Tuesday, May 26, 2015

ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၀၀ကျော် မြန်မာက ပြန်ပို့ရန် စီစဉ်





မြန်မာက လက်ခံထားသည့် ဘင်္ဂလီ လှေစီး ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပြောင်းနိုင်ရေး အတွက် အလယ်သံကျော် ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နီးသည့် တောင်ပြို လက်ဝဲမြို့ နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပို့ ဆောင် လိုက်ပြီဖြစ်သည်၊ မနေ့က စစ်တွေအခြေစိုက် ဘင်္ဂလားဒေရှ့် ကောင်စစ် ၀န်နှင့် မြန်မာလူဝင်မှု ကြီးကြပ် ရေးအရာရှိများ သွားရောက်တွေ့ဆုံစစ်ဆေး မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 လှေစီး၍ ထွက်ပြေးနေသူ အများစုမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသားများဖြစ်သည့်အတွက် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာဖိအားများ လျော့ကျခဲ့သည်ဟု မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြော ဆိုကြောင်း VOA သတင်းတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက လှေစီးထွက်ပြေးသူများနှင့် လူမှောင်ခိုများကို အပြစ်ပေးအရေးယူမည်ဟု ပြောဆိုခဲ့သည်။

ဓာတ်ပုံ- MOI
ဧရာဝတီ

No comments:

Post a Comment

My Blog List