Wednesday, May 27, 2015

နိုင်ငံလုံးချီ အပစ်အခတ်ရပ်စဲမှု လက်မှတ်ထိုးရေး အစီရင်ခံစာ လော်ခီးလာညီလာခံသို့ NCCT တင်သွင်းမည်


ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လော်ခီးလာတွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် ညီလာခံသို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က နိုင်ငံလုံးချီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေးနှင့် ပတ်သက်သော အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း NCCT ထံမှ သိရှိရသည်။

ယင်းအစီရင်ခံစာ တင်သွင်းရန် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က လော်ခီးလာညီလာခံ အကြို အဖြစ် ပြုလုပ်သော အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးကို မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်လျက်ရှိသည်။

“အပစ်ရပ်ဖို့ကိစ္စက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေက ခေါင်းဆောင်တွေက ဆုံးဖြတ်မှာ ဆိုတော့ လော်ခီးလာမှာ အစီရင်ခံစာတင်ဖို့ကို ဆွေးနွေးတယ်။ နောက်တစ်ခုက NCCT အဖွဲ့ရဲ့ ဖွဲ့စည်းပုံပြောင်းလဲဖို့ ကြိုတင်ဆွေးနွေးဖို့လည်း ရှိတယ်” အဆိုပါ တာဝန်ရှိသူက ထပ်လောင်းပြောဆိုသည်။

NCCT ၏ အကြိုဆွေးနွေးပွဲတွင် ရရှိလာသည့် အချက်အလက်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ဆွေးနွေး ဆုံးဖြတ်မည့် လော်ခီးလာညီလာခံတွင် တင်ပြ မည်ဖြစ်ကြောင်း NCCT ထံမှ သိရသည်။

လော်ခီးလာညီလာခံကို လာမည့် ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ကေအန်ယူထိန်းချုပ်နယ်မြေ လော်ခီလာ တွင် ကျင်းပမည် ဖြစ်ကြောင်း NCCT တာဝန်ရှိသူများက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List