Tuesday, May 26, 2015

ဒီမိုကရေစီသည် ထိုင်းစီးပွားရေးအတွက် အကောင်းဆုံးဟုဆို


ထိုင်းစီးပွားရေး၏ အနာဂတ်မှာ တည်ငြိမ်သောဒီမိုကရေစီတွင် တည်နေပြီး၊ ဒီမိုကရေစီစနစ်ကသာလျှင် ရေရှည်တည်တံ့၍ မျှတသော စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက ယမန်နေ့က ပြော ကြားခဲ့သည်။ ''ဒီမိုကရေစီက တီထွင်ဆန်းသစ်မှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အတွေးအခေါ်လွတ်လပ်မှုကို ခွင့်ပြု တယ်''ဟု ၄င်းတို့က ပြောကြားခဲ့သည်။


Thammasat တက္ကသိုလ်တွင် ကျင်းပခဲ့သော ''ထိုင်းစီးပွားရေး၊ မျှော်လင့်ချက်နှင့် အနာဂတ်''ဟု အမည်ရ သည့် စာတန်းဖတ်ပွဲတစ်ခုတွင် ထိုင်းနိုင်ငံ၏ မှုန်မှိုင်းသော စီးပွားရေးအနာဂတ်နှင့် ပတ်သက်၍ စိုးရိမ် မိကြောင်း စီးပွားရေးလုပ်ငန်းရှင်အုပ်စုနှင့် ပညာရှင်များက ပြောကြားခဲ့ကြသည်။

Thammasat မှ ကထိက ၀ီရိုး အလီကလည်း လက်ရှိအခြေအနေက ဆိုးရွားသော စီးပွားရေးကို အဓွန့် ရှည်စေပြီး၊ ယမန်နှစ်က စစ်တပ်က အာဏာသိမ်းမှုနှင့် လက်ရှိ စီးပွားရေးအဆောက်အအုံပိုင်း ပြဿနာ များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ ယုံကြည်မှု ကင်းမဲ့နေကြသည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုနောက် ဆုံး လူကုန်ကူးမှု အရှုပ်အထွေးကလေည်း စီးပွားရေးပြဿနာများကို ပိုမိုနက်ရှိုင်းသည်းသန် သွားစေခဲ့သည်ဟုလည်း ၄င်းက ပြောကြားသည်။

ထိုင်းနိုင်ငံမှာ ပို့ကုန်အပေါ်တွင် အကြီးအကျယ် မှီခိုနေရပြီး၊ လူကုန်ကူးမှုနှင့် ပတ်သက်လာသည့်အခါ တွင် နိုင်ငံခြားအဖွဲ့အစည်းများမှာလည်း အရွေးကောက်ခံ အစိုးရနှင့်သာ ညှိနှိုင်းဖြေရှင်းချင်ကြသည်။ ၂၀၁၀နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း သိသိသာသာ ကြုံ့ဝင်လာနေခဲ့သည်။ပို့ကုန်ကျဆင်း ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ပြည်တွင်းဖွံ့ဖြိုးမှု အားနည်း၍ စားသုံးမှု နိမ့်ကျလာသောကြောင့် ထိုင်းကုမ္ပဏီများက ၄င်းတို့၏ ပင်မအခြေ စိုက်ဌာနများကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ပြောင်းရွှေ့ သွားသောကြောင့် ဖြစ်သည်။

ဆိုးရွားညံ့ဖျင်းသော ၀င်ငွေဖြန့်ဖြူးမှုနှင့် နိုင်ငံရေးပြဿနာများက စီးပွားရေး နှေးကွေးကျဆင်းမှုကို ဖြစ်ပွားစေ  သည်ဟုလည်း ၀ီရိုး အလီက ပြောကြား ခဲ့သည်။ ယင်း ကဲ့သို့သောအခြေအနေတွင် ထိုင်းနိုင်ငံမျာ စီးပွားရေး အလျင်အမြန် ကြီးထွားလာနေသော ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့၏ ပြင်း ထန်သော ပြိုင်ဆိုင် မှုကို ရင်ဆိုင်လာနေရသည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List