Friday, May 29, 2015

ခိုးဝင်ဘင်္ဂါလီ ၂၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဟု ဘင်္ဂလားဒေ့ရှ်အစိုးရ အတည်ပြု


မြန်မာအစိုးရက ကယ်တင်ထားသည့် ဘင်္ဂါလီ ၂၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်သည်ဟု စစ်တွေမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။
အဆိုပါ ဘင်္ဂါလီ ၂၀၀ ကျော်၏ ကိုယ်ရေးအချက်အလက်များကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်သွယ်စစ်ဆေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မှန်ကန်ကြောင်း မေလ ၂၆ ရက်နေ့တွင် အတည်ပြု လက်ခံလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မိသားစုတွေဆီကို ဆက်သွယ်တဲ့အခါ သူတို့မိသားစုကလည်း မှန်ကန်ကြောင်း အတည်ပြုတယ်လို့ ကောင်စစ်ဝန်က ပြောပါတယ်” ဟု ဦးခင်စိုးက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သဖြင့် ပြန်လည်ခေါ်ယူရန် ကောင်စစ်ဝန်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကို တင်ပြထားပြီး သံရုံးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်အစိုးကို ဆက်လက်တင်ပြနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း ပြန်လည်လွှဲပြောင်းပေးနိုင်မည့် အချိန်ကာလကိုမူ ၎င်းက အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးပေ။

ဘင်္ဂါလီ ၂၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနီးဆုံးဖြစ်သည့် မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ပို့ဆောင်စောင့်ရှောက်ထားသည်။

အဆိုပါ ဘင်္ဂါလီများကို ခေါ်ဆောင်ခဲ့သည့် လှေလုပ်သား ၂၀ ဦးကို ဇွန်လ ၅ ရက်နေ့ထိ ပထမအကြိမ် ချုပ်ရမန်ယူပြီး စစ်ဆေးနေကြောင်း၊ ၎င်းတို့ကို ပြစ်မှုဥပဒေ ပုဒ်မ ၃၆၇ (လူကုန်ကူးမှု)၊ ၃၆၈ (သွေးဆောင်)၊ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မောင်တောမြို့နယ် တရားရုံးထံမှ သိရှိရသည်။

မြန်မာအစိုးရက ကယ်တင်ခဲ့သည့် ဘင်္ဂါလီ ၂၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူငယ်အမျိုးသားများ ဖြစ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂက မေလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့ရေပိုင်နက်တွင် မေလ ၂၁ ရက်နေ့က ဘင်္ဂါလီ ၂၀၈ ဦး တင်ဆောင်လာသည့် စက်လှေတစ်စင်းနှင့် လှေသားအချို့ ပါဝင်သည့် စက်လှေတစ်စင်းကို မြန်မာ့တပ်မတော်(ရေ) က ဖမ်းဆီးမိခဲ့သည်။

The Voice Weekly


No comments:

Post a Comment

My Blog List