက်နိုင်ငံ တွင်ရှိနေသည် ဆိုပါ လျှင် စိုင်းနော်ခမ်းထက်သာသော ဘိန်းရာဇာကို အဘယ်ကြောင့် မဖမ်းသနည်း။ သို့မဟုတ် အဘယ် ကြောင့် မိတ်ဆွေကောင်းပီသစွာ မြန်မာနိုင်ငံလက်သို့ မအပ်သနည်း။ အဘယ်ကြောင့် ကြေးစားစစ်သား ဆိုသူတွေကို ဖုန်ကြားရှင်အသုံးပြုခွင့်ပေးသနည်း။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအရေးသည် အမျိုးသားအရေးဖြစ်သည်။ရှမ်းပြည်နယ်အထိ ထိပါး အကျူးကျော်ခံရသော တရုတ်ဖြူအရေးတွင် အမေ ရိကန်နိုင်ငံကပါဝင်ပတ်သက်သဖြင့် သက်ဆိုင်ရာ သံရုံးကို ပြည်သူတို့က ဆန်္ဒပြခဲ့ကြသည်။ ယခု လောက်ကိုင်အတိုက်ခံရသောအခါ ပြည်ပရောက် မြန်မာများက သက်ဆိုင်ရာသံရုံးရှေ့တွင် ဆန်္ဒပြကြ သည်ဟု စောစောပိုင်းသတင်းများတွင် ဖတ်ရသည်။ သို့သော် ပြည်တွင်းမှာမူ ငြိမ်ချက်သားကောင်းလှ၏။ အမျိုးသားပညာရေးဥပဒေအတွက်ဆန်္ဒပြရန်၊ အလုပ် သမားလစာအတွက်ပြရန်၊ ကျူးကျော်အိမ်အဖျက်ခံရ သဖြင့် ဆန်္ဒပြရန်၊ လက်ပံတောင်းတောင်ဆက်စပ် ကိစ်္စများအတွက် ဆန်္ဒပြရန် နောက်ကွယ်မှ လှုံ့ဆော် အားပေးကြသော၊ ဆန်္ဒပြခြင်းဘာသာရပ်တွင် ကျွမ်း ကျင်သူပုဂ်္ဂိုလ်နှင့် အဖွဲ့အစည်းများသည်၊ ဤအမျိုး  သားအရေးတွင်အဘယ်ကြောင့်တုပ်တုပ်မျှမလှုပ်ကြပါ  သနည်း။

ဤစစ်ဆင်ရေးကြီးတွင်တပ်မတော်သား အရာ ရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ၊ ရဲမေများသည် နိုင်ငံတော်ကိုအသက်ပေးကာကွယ်ခဲ့ကြသည်မှာ မျက်ဝါးထင်ထင်ဖြစ်သည်။ ခန်္ဓာကိုယ်အစိတ်အပိုင်း တွေကို စွန့်လွှတ်ခဲ့ကြ၊ ဒဏ်ရာရခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။ တပ်ရင်းမှူးအဆင့်မှ အောက်အရာရှိများ၊ အခြားအဆင့်အကြပ်တပ်သား ကလေးတွေ၏ စွန့်လွှတ်စွန့်စားမှုကို ပြည်သူများက  အသိအမှတ်ပြုကြသည်။ ဂုဏ်ပြုကြသည်။ အစား အသောက်၊ ပစ်္စည်း၊ ငွေကြေး ထောက်ပံ့လှူဒါန်းကြ သည်။ သမ်္မတကြီးနှင့် ဒုတိယသမ်္မတများ၊ လွှတ်တော် နှစ်ရပ်၏ဥက်္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် တပ်မတော်အရာရှိကြီးများက လာရှိုး၊ ပြင်ဦး လွင်စစ်ဆေးရုံများသို့သွားရောက်၍ ဒဏ်ရာရတပ်မ တော်သားများကိုအားပေးခဲ့ကြသည်။ လာရှိုးကို ကျဆုံးတပ်မတော်သားများ၏ သူရဲကောင်းဗိမာန် ကိုသွားရောက်အလေးပြုခဲ့ကြသည်။ ကျန်ရစ်သူမိသား  စုများကို နှစ်သိမ့်ခဲ့ကြသည်။ ဤနေရာတွင် တိုင်းရင်း သားပြည်သူများက မျှော်လင့်အားထားနေသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်ဆိုသူနှင့် သူ့ကိုဝန်းရံ နေသူတွေကိုမတွေ့ရပေ။ ဤအမျိုးသားအရေးတွင်  သူတို့နှာစေးနေကြသည်။ နေစိမ့်ရက်ကြသည်။ လျစ်လျူရှုရက်ကြသည်။ ထို့ကြောင့် ကျွန်တော်မေး ချင်ပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက်၊ အောက် ခြေတပ်မတော်သားကလေးတွေ၏နိုင်ငံတော်ကာကွယ် ရေးတာဝန်ကိုအသက်ခန်္ဓာစွန့်လွှတ်ထမ်းဆောင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်လည်း မဆိုင်၊ သမ်္မတဖြစ်ရေးနှင့် လည်းမဆိုင်၊ ရွေးကောက်ပွဲနှင့် လည်းမဆိုင်၊ပညာရေးဥပဒေ၊ကျောင်းသားသမဂ်္ဂတို့နှင့် လည်းမဆိုင်သော အဖြူတည်သက်သက် အမျိုးသား ရေးဖြစ်ပါလျက် အဘယ်ကြောင့် မျက်ကွယ်ပြုရက် ပါသနည်း။

အဘယ့်ကြောင့် တပ်မတော်သားကလေး များအပေါ် အာဃာတတရား ကြီးမားရပါသနည်း။ နိုင်ငံတော်
ကံကြမ်္မာဖန်တီးပိုင်ခွင့်ကို ထိုပုဂ်္ဂိုလ်နှင့် သူ၏ အဖွဲ့အစည်းလက်သို့အဘယ်သို့လျှင်ယုံယုံကြည်ကြည် 
အပ်နှင်းနိုင်ပါမည်နည်း။

 ကျော်ညွန့်ဝင်း
Hot News Journal


No comments:

Post a Comment

My Blog List