Monday, May 25, 2015

ပရိသတ်ကို အမှတ်တရပစ္စည်းလေးတွေ ထပ်ရောင်းပေးမယ့် ၀တ်မှုံရွှေရည်


ပရိသတ်များအတွက် အမှတ်တရပစ္စည်းများ ရောင်းချ ပေးနေသည့် ၀တ်မှုံရွှေရည်က ယခုတစ်ကြိမ်၌လော့ ကတ်ရင်ထိုး နှင့် နားဆွဲလေးများကို ရောင်းချရန်အစီအစဉ်ရှိကြောင်း သတင်း ရရှိသည်။  ‘‘လော့ကတ်မှာ ရင်ထိုးပါ တစ်ခါတည်းပါမယ်။ လော့ကတ်လိုရော ရင်ထိုးရော နှစ်မျိုးသုံးလို့ ရမယ်။ ပြီးတော့ နားဆွဲရဲ့ ဒီဇိုင်းကတော့ နှစ်မျိုးသုံးမျိုးလောက် ဖြစ်မယ်’’ဟု ၀တ်မှုံရွှေရည်က ယခုတစ်ကြိမ် ရောင်းချမည့် Collection ပစ္စည်းများအကြောင်း ပြောသည်။
ဝတ်မှုံရွှေရည်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လကစ၍ ၎င်း၏ ပုံများရေးဆွဲ ထားသည့် ခေါင်းအုံးလေးများကို ပထမဆုံးရောင်းချခဲ့ ပြီး နောက်ပိုင်းတွင် လည်စည်းပ၀ါလေးများကို ထပ်မံရောင်းချခဲ့သည်။ ‘‘ပစ္စည်း ကတော့ ရောက်နေပြီ။ ဇွန်လထဲမှာ ထုတ်ဖြစ်မှာပါ။ နောက်အကျဆုံး ဇွန်လကုန်ပေါ့’’ ဟု ၎င်းက ပြော သည်။

အမှတ်တရအနေဖြင့်ရောင်းချပေးမည့် ပစ္စည်းများနှင့် ဒီဇိုင်းများအဆင်သင့် ရှိသော်လည်း ပရိသတ်များ ၀ယ်ရကျိုးနပ်စေရန်နှင့်  အရည်အသွေးကောင်းစေ ရန် အချိန်ယူစီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အမှတ်တရပစ္စည်းလေးတွေကို ကစ်ထုတ်သွားဦးမှာပါ။ ဒါပေမဲ့ ဒီဘက်မှာ ရုပ်ရှင်ရော၊ ဗီဒီယိုရော ၊ ကြော်ငြာရောဆိုတော့ ဒီဘက်က အလုပ်တစ်ဖက် Collection ကတစ်ဖက်ဆိုတော့ ဒီဘက်မှာ အလုပ် နည်းနည်းလေးရှုပ်နေလို့ အဲဒီဘက်ကို အချိန်ပေးရတာ နည်းနည်းခက်သွားလို့ပါ’’ ဟု ၀တ်မှုံရွှေရည်က
 ပြောကြားသည်။


7Day Daily

No comments:

Post a Comment

My Blog List