Tuesday, May 26, 2015

အီရန်၏ နျူကလီးယားအရေး P5+1 နိုင်ငံများနှင့် ဆွေးနွေးပြန်လည်စမည်


သြစတြေးလျနိုင်ငံမြို့တော် ဗီယင်နာတွင် အီရန်နျူကလီးယားအရေးနှင့် ပတ်သက်ပြီးနောက်ဆုံးသဘော တူညီမှုရရှိအောင် အီရန်နိုင်ငံနှင့် P5+1 နိုင်ငံများမှ ကိုယ်စားလှယ်များ ဆွေးနွေးပွဲကို ပြန်လည်စတင် ကျင်းပမည်ဖြစ်သည်။
ဗီယင်နာတွင် လာမည့်ဗုဒ္ဓဟူးနေ့၌ ဥရောပသမဂ္ဂလက်ထောက်နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဟယ်ဂါရှ မစ်နှင့်အတူ အီရန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး များဖြစ်ကြသည့် အဘတ်စ်အရာချီနှင့် မာဂျစ်ရာဗန်ချီ တို့က တွေ့ဆုံ ခဲ့ကြမည်ဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် အီရန်နျူကလီးယားအရေးနှင့် ပတ်သက်ပြီး ဧပြီလအတွင်းက ဆွစ်ဇာလန်တွင် ကျင်းပခဲ့ သည့် အစည်းအဝေး၏ နောက်ဆုံးသဘော တူညီမှုကို ရရှိရန် နောက်ဆုံးအသုတ်ဆွေးနွေးပွဲအဖြစ် ပြန် လည် ကျင်းပမည်ဖြစ်သည်။

ယခုနောက်ဆုံးဆွေးနွေးပွဲကို သောကြာနေ့အထိ ကျင်းပသွားရန်ရှိပြီး  P5+1 နိုင်ငံများမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်ကြဖွယ်ရှိသည်။ ထိုပြင်နှစ်ဖက်စလုံးမှ ပညာရှင်များလည်း အစည်းအဝေးသို့ ပါဝင်တက်ရောက်နိုင်ဖွယ်ရှိသည်။

Ref: Press TV
Mizzima - News in Burmese


No comments:

Post a Comment

My Blog List