Thursday, May 28, 2015

တောင်တရုတ်ပင်လယ်သည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါဟု အိမ်ဖြူတော်ပြောကြား


တောင်တရုတ်ပင်လယ်ရှိ အခြေအနေသည် အမေရိကန်အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက် အလွန်အရေးပါသည်ဟု အိမ်ဖြူတော်က ပြောကြားလိုက်သည်။ "တောင်တရုတ်ပင်လယ်က လုံခြုံရေးအခြေအနေဟာ သေရေးရှင်ရေး တမျှအရေးကြီးကြောင်း (အမေရိကန်) သမ္မတက မကြာခဏပြောကြားလေ့ ရှိပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါပါတယ်"ဟု အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဂျော့ရှ်အာနက်စ်က ၄င်း၏နေ့စဉ် သတင်း စာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

"ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက်လည်း သေရေးရှင်ရေး တမျှအရေးပါနေ တာကတော့ တောင်တရုတ်ပင်လယ်မှာ စီးပွားကူးသန်း လွတ်လပ်စွာ စီးဆင်းမှုဟာ ထိန်းသိမ်းဖို့လိုအပ်တဲ့ အရာတစ်ခုပါ"ဟုလည်း ၄င်းကထပ် မံပြောကြားခဲ့သည်။ ထို့အပြင်ယင်းကိုကာကွယ်ရန်ဒေသတွင်းရှိ အခြားနိုင် ငံများနှင့်လက်တွဲဆောင်ရွက် ရန်အမေရိကန်က ကတိပြုထားသည်ဟုလည်း ၄င်းကဆိုသည်။ ယင်းကိစ္စမှာ ဦးစားပေးကိစ္စတစ်ခုဖြစ်ရာ ယခုအခြေအနေ တွင် နောက်ဆုံးဖြစ်ထွန်းမှုနှင့် ပတ်သက် ၍ သမ္မတကို လိုအပ်သည့် သတင်း အချက်အလက်များပေးထားသည်ဟု လည်း မေးခွန်းတစ်ခုကိုဖြေရင်း ၄င်းကပြောကြားခဲ့သည်။

အမေရိကန်သည် တရုတ်၏ စစ်ရေးဆိုင်ရာများကို ဂရုတစိုက် စောင့်ကြည့်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဋ္ဌာန အရာရှိတစ်ဦးက ပြောသည်။ "တရုတ် အနေနဲ့ သူရဲ့စွမ်းဆောင်ရည်၊ သူ့ရဲ့ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ ပိုပြီးပွင့်လင်းမြင်သာမှုရှိစွာချပြဖို့ ကျွန်တော်တို့ ဆက်ပြီးတိုက်တွန်း ပါတယ်"ဟု နိုင်ငံခြားရေး ဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျက်ဖ်ရက်သ်ကေးက ပြောကြားခဲ့သည်။

"ဒါကြောင့် ဒါနဲ့ဆက်စပ်လို့ပြောရရင် အာရှပစိဖိတ်ဒေသကို တည်ငြိမ်အေးချမ်းဖို့ဆိုတဲ့ပုံစံနဲ့ သူ့ရဲ့စစ်ရေးစွမ်းရည်ကို အသုံးပြုဖို့ ကျွန်တော်တို့ တရုတ်ကို တိုက်တွန်း ပါတယ်"ဟု မေးခွန်းတစ်ခုကို ဖြေကြားသည့်အနေဖြင့် ဂျက်ဖ်က ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် ပိုင်ဆိုင်ကြောင်း ပြောဆိုမှုများသည် ပင်လယ်ပြင် ဥပဒေနှင့် အညီသာဖြစ်ရမည်ဟုလည်း ဂျက်ဖ်က ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင်တရုတ် ၏ ပိုင်နက်မြေယာဖော်ယူမှုတိုးချဲ့ခြင်းများသည် တင်းမာမှု များကို မြင့်တက်စေကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List