Friday, May 29, 2015

IS နှင့်ပေါင်းပြီး အများပြည်သူ နေရာများကို တိုက်ခိုက်မည့် စင်ကာပူ ဆယ်ကျော်သက် အဖမ်းခံရ


အသက် ၁၉ နှစ်အရွယ် စင်ကာပူ ဆယ်ကျော်သက်တစ်ဦးသည် IS စစ်သွေးကြွများနှင့် သွားရောက်ပူးပေါင်းရန်နှင့် စင်ကာပူရှိ အများပြည်သူနေရာများကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကို ဖော်ထုတ်သိရှိရပြီး ဖမ်းဆီးထားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ အရီဖီအဇင်ပူထရာနောဂျာသည် အကြမ်းဖက်မှုဆက်စပ်ဖြင့် စင်ကာပူတွင် အဖမ်းခံရသူများတွင် အငယ်ဆုံးဖြစ်ကာ ပထမဆုံး IS နှင့် ဆက်စပ်သည့် တရားခံဟု ယူဆရသူလည်း ဖြစ်သည်။

နောက်ထပ် ဆယ်ကျော်သက်တစ်ဦးကိုလည်း အစွန်းရောက် အယူအဆနှင့် ချိတ်ဆက်မှု ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသေးသည်။ အရီဖီအဇင်ပူထရာနောဂျာသည် IS အဖွဲ့နှင့် ချိတ်ဆက်ပေးနိုင်မည့် လူများနှင့် ဆက်သွယ်ခဲ့ကာ ဆီးရီးယားသို့ သွားသည့် လမ်းကြောင်းများကိုလည်း လေ့လာစုံစမ်းပြီး ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုထားသည်။

ဖောက်ခွဲရေးပစ္စည်းများကို မည်သို့ လုပ်ဆောင်ရသည် ဆိုသည်ကို သုတေသနပြုနေခြင်းဖြင့် အဓိက အဆောက်အအုံများနှင့်အစိုးရ ခေါင်းဆောင်များကို ပစ်မှတ်ထားရန် လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

၎င်း၏ အကြံများ မအောင်မြင်ပါက လူထုကြောက်လန့်သွားစေရန် ဓားဖြင့် တိုက်ခိုက်မှုများ သို့မဟုတ် စည်းရုံးမှုများ ပြုလုပ်
ရန် စီစဉ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း စင်ကာပူ အာဏာပိုင်က ဆိုထားသေးသည်။ အဆိုပါလူငယ်ကို ဧပြီလကတည်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး ယခုမှသာ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ဒုတိယမြောက်လူငယ်သည် အသက် ၁၇ နှစ်ဖြစ်ပြီး မေလတွင် ဖမ်းဆီးသည်ဆိုသည်မှ တစ်ပါး အခြားသတင်းအချက်အလက်များကို မသိရသေးပေ။ စင်ကာပူနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစ၍ အကြမ်းဖက်မှုနှင့် ဆက်စပ်ပြီး လူပေါင်း ၆၀ ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ပြီးခဲ့သည့်နှစ်က လက်တစ်ဆုပ်စာ စင်ကာပူနိုင်ငံသားများသည် ဆီးရီးယား သို့ ထွက်ခွာသွားကြကာ IS စစ်သွေးကြွ တပ်ဖွဲ့ထံသို့ ပူးပေါင်းသွားကြသည်။

The Voice Weekly


No comments:

Post a Comment

My Blog List