Wednesday, May 27, 2015

ငုတ်တုတ်ထိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်မဖြစ်ဖို့ အရေးကြီးတယ်


လက်ရှိကျင်းပပြုလုပ်လျက်ရှိသော လွှတ်တော် အတွင်းအခြေအနေများနှင့် မကြာခင်ကျင်းပပြုလုပ် မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး၌ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မည်ကဲ့သို့ရွေးချယ်သင့် ကြောင်း (ဇဗ်္မူသီရိမြို့နယ်)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန်္ဒာမင်း အားတွေ့ဆုံမေးမြန်းခဲ့ပါ သည်။

မေး- ပြည်သူ့တချို့က ၂၀၁၅ ရွေးကောက်ပွဲကိုလုပ် မှလုပ်ပါ့မလား ဆိုပြီးတော့ စိုးရိမ်စိတ်တွေရှိနေပါ တယ်။ အဲဒီစိုးရိမ်နေတဲ့သူတွေကို အစ်မအနေနဲ့ ဘာပြောချင်ပါသလဲခင်ဗျာ။

ဖြေ- ၂၀၁၅ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်ဥက်္ကဋ္ဌဦးတင်အေးကကမ်္ဘာကို  ကတိပေးထားပြီးပြီ။ တရားမျှတမှုနဲ့ အသန့်ရှင်းဆုံး လုပ်ပေးမယ်လို့ပြောတယ်။ အဲဒီလိုပဲနိုင်ငံတော် သမ်္မတကြီးကနိုင်ငံခြားတွေကိုသွားတဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့ကမ်္ဘာကိုကတိပေး ထားတာရှိတယ်။ သမ်္မတရဲ့ကတိ၊ကော်မရှင်ပေးထား တဲ့ကတိ၊နောက်တစ်ခုကဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဆိုရင်လည်း ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်သည်ဖြစ်စေ၊ မပြင်ဆင် သည်ဖြစ်စေ၊ ရွေးကောက်ပွဲကိုတော့ သတ်မှတ်ထား တဲ့အချိန်မှာ ကျင်းပဖို့အတွက်တိုက်တွန်းထားတာရှိ တယ်။ အဲဒီလိုပဲ လွှတ်တော်ထဲမှာလည်းကောင်မရှင် အနေနဲ့လာပြီးတော့ ကတိက၀တ်ပေးထားတာရှိ တယ်။ အဲဒီလိုကတိက၀တ်ပေးထားတဲ့အတွက် ကျင်းပတဲ့အခါမှာတကယ်ကိုပဲပွင့်လင်းမြင်သာမှုရှိ သလား၊ သန့်ရှင်းမှုရှိသလားဆိုတာကအရေးကြီးပါ တယ်။ ရွေးကောက်ပွဲကိုတကယ်ကိုယ်ပဲတရားမျှတမှု နဲ့ ရွေးကောက်ပွဲကော်မရှင်ကထုတ်ထားတဲ့ဥပဒေ အတိုင်း တရားမျှတစွာနဲ့ ကျင်းပဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲကိုသတ်မှတ်ထားတဲ့အချိန်အတိုင်းကျင်း ပဖို့အတွက်လည်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့လောက်ကိုင်ဒေသမှာတိုက်ပွဲတွေဖြစ်နေတဲ့ အတွက် စစ်အုပ်ချုပ်ရေး  လိုအပ်ပါတယ်ဆိုပြီး တော့ ရက်ပေါင်းသုံးဆယ်တိုးမြှင့်လိုက်တယ်။ ဒါကို လွှတ်တော်ကအတည်ပြုပေးလိုက်တယ်။ မည်သို့ပင် ဆိုစေကာမူတစ်နိုင်ငံလုံးမှာလုံခြုံရေးအကြောင်းပြပြီး တော့၊ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတာမဖြစ်စေ ရပါဘူး။ အဲဒီအချိန်မှာစစ်တပ်ဘက်ကရော၊ အစိုးရ ဘက်ကရောတာဝန်ရှိတယ်။ သတ်မှတ်ထားတဲ့ ကာလမှာကျင်းပသွားဖို့အတွက်ကအရေးကြီးဆုံးဖြစ်  တယ်လိုပြောချင်ပါတယ်။

မေး- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်း ပုံပြင်ဆင်ဖို့အတွက်တောင်းဆိုနေပေမယ့် မပြင်ပေး ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကိုတစ်စုံတစ်ရာထိ ခိုက်သက်ရောက်မှုရှိနိုင်ပါသလားခင်ဗျာ။

ဖြေ- လွှတ်တော်နာယကကြီးကတော့ ၂၀၀၈ ဖွဲ့ စည်းပုံကိုကာကွယ်စောင့်ရှောက်ရေးဥပဒေကိုအမြန်း ဆုံးပြဋ္ဌာန်းဖို့အတွက်ဆိုပြီးတော့ သူကိုယ်တိုင်ဇေယျာ သီရိကလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အဆိုတင် သွင်းတယ်။ လွှတ်တော်ကလည်းအတည်ပြုပေးလိုက်  တယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒကိုပြင်ချင်တဲ့ သူတွေ  ရှိသလို၊ ဖျက်ချင်တဲ့သူတွေလည်းရှိတယ်။ တကယ် လို့ဖွဲ့စည်းပုံကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေပေါ် လာမယ်ဆိုရင်တော့ ဖျက်ချင်တဲ့သူတွေအတွက် ပြဿနာရှိလာနိုင်တယ်။ အခုဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြစ်ဒဏ်မပါဘူး။ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ ပေါ်လာရင်တော့ပြစ်မှုပြစ်ဒဏ်ပါလာမယ်။ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုပြင်ချင်တဲ့သူတွေက ပြဿနာမရှိ ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ချင်တဲ့သူတွေက ဖွဲ့စည်းပုံကာကွယ်ရေးဥပဒေမှာပါတဲ့ ဥပဒေနဲ့ ငြိစွန်း  လိမ့်မယ်။ အဲဒါကိုတော့စိုးရိမ်တယ်။ ဒါပေမဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ ကျွန်မတို့ကိုပြင်ဖို့အတွက်ကတိပေးထားတယ်။ လွှတ်တော်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မေလမှာ လူထုဆန်္ဒခံယူပြီးတော့ပြင်မယ်ဆိုပြီး ပြည်သူ့လွှတ်တော်နာယကကိုယ်တိုင်အချိန်ဇယားဆွဲ ပြီးတော့ လုပ်ထားတာရှိတဲ့အတွက် ကျွန်မအနေနဲ့ လွှတ်တော်နာယကကြီးကိုယုံကြည်တယ်။ဖြစ်အောင် လုပ်လိမ့်မယ်လို့ထင်တယ်။ ကျွန်မပြောချင်တာကဖွဲ့ စည်းပုံအခြေခံဥပဒေ  အားလုံးကို ပြင်တာတော့ မဟုတ်ဘူး။ အရေးကြီးတဲ့ (၄၃၆) လို့ပုဒ်မမျိုးတွေကို  လွှတ်တော်ကြီးကပြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

မေး- ပြည်သူလွှတ်တော်ဥက်္ကဋ္ဌသူရဦးရွှေမန်းက ဖွဲ့စည်း ပုံကိုပြင်မယ်လို့ပြောနေပေမဲ့ ရွေးကောက်ပွဲကော် မရှင်ဥက်္ကဋ္ဌဦးတင်အေးကအချိန်နည်းပါးနေတဲ့အတွက် လူထုဆန်္ဒခံယူပွဲမလုပ်နိုင်တော့ဘူးလို့ပြောနေတဲ့အပေါ် အစ်မအနေနဲ့ ဘယ်လိုမြင်တယ်ဆိုတာပြောပေးပါ။

ဖြေ- အဲဒီကိစ်္စကိုလည်း ကျွန်မတို့အင်မတန်မှ အံသြတယ်။ လူထုဆန်္ဒခံယူမယ်ဆိုတာက အခုမှ ကြေညာထားတာမှမဟုတ်ဘူး။ ဥပဒေမရှိသေးဘူး လို့ဦးတင်အေးကပြောပါတယ်။ လွှတ်တော်မှာ ၂၀၁၅ ဇန်န၀ါရီလကတည်းကဥပဒေပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ နောက်ပြီးတော့ဖွဲ့စည်းပုံပြင်ဆင်ပြီးရင် လူထုဆန်္ဒခံယူရမယ်ဆိုတာက ၂၀၁၄ ကတည်းကသိ ပြီးသားဖြစ်တယ်။ ၂၀၁၅ ကျရင်ရွေးကောက်ပွဲလုပ် ရမယ်ဆိုတာလူတိုင်းသိပြီးသားပါ။ လူထုဆန်္ဒခံယူရ မယ်ဆိုတာသိပြီးသားဖြစ်တယ်။တစ်နှစ်တည်းမှာနှစ်ခု စလုံးကိုမလုပ်နိုင်ဘူးဆိုရင်နဂိုတုန်းတည်းကိုကဖွဲ့ စည်းပုံအခြေခံဥပဒေကြမ်းကိုလွှတ်တော်မှာဆုံးဖြတ်  ကတည်းကိုက ကန့်ကွက်ရမှာဖြစ်တယ်။ အခုအချိန် မှာကန့်ကွက်လို့မရတော့ဘူးလို့ပြောချင်တယ်။

မေး- အဲဒီကိစ်္စရပ်အပေါ်အစ်မအနေနဲ့ ဘယ်လိုမြင် တယ်ဆိုတာကို ထပ်မံသုံးသပ်ပေးပါ။

ဖြေ- ကျွန်မအနေနဲ့ဒါကိုဘယ်လိုသုံးသပ်မိလည်းဆို ရင် ကျွန်မသတိထားမိလိုက်တာက ၂၀၁၅-၂၀၁၆ ရဲ့ ဘတ်ဂျက်ကိုကြည့်လိုက်တဲ့အခါမှာဖွဲ့စည်းပုံအခြေခံ  ဥပဒေခုံရုံးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အတွက် ဘတ်ဂျက်မထုတ်ထားဘူးဆိုတာ ကျွန်မသိ လိုက်ရတယ်။ အဲဒီအတွက် လူထုဆန်္ဒခံယူပွဲလုပ်ဖို့ မရှိဘူးလို့ကျွန်မတို့ထင်တယ်။ ဒါပေမဲ့ လူထုဆန်္ဒခံယူ ပွဲမလုပ်တာက ဥပဒေမရှိလို့မလုပ်ဘူးဆိုတာကတော့ ဆီလျော်တဲ့အကျိုးအကြောင်းပြချက်မဟုတ်ပါဘူး။ ဦးတင်အေးကလွှတ်တော်ထဲလာပြီး အမျိုးမျိုးပြော သွားတယ်။ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ပြော လိုက်၊ မလုပ်ဘူးလို့ပြောလိုက် ဒါတွေကိုကြည့်ခြင်းဖြင့် ကော်မရှင်ဥက်္ကဋ္ဌတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ဘောင်  အတွင်းကဆုံးဖြတ်နေတာလား။ ဒါမှမဟုတ်တစ်ဦး တစ်ယောက်အမိန့်ပေးလို့ဆုံးဖြတ်နေတာလားဆိုတာ ကိုထင်မြင်စရာတွေဖြစ်လာတယ်။

မေး- ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင် မယ့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကိုယ်စားလှယ် တွေကို အစ်မအနေနဲ့ ဘယ်လိုကိုယ်စားလှယ်မျိုးတွေ ဖြစ်စေချင်ပါသလဲ။

ဖြေ- ကျွန်မတို့က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့ပြီးတော့NLD အနေနဲ့ လွှတ်တော်ထဲ ရောက်ခဲ့တယ်။ လွှတ်တော်ထဲကိုဝင်ရင်ဘယ်လို အရည်အချင်းတွေရှိရမယ်ဆိုတာသဘောပေါက်လာ တယ်။ လွှတ်တော်ထဲကိုဝင်လာတဲ့သူတွေက ချချဆို ပြီး အမြဲတမ်းဆန့်ကျင့်ဘက်လုပ်ပြီးထိပ်တိုက်ရင်ဆိုင် မယ်ဆိုတဲ့ အတွေးမျိုးမရှိရဘူး။ ကိုယ့်ကိုယ်ကိုယ်Skill Full  ဖြစ်သလား၊ ကိုယ်က ဘယ်ဘာသာရပ်မှာ ကျွမ်းကျင်သလဲ၊ဘယ်လောက်ပရဟိတစိတ်ရှိသလဲ ဆိုတာကအရေးကြီးပါတယ်။ အရည်အချင်းမရှိဘဲနဲ့ လွှတ်တော်ထဲကို ရောက်လာခဲ့သည်ရှိသော် ပါတီ သိက်္ခာကျမယ်။ကိုယ့်ကိုယ်ကိုယ်လည်းသိက်္ခာကျမယ်။ လွှတ်တော်ကြီးအတွက်နဲ့ တိုင်းပြည်အတွက်အကျိုး  မရှိဘဲနဲ့ သူကိုရွေးချယ်တဲ့ မြို့နယ်အတွက်လည်း အကျိုးမရှိသလိုပြည်သူ့တွေအတွက် ဆုံးရှုံးရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာလိမ့်မယ်။ လွှတ်တော် ထဲကိုရောက်လာတဲ့ ကိုယ်စားလှယ်ကကိုယ့်မြို့နယ် အတွက် ဘာလုပ်ပေးပါ။ ညာလုပ်ပေးပါဆိုပြီးတော့ တောင်းတတ်ရုံနဲ့ မရပါဘူး။ လွှတ်တော်ထဲမှာ ဒီလို  တောင်းတယ်ဆိုတာက လူတိုင်းလုပ်တတ်ပါတယ်။ တောင်းတဲ့အလုပ်ကိုပဲလုပ်လို့မရပါဘူး။ တောင်းဖို့ အတွက်လည်း လွှတ်တော်ထဲကိုရောက်လာတာမဟုတ်   ဘူး။ တိုင်းပြည်ရဲ့ လက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုဝေဖန်နိုင်ရမယ်။ ထောက်ပြနိုင် ရမယ်။ ဆွေးနွေးနိုင်ရမယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုကိစ်္စမျိုးတွေမှာ ဘယ်လောက်ပါဝင်နိုင်သလဲ ဆိုတာကို  ဆန်းစစ်ရပါမယ်။  ဘာဖြစ်လို့လဲဆို တော့ တိုင်းပြည်မှာမမျှော်လင့်ပဲ အဓိက ဂုဏ်တွေ ဖြစ်လာမယ့် ကိစ်္စမျိုးတွေ ဒါတွေအားလုံးက ကိုယ့် မြို့နယ်မှာဖြစ်လာခဲ့သည်ရှိသော်ဖြေရှင်းနိုင်တဲ့အရည် အချင်းရှိလား။ ဥပဒေတွေကို ဘယ်လောက် ကျွမ်း ကျင်ထားလဲ။ ဘယ်လောက် ပရဟိတစိတ် ရှိလဲ။ ဒီဘာသာရပ်တွေမှာဘယ်လောက်အထိကျွမ်းကျင် ထားလဲဆိုတာက အရမ်းအရေးကြီးပါတယ်။ ခုနက အချက်တွေမရှိဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်  တစ်ယောက်လုပ်လို့မရဘူး။ လွှတ်တော်ထဲမှာ ဘယ် ကိစ်္စမဆိုချချဆိုတဲ့ အတွေးမျိုးနဲ့ လုပ်လို့မရဘူးဆို တာကို ကျွန်မတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်အတွေ့ အကြုံအရ သိလာပြီလို့ပြောချင်တယ်။ ဒါကြောင့် ကိုယ်စားလှယ်လုပ်မယ့်သူတွေက ကိုယ်ကိုယ်ကိုယ် ဆန်းစစ်ဖို့လိုပါတယ်။

မေး- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တတ်သိ ပညာရှင်တွေအားနည်းတယ်လို့ဝေဖန်သုံးသပ်မှုတွေရှိနေ ပါတယ်။ အဲဒီအပေါ်မှာအစ်မအနေနဲ့ ဘယ်လိုမြင် တယ်ဆိုတာပြောပေးပါ။

ဖြေ- မှန်ပါတယ်။ ကျွန်မတို့NLD မှ မဟုတ်ပါ ဘူး။ ပါတီတိုင်းပါတီတိုင်းမှာတော့ အသိပညာရှင်၊ အတတ်ပညာရှင်တွေလို့အပ်ပါတယ်။ ဒီလိုပညာရှင် တွေမရှိဘူးဆိုရင်အရှေ့စစ်မျက်နှာပြင်မှာထွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုအနောက်ကနေ ဒီလိုအသိပညာရှင်၊ အတတ်ပညာရှင်တွေကနေနေရ တာပါ။ ပါတီတိုင်းပါတီတိုင်းမှာလိုအပ်ပါတယ်။ ဘာသာရပ်တွေမှာ အထူးကျွမ်းကျင်မှုတွေရှိဖို့လိုအပ် ပါတယ်။ ပါတီတစ်ခုကအစိုးရအဖြစ်တာဝန်ယူရ တော့မယ်ဆိုရင်မှန်ကန်တဲ့ မူဝါဒတွေချပေးနိုင်တယ် ဆိုတာက ဒီအသိပညာရှင်၊ အတတ်ပညာရှင်တွေ ဆီကနေလာတယ်။ အဲဒီအတွက်ပါတီတိုင်းမှာလိုကို လိုအပ်ပါတယ်။

မေး- ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရပြီးတော့ လွှတ်တော်ထဲရောက်သွားတဲ့အခါမှာ လွှတ်တော်မှာ
 ဆောင် ရွက်ခဲ့ရတာအပေါ်မှာအားရကျေနပ်အားမှုရှိ ပါသလားခင်ဗျာ။

ဖြေ- ကျွန်မတို့က လွှတ်တော်ထဲမှာဆိုရင် ဆွေးနွေး ရမယ့် ကိစ်္စတွေမှာ ဘယ်လောက်နားလည်တယ်။ 
ဘယ်လောက်လေ့လာထားတယ်။ ဒီတိုင်းပြည်ရဲ့ကိစ်္စ တွေမှာ ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာဆွေး နွေးတယ်။ ဆွေးနွေးတဲ့အခါမှာ ဘယ်လိုခံစားရလဲ ဆိုတော့ ကျွန်မတို့ဆွေးနွေးကာဆွေးနွေး၏။ကျွန်မတို့ ဝေဖန်တာတွေ၊ ထောက်ပြတာတွေကိုလိုက်မလုပ် ဘူးဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ထောက်ပြခဲ့တယ်ဆိုတဲ့သမိုင်းမှတ်တမ်းတစ်ခုရှိရမယ် ဆိုတာနဲ့လုပ်ခဲ့တာပါ။တချို့ကိစ်္စတွေကတော့ တံတား ဆောက်ပေးပါ။  ကျောင်းဆောက်ပေးပါ။  ဟိုဟာပျက်နေပါပြီ။ ဒီဟာ ပျက်နေတယ်ဆိုရင် အစိုးရ ပိုင်းအနေနဲ့ လိုက်လုပ်ပေးတယ်။ Policy  ပိုင်းတွေကို ဆွေးနွေးရင်အစိုးအနေနဲ့ လိုက်လုပ်လေ့မရှိပါဘူး။ လွှတ်တော်ထဲမှာ နှစ်ပိုင်းရှိတယ်။ ကိုယ့်မြို့၊ ကိုယ် ဒေသအတွက်တောင်းဆိုရင်သက်ဆိုင်ရာဝန်ကြီးဌာန တွေကအတတ်နိုင်ဆုံးဖြည့်ဆည်းပေးတယ်။Policy  ပိုင်း တွေကိုဆွေးနွေးတဲ့အခါမှာတော့ အစိုးရအနေနဲ့ လိုက်လျောသည်ဖြစ်စေ မလိုက်လျောသည်ဖြစ်စေ၊ ကျွန်မတို့ကမြင်တဲ့ဟာတွေကို ဝေဖန်ခဲ့တယ်။ ထောက်  ပြခဲ့တယ်ဆိုတဲ့သမိုင်းမှတ်တမ်းရှိဖို့လိုအပ်ပါတယ်။

မေး- အဲဒါဆိုရင်အစ်မပြောချင်တာက အစိုးရနဲ့ လွှတ်တော်ချိတ်ဆက်ဆောင်ရွက်မှုအားနည်းနေတယ်လို့ ပြောချင်တာလားနည်းနည်းရှင်းပြပေးပါ။

ဖြေ- ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ အားနည်းတယ် ဆိုတာကို ၀န်ခံရပါမယ်။  ဘာဖြစ်လို့လဲဆိုတော့ အစိုးရပိုင်းမှာလည်းသူ့ဘာသာသူ Policy  ချမှတ်ထား တာရှိပါတယ်။ ဘယ်အချက်ကအားနည်းနေတယ်ဆို တာကိုထောက်ပြတဲ့အခါမှာ သူတို့ဘက်ကပြန်ပြင် ဖို့ ဘာအားနည်းနေတာလဲဆိုတော့ မလုပ်ခင်ကလာ တင်ပြတာမဟုတ်ဘူး။ လုပ်ပြီးတော့မှလွှတ်တော်  ကိုလာပြီး အသိပေးရုံပဲပေးတဲ့အတွက် ကျွန်မတို့ ကဒီနေရာမှားတယ်။ ဘယ်နေရာအားနည်းချက်ရှိ  တယ်ဆိုတာကိုထောက်ပြရင် ပြင်လို့မရတော့ဘူး။ အချိန်ကလွန်နေပြီ။ ကျွန်မတို့ကိုအသိပေးတယ်ဆို တဲ့ ပုံစံမျိုးနဲ့လာပြီး အသိပေးထားခွင့် တောင်းတဲ့ ပုံစံမဟုတ်တဲ့အတွကPolicy  ပိုင်းတွေမှာပြုပြင် ပြောင်းလဲဖို့အတွက်  ခက်တယ်ဆိုတာ  နားလည်ပါ တယ်။

မေး- လွှတ်တော်ထဲမှာ ဥပဒေတွေပြဋ္ဌာန်းခဲ့တာတွေ က ပြည်သူကိုအကျိုးပြုတဲ့ဥပဒေ ဘယ်နှခုလောက် ပါတယ်ဆိုတာကိုပြောပြပေးပါ။

ဖြေ- လွှတ်တော်သက်တမ်းတစ်လျှောက်မှာပြဋ္ဌာန်း တဲ့ ဥပဒေတွေကပြည်သူကိုကိုယ်စားပြုတယ်လို့ပြော လို့မရပါဘူး။ အထူးသဖြင့် တချို့ဟာတွေက အခြေ အနေအချိန်အခါအရလုပ်ပေးလိုက်ရတဲ့ဥပဒေမျိုးဆို တာရှိပါတယ်။ ဥပမာအားဖြင့် သမ်္မတကြီးကတင် လာတဲ့ မျိုးစောင့်ဥပဒေလေးခုဆိုရင်အခြေအနေအချိန် အခါအရအဖြစ်သဘောမျိုးနဲ့ လုပ်ပေးလိုက်ရတာတွေ  ရှိတယ်။ ဒီဟာတွေက တကယ်တော့ပြည်သူကို အကျိုးမပြုပါဘူး။ ဒါပေမဲ့လည်း အခြေအနေအချိန် အခါအရလွှတ်တော်ကသဘောတူပေးလိုက်ရတာ တွေရှိတယ်။ နိုင်ငံရေးအခြေအနေအရသဘောတူ လိုက်ရတာတွေရှိတဲ့အတွက် ဒါမျိုးတွေက တိုင်းပြည် အတွက်ငွေကုန်တယ်။ အင်အားကုန်တယ်၊ အချိန် ကုန်တယ်၊ လွှတ်တော်ကရေးဆွဲတဲ့ဥပဒေတိုင်းဟာ ပြည်သူကို ကိုယ်စားပြုတယ်လို့ မပြောနိုင်ဘူးလို့ ပြောချင်ပါတယ်။

မေး- လွှတ်တော်မှာဥပဒေပြဋ္ဌာန်းခဲ့ပေမယ့်။ တချို့ ဥပဒေတွေဆိုရင် နည်းဥပဒေတွေမလာဘဲ ကြန့်ကြာ နေတာတွေရှိပါတယ်။ အဲဒီအပေါ်မှာအစ်မရဲ့ သုံးသပ် ချက်ပြောပေးပါခင်ဗျာ။

ဖြေ- ဥပဒေတိုင်းက နည်းဥပဒေမလိုပါဘူး။ အလုပ် သမားဥပဒေဆိုရင်တော့ နည်းဥပဒေ လိုပါတယ်။ ကျွန်မတို့လွှတ်တော်က ဥပဒေတစ်ခု ပြဋ္ဌာန်းပြီး အတည်ပြုပေးလိုက်ရင်သက်ဆိုင်ရာဝန်ကြီးဌာနတွေ ကနည်းဥပဒေကိုဆွဲပါတယ်။ ကျွန်မတို့မှာဥပေဒတစ် ခုရှိတယ်။ ဥပဒေတစ်ခုထွက်ပြီရင်းရက်ပေါင်း (၉၀) အတွင်းနည်းဥပဒေထွက်ရမယ်ဆိုတဲ့ဟာရှိပါတယ်။ နည်းဥပဒေမထွက်ဘူးဆိုတာကတော့သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက အလုပ်မလုပ်လို့မထွက်တာဖြစ် တယ်။ နည်းဥပဒေထွက်လာပြီးရင်လည်း လွှတ်တော် ကိုပြန်မတင်ပြဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကိုပဲသိတယ်။ နည်းဥပဒေကိုမသိဘူး။ နည်း ဥပဒေမှာဘာတွေမှားနေတယ်။ ဥပဒေနဲ့ နည်းဥပဒေ မှာ ဘယ်လိုကိစ်္စမျိုးတွေဘယ်လိုကွာဟပြီးမှားနေ တယ်ဆိုတာကို မသိဘူးဖြစ်နေတယ်။ ကျွန်မတို့က ပြည်သူတွေကြားထဲမှာအလုပ်လုပ်ရတဲ့အခါကျတော့ နည်းဥပဒေနဲ့ လုပ်ရတဲ့အခါကျတော့ အဲဒီပြဿနာ    တွေတက်ကုန်တယ်။ တကယ်ဆိုရင်နည်းဥပဒေကို ပြန်ပြီးတော့ လွှတ်တော်ကိုပြန်တင်ပြမယ်ဆိုရင်တော့ ပြန်လည်ဆွေးနွေးခွင့်ရမယ်။ လူထုကြားထဲမှာ ကျင့်သုံးသင့်တဲ့ဥပဒေ၊ မကျင့်သုံးသင့်တဲ့ဥပဒေဖြစ် တယ်ဆိုတာကိုပြန်ပြီးဆွေးနွေးလို့ရမယ်။ နည်းဥပဒေ ကိုပြန်မတင်ပြတဲ့အတွက် ပုဒ်မ (၁၈) လိုဟာမျိုးတွေ ဆိုရင် ပြည်သူတွေကိုတကယ်အကျိုးပြုမယ့်ဥပဒေ မဟုတ်ဘဲနဲ့ ပြည်သူတွေကို ဒုက်္ခပေးမယ့်ဥပဒေမျိုး ဖြစ်နေတာကိုစိတ်မကောင်းစွာနဲ့တွေ့ရတယ်။

မေး- ကျွန်တော်မေးခဲ့တဲ့မေးခွန်းတွေအပေါ်မှာ တစ်စုံတစ်ရာဖြည့်စွက်ပြောစရာရှိရင်ပြောပေးပါ။

ဖြေ- တစ်စုံတစ်ရာ ဖြည့်စွက်ပြောရရင်တော့ လွှတ်တော်ကိုယ်စားလှယ်ပိုင်းကို ပြောချင်တယ်။ ၂၀၁၅ မှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ချင်တဲ့ သူတွေက လွှတ်တော်ကြီးကိုကြည့်ပြီးတော့ လစာ (၃) သိန်းကနေ (၁၀) သိန်းတက်သွားတယ်။ လှလှ ပပလေးဝတ်ပြီးလွှတ်တော်တက်ရတယ်ထင်ပြီးတော့ အာဏာပါဝါရှိတယ်ထင်ပြီးတော့ လွှတ်တော်ကိုယ် စားလှယ်ဖြစ်ချင်တဲ့ သူတွေအများကြီးရှိတာတွေရ တယ်။ တကယ်တမ်းဆိုရင်တော့ အဲဒါတွေကမှား တယ်။ ကျွန်မတို့ (၃) သိန်းရတဲ့အချိန်တုန်းကလည်း ကျွန်မတို့အိတ်ထဲကနေ တစ်လကို (၁၀) သိန်းလောက်  စိုက်ပြီးတော့ လွှတ်တော်ထဲမှာဝင်ပြီးတော့လုပ်ကိုင် ခဲ့တာပါ။ (၁၀) သိန်းလို့ဖြစ်လာရင်လည်း (၁၀) သိန်း နဲ့ တန်အောင်မြို့နယ်တွေကိုဆင်ပြီးတော့လုပ်ပေးရ မှာပါ။ (၁၀) သိန်းဆိုတာက ကိုယ်ကျိုးစီးပွား အတွက်ပေးတာမဟုတ်ဘူးဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ သိဖို့လိုတယ်။ နောက်တစ် ခုက ကိုယ်ရဲ့အတ်္တကိုယ်ကျိုးစီးပွားအတွက် လွှတ်တော်ကိုယ်စားလှယ်မလုပ်မိဖို့လိုတယ်။ ကိုယ် ရဲ့ပါဝါအာဏာပြဖို့အတွက် လွှတ်တော်ကိုယ်စား လှယ်မလုပ်မိဖို့လို့တယ်။ တကယ်ကိုပဲပရဟိတစိတ် ရှိဖို့လိုတယ်။ တချို့လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ အထူးသဖြင့် နယ်စွန်နယ်ဖျားကိုရောက်သွားပြီ ဆိုရင်တိုင်းပြည်ရဲ့ဘတ်ဂျက်တွေကို သူတို့ကိုယ်တိုင် ကုမ်္ပဏီထောင်ပြီး သူတို့ကိုယ်တိုင်ကန်ထရိုက်တွေ လုပ်နေတာအလွန်တရားမှားယွင်းနေတဲ့အပြုအမှု ဖြစ်တယ်။ ဒီလိုမျိုး လွှတ်တော်  ကိုယ်စားလှယ် တွေ မဖြစ်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီဆိုရင်တော့ သက် ဆိုင်ရာ အစိုးရကို အမြဲချချဆိုပြီး အမြဲဆန့်ကျင့် နေတဲ့အတွေးတွေ တစ်ချိန်က ငါခံစားခဲ့ရတယ် ငါတို့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင်ပြန်ပြီးတော့ လက်စားချေမယ်ဆိုတဲ့ စိတ်ဓာတ်ကိုအပြင်မှာ ထားခဲ့ဖို့လိုအပ်တယ်။ ဒီလိုစိတ်ဓာတ်တွေမရှိဖို့လို အပ်သလို လွှတ်တော်ကိုယ်စားလှယ်မှာ တိုင်းပြည်ရဲ့ အရေးကိစ်္စတွေကိုဝင်ရောက်ဆွေးနွေးနိုင်ဖို့ဆိုတာ အရေးကြီးဆုံးပါပဲ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပြီး သွားရင်လွှတ်တော်ထဲမှာ ဘာမှမဆွေးနွေးဘဲ ငုတ်တုတ်ထိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်မဖြစ် ဖို့အရေးကြီးပါတယ်။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာကိုကျေးဇူးတင်ပါ တယ်။

Hot News Journal


No comments:

Post a Comment

My Blog List