Friday, May 29, 2015

ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမည်


လုံခြုံရေးအဆင့်မြှင့်ထားသော ကျပ်တစ်သောင်းတန် ငွေစက္ကူအသစ်ကို ၂၀၁၅ ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ် ပြန်ကြေညာသည်။

ကျပ်တစ်သောင်းတန်ငွေစက္ကူ အသစ်ကို လုံခြုံမှုအဆင့်အတန်း မြင့်မားရန်၊ သက်တမ်းပိုမိုရှည် ကြာစေရန်နှင့် အတုအပပြုလုပ် ခြင်းမှ ကာကွယ်ရန် ထုတ်ဝေခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏ မေလ ၂၈ ရက် ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

ကျပ်တစ်သောင်းတန်ငွေ စက္ကူအသစ်ထပ်မံထုတ်ဝေမည် ဖြစ်သော်လည်း လက်ရှိတရားဝင် သုံးစွဲနေသော ကျပ်တစ်သောင်း တန်ငွေစက္ကူများမှာလည်း တရား ၀င်ငွေအဖြစ် ဆက်လက်တည်ရှိ မည်ဖြစ်သည်။

အသစ်ထုတ်ဝေမည့် ကျပ် တစ်သောင်းတန်တွင် ရိုးရိုးဂဏန်း‘‘၁၀,၀၀၀’’အစား တောက်ပသည့် မြစိမ်းရောင် ‘‘၁၀,၀၀၀’’ ဂဏန်းကို ပြောင်းလဲထားသည်။ ငွေစက္ကူ ကို အနေအထားပြောင်းလဲကြည့် လျှင် ယင်းဂဏန်း၏ တောက်ပမှု အလင်းရောင်သည် အထက် အောက်ရွေ့လျားနေသည့်အပြင် ဂဏန်း၏ အရောင်သည် မြစိမ်း ရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲနိုင်သည်ဟု ဗဟိုဘဏ် က ဆိုသည်။

အထက်ပါကျပ် တစ်သောင်းတန်အသစ်တွင် ပုံစံသစ်ကြာဖြူ ပွင့်ပုံ ရေစာနှင့် ငွေစက္ကူ၏ ရှေ့မျက်နှာစာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများကို ထည့်သွင်းထားသည်။ မူလကျပ်တစ်သောင်းတန် ငွေစက္ကူတွင် အသုံးပြုထားသည့် လုံခြုံရေးကြိုးကို ဆက်လက်အသုံးပြုထားပြီး ငွေစက္ကူကိုကြည့်သည့်အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်း ခရမ်းရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေစက္ကူကို ဖုံးအုပ်ကာကွယ် ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့ များ၊ အရည်များနှင့် အရောင်စွန်း ထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူအရည်အသွေးနိမ့်ကျ ပျက်စီးခြင်းကို ကာကွယ်စေသ ဖြင့်ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမိုရှည်ကြာစေကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

‘‘ငွေစက္ကူအတုတာ ပိုခက်သွားအောင်လုပ်တဲ့သဘောပါပဲ။အသစ်ထွက်ရင် Demand များတယ်။ အမေရိ 
ကန်ဒေါ်လာ အသစ်ထွက်တုန်း လိုချင်တဲ့သူ များပြီး ဒေါ်လာဈေးတက်သွား တာရှိတယ်’’ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဟောင်းဖြစ်သူ လက်ရှိကမ္ဘောဇ ဘဏ်အကြီးတန်းအကြံပေး ဦး သန်းလွင်က ပြောသည်။

ငွေစက္ကူအသစ်ထုတ်လုပ် ခြင်းနှင့် ငွေကြေးဖောင်းပွခြင်းမှာ မဆိုင်ကြောင်း၊ ငွေစက္ကူအသစ် ထုတ်လျှင် အဟောင်းကို လျှော့ချ ရကြောင်းနှင့် ဗဟိုဘဏ်တွင် စည်းမျဉ်းစည်းကမ်းရှိပြီး အ ဟောင်းမလျှော့ဘဲ အသစ်ထပ် ထုတ်လျှင် ကုန်ဈေးနှုန်းတက်လာ နိုင်ခြေရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိသုံးစွဲနေသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၂ ဇွန်လ ၁၅ ရက်က စတင် ထုတ်ဝေခဲ့ပြီး ငွေစက္ကူ၏ လုံခြုံရေးမြင့်မားကာ အရည်အသွေးပို မိုကောင်းမွန်စေရန် ရည်ရွယ်၍ငွေစက္ကူအသစ် ထုတ်ဝေခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ပါရှိသည်။

7Day Daily



No comments:

Post a Comment

My Blog List