ပင်လယ်တွင်းရှိ လှေပေါ်တွင်တွေ့ရသည့် ဒုက္ခသည်များ အနက် ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံ မှလာသော ဘင်္ဂါလီ များဖြစ်ပြီး ကျန်ဒုက္ခသည်များမှာ မလေးရှားနိုင်ငံသို့ အလုပ်လာရှာသည့် ဘင်္ဂလားဒေ့ ရှ်အလုပ်သမားများဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ် ရှော့က ပြောကြားလိုက်သည်။
ပင်လယ်ပြင်တွင် လှေဖြင့် မျောနေသော ဒုက္ခသည် ၇,၀၀၀ ခန့်ရှိသည့်အနက် ၃၀ မှ ၄၀ရာခိုင် နှုန်းခန့် သာ မြန်မာပြည်မှ ဘင်္ဂါလီများဖြစ်ပြီး ကျန်လူအားလုံးမှာ ဘင်္ဂလားဒေ့ရှ်မှလာသော တရားမဝင်အလုပ်သမား များဖြစ် ကြောင်း အင်ဒိုနီးရှားတာဝန်ရှိ သူများက သြစတြေးလျနိုင်ငံခြား ရေးဝန်ကြီး ဂျူလီဘစ်ရှော့အား ပြော ကြားခဲ့သည်ဟု ဆိုသည်။
‘‘ပင်လယ်မှာ လူ ၇,၀၀၀ လောက်ရှိတယ်လို့ (အင်ဒိုနီးရှား)က ယုံကြည်တယ်။ ပြီးတော့ ၃၀ - ၄၀ ရာ ခိုင်နှုန်းလောက်က ဘင်္ဂါလီတွေလို့ သူတို့ထင်တယ်။ ကျန်တာတွေက ဘင်္ဂလားဒေ့ရှ် တွေ။ ပြီးတော့ အင်ဒိုနီးရှားနဲ့ စကားပြောရရင် သူတို့တွေက နိုင်ငံရေး ခိုလှုံခွင့် တောင်းသူတွေ မဟုတ်ဘူး။ သူတို့တွေက ဒုက္ခ သည်တွေမဟုတ်ဘူး။ သူတို့တွေက တရားမဝင် အလုပ်ကြမ်း သမားတွေ။ မလေးရှားမှာ အလုပ်ရမယ် လို့ သူတို့ကို အာမခံထားတာ (ဒါမှမဟုတ်) မလေးရှားမှာ အလုပ်ရှာနေကြတာ’’ ဟု မစ္စတာဘစ်ရှော့က သြစတြေးလျနိုင်ငံ၌ မေလ ၂၃ ရက်တွင် ပြောခဲ့သည်။
သြစတြေးလျ လွှတ်တော်အမတ် စကော့မော်ရစ်ဆင်သည် ဘင်္ဂါလီများနေသည့် စခန်းများသို့ သွားရောက် ခဲ့သည်။ ၎င်းက အဆိုပါ ပြဿနာသည် ထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ဘင်္ဂါလီဦးရေ တစ်သန်းခန့်ရှိနေပြီး ၎င်းတို့ကို ပြန်လည် နေရာချထားပေးရန် ဆိုခြင်းသည် တကယ့်အခြေ အနေကို လုံးဝနားမလည်ဘဲ ပြောနေကြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ကိုးကား−စကိုင်းနယူးစ်
ဓာတ်ပုံ − အေအက်ဖ်ပီ
7Day Daily

No comments:
Post a Comment