ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း စာသင်ကျောင်းများတွင်
ငွေကြေးကောက်ခံမှုများ မရှိစေရန် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့်
ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးများက တာဝန်ယူဆောင်ရွက်ရ မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သတင်း ရရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးများက‘‘ငွေကြေး ကောက်ခံခြင်း မပြုရဘူးဆိုတာကို သက်ဆိုင်ရာ တိုင်းမှူးတွေဆီ စာထွက်ထား တယ်။ သက်ဆိုင် ရာ တိုင်းမှူးတွေက အဆင့်ဆင့်ကြီးကြပ်ပါ။ ကြီး ကြပ်တဲ့ အောက်မှာ ဖြစ်ပေါ်လာရင် ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုတဲ့အထိ နှုတ်နဲ့ရော၊ စာနဲ့ရော ထွက်ထားပါတယ်’’ဟု အဆိုပါ အဆင့်မြင့်အရာရှိက ပြော သည်။
ကျောင်းအပ်နှံစဉ်အချိန်အ တွင်း ငွေကြေးကောက်ခံမှုများရှိ ခဲ့ပါက သက်ဆိုင်ရာမြို့နယ်ပညာ ရေးမှူးရုံးနှင့် တိုင်းပညာရေးညွှန် ကြားရေးမှူးရုံးများသို့ သက်သေနှင့်တကွ တိတိကျကျတိုင်ကြားစေလိုကြော
‘‘အခုက ဘယ်ကျောင်းကသိန်းဘယ်နှဆယ် ပေးနေရပါ တယ်ဆိုပြီး သတင်းထွက်တယ်။ ဒါဆိုရင် ပေးခဲ့ ရတဲ့သူက ကျွန် တော့်သား ဘယ်နှတန်းက ကျောင်းအပ်ချင်လို့ ဆရာမကြီး ကို ဘယ်သူ့ရှေ့မှာ သိန်း ဘယ် လောက်ပေးလိုက်ရပါတယ်ဆိုပြီး
ငွေကြေး ကောက်ခံမှုများသည် သူငယ်တန်း၊ ပဉ္စမတန်းနှင့် န၀မတန်း ကျောင်းသားများ ကျောင်းဝင် ခွင့်လျှောက်ထားရ
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ မှ ၃၁ ရက်အထိ သတ်မှတ် ၍ ကျောင်းသားများကို ကျောင်းအပ်လက်ခံနေပြီး ကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်သင် ကြားပေ
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့်အထိ အခမဲ့ ပညာရေးစနစ် အဖြစ် စတင်အ ကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် ငွေကြေးပေးသွင်းရန် မလိုဘဲ မူလတန်းအဆင့် ကျောင်းသားများအား ကျောင်းဝတ်စုံတစ်စုံ၊ ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ် ခြောက် အုပ်၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ ပုံနှိပ်စာအုပ်များ အခမဲ့ရရှိမည် ဖြစ်သည်။
‘‘၀င်ခွင့်ဖောင်ကို ကလေး တစ်ယောက်ကို တစ်စောင် အ လကားပေးတယ်။ ဒီနှစ်ပေးတဲ့ ပုံ နှိပ်စာအုပ်၊ ဗလာစာအုပ်တွေကို ကျောင်းအပ်ချိန် အမီရတယ်။အရည်အသွေးလည်း တော်တော် ကောင်းတယ် ။ ကျောင်းသားတွေ အတွက် ကျောင်းဝတ်စုံကတော့ အရွယ်အစားတိုင်းဖို့ လိုတဲ့အတွက်ကြောင့် ကျောင်းဖွင့် ချိန်ကျ မှ ရမှာပါ’’ဟု ကမာရွတ်မြို့နယ် အမက (၂) ကျောင်းအုပ်ဆရာ မကြီး ဒေါ်ရီရီခိုင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များတွင် ကျောင်းစာသင်ခန်း အတွင်းသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖုန်းများ ယူဆောင်ခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးက
‘‘ကလေးကို ကျောင်းသွား အပ်တော့ ကျောင်းကို ဖုန်းယူမလာဖို့ စည်းကမ်းချက်ထုတ်ထားတယ်။ ယူလာ ရင်လည်း အတန်းပိုင်ဆရာမက သိမ်းထားမယ်လို့ ပြောတယ်။ ကျောင်းအပ်တာ ဘာကြေးမှ မပေးခဲ့ရဘူး’’ ဟု ကမာရွတ်မြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ယခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာ အခမဲ့ပညာရေး စနစ်အတွက် ငွေကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် သုံးစွဲမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်း ထောက်ပံ့ကြေးအတွက် ကျပ် သန်းပေါင်း ၄၆,၀၀၀ ကျော် သုံးစွဲ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အခြေခံပညာကျောင်း များတွင် တက်ရောက်သင်ကြား နေသည့် မူလတန်းအဆင့် ကျောင်းသား ၅ ဒသမ ၇ သန်း၊ အလယ်တန်းအဆင့် ကျောင်း သား ၂ ဒသမ ၈ သန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ရှစ် သိန်းကျော်ရှိကြောင်း ပညာရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၅−၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံနေပြီ
7Day Daily
No comments:
Post a Comment