ကင်ညာနိုင်ငံသား ရှေ့နေတစ်ဦးက အမေရိကန်သမ္မတအိုဘားမားရဲ့ သမီးနှစ်ဦးထဲက အသက် ၁၆ နှစ်အရွယ် သမီးကြီး မာလီယာကို သူပိုင်ဆိုင်တဲ့ သိုးတွေ၊ နွားတွေနဲ့ တင်တောင်ဖို့ ဆန္ဒရှိကြောင်း ပြောလိုက်ပါတယ်။ ဖိလစ်ကစ်ပရိုနိုလို့ အမည်ရတဲ့ အဲဒီအမျိုးသားက နွားအကောင်ငါးဆယ်၊ သိုးအကောင်း ၇၀ ၊ ဆိတ်အကောင် ၃၀ နဲ့အတူ အိုဘားမားရဲ့သမီးကို လက်ထပ်ခွင့်ရဖို့ တင်တောင်းချင်တာ ဖြစ်ပါတယ်။
Nairobian သတင်းကဖော်ပြထားတာကို ကိုးကားပြီး skynews သတင်းဌာနက ဖော်ပြထားရာမှာတော့ ဒီရှေ့နေ အမျိုးသားရဲ့အသက် ပါရှိခြင်း မရှိပါဘူး။
‘‘ ကျွန်တော် သူမကို ၂၀၀၈ လောက်ကတည်းက စိတ်ဝင်စားနေခဲ့တာပါ။ သူမကို မေတ္တာရှိနေပြီဆိုတာ သေချာသွားကတည်းက အခုထိ ရည်းစား တစ်ယောက်မှ မထားခဲ့ပါဘူး’’ လို့ သူကပြောပါတယ်။
အိုဘားမားက ဇူလိုင်လထဲမှာ ကင်ညာနိုင်ငံကို လာဖို့ရှိတာကြောင့် အဲဒီခရီးစဉ်မှာ သူ့သမီးကိုခေါ်ပေးခဲ့ဖို့ အိုဘားမားဆီ စာတစ်စောင် ရေးသွားမယ်လို့လည်း ကစ်ပရိုနိုက ပြောပါတယ်။
အိုဘားမားရဲ့သမီးကို သူချစ်တာဟာ သာမန်ယောက်ျားတစ်ဦးအနေနဲ့ ချစ်တာဖြစ်ပြီး ဘဝကိုလည်း သာမန် အိမ်ထောင်သည်ဘဝနဲ့သာ ဖြတ်သန်းသွားချင်ကြောင်း ကစ်ပရိုနိုက ဆက်ပြောခဲ့ပါတယ်။
အခွင့်ကြုံရင်တော့ မာလီယာကို နွားနို့ညှစ်နည်းနဲ့ ရိုးရာမုန့်လုပ်နည်းတွေ သင်ပေးချင်ကြောင်းလည်း သူက ဆက်ပြောခဲ့ပါသေးတယ်။
Planet Myanmar Network
No comments:
Post a Comment