Tuesday, May 26, 2015

မူးယစ်ဆေးဝါးတိုက်ဖျက်ရန်ခက်ခဲမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ပြဝေဖန်


မူးယစ်ဆေးဝါးပြဿ နာများ ဖြေရှင်းရာတွင် အောက် ခြေက အသေးအဖွဲ့များကိုသာဖမ်းပြီး အမှုကြီးများကို အရေးမ ယူသည့်အတွက် အမှန်တကယ် တိုက်ဖျက်ရန် ခက်ခဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပူတာအိုမြို့တွင် မေလ ၂၃ ရက် ညနေ၌ ဘာသာရေးခေါင်း ဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘာသာရေးခေါင်းဆောင်များနှင့် မလိခဟိုတယ်တွင် တွေ့ဆုံစဉ် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင် တစ်ဦးက NLD ပါတီမှ ပြည်သူများနှင့်ပူး ပေါင်းကာ မူးယစ်ဆေးဝါးတိုက် ဖျက်မှုတွင် မည်သို့သောအပိုင်းတွင် ပါဝင်နိုင်ကြောင်း မေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အေဂျီ အသင်းတော်မှ ဘာသာရေးဆရာ ဆန်တောင်းဒီးက ဆိုသည်။

မူးယစ်ဆေးဝါးသည် ဥပဒေအရ လုပ်ရသည့်အတွက် အစိုးရ နှင့် ပူးပေါင်းလုပ်ဆောင်ရန်သာ အသင့်လျော် ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးမရခြင်းသည် ပြည် သူလူထုအားလုံး တန်းတူအခွင့် အရေးများ မရသည့်အတွက်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ သူ ဆရာပီတာက ဆိုသည်။

မတ်လ ၂၃ ရက် လူထုနှင့်တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ မူးယစ်ဆေးဝါးမသုံး မိရန်၊ မိဘများ သတိရှိရန်နှင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို ရှင်းပြခဲ့သည်။

ပူတာအိုမြို့နယ်တွင် ယခု နှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် လက်ဝယ်ထားရှိသူများကို ဖမ်းဆီးခဲ့ ရာ အမှုပေါင်း ၁၃ ခုရှိကြောင်း ပူတာအိုမြို့မရဲစခန်းမှူး ဒုရဲမှူးတင်အောင်က ဆိုသည်။

ပူတာအိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများအား ပြောကြားနေစဉ် (ဓာတ်ပုံ − မရန်)
7Day Daily


No comments:

Post a Comment

My Blog List