Monday, May 25, 2015

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ယခုဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ခုနစ်သိန်းခွဲ ရရှိထားပြီး ရန်ပုံငွေထက်ဝက်ခန့်ကို တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည်


ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၇၅၃၀၀၁ ဒသမ ၃၇၈ ရရှိထားပြီး ယင်းတို့ အနက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၃၄၉၉၂၀ ဒသမ ၃၀၁ ကို တည်ဆောက်ရေးလုပ်ငန်း ၁၃၆၉ ခုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။
ကျန်ရှိ ရန်ပုံငွေများကို ဖြည့်စွက်လုပ်ငန်း ၂၄၁ ခု၊ ဆောင်ရွက်ဆဲ လုပ်ငန်း ၅၂၉ ခုနှင့် လုပ်ငန်းသစ် ၅၉၉ ခုတွင် ခွဲဝေအသုံးပြုသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းသစ် ၅၉၉ ခုတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လုပ် ငန်းပေါင်း ၃၈၅ ခု၊ ကုသရေးဦးစီးဌာနမှ လုပ်ငန်းပေါင်း ၁၅၈ ခု၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာနမှ တစ်ခု၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ၅၁ ခု၊အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လေးခုတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။

ဖြည့်စွက်လုပ်ငန်းများအတွက် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့် ခွဲရေး ဦးစီးဌာနမှ လုပ်ငန်း ၉၇ ခု၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ လုပ်ငန်းခြောက်ခု၊ ဆေးသုတေသန ဦးစီးဌာနမှ လုပ်ငန်းလေးခု၊ ဆောင်ရွက်ဆဲလုပ်ငန်းတွင် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာန လုပ်ငန်းတစ်ခုနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လုပ်ငန်းလေးခုတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ တည်ဆောက်ရေးလုပ်ငန်း (လုပ်ငန်းသစ်များ) အနက် တိုင်းဒေ သကြီးနှင့် ပြည်နယ်အားလုံးရှိ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ အဆောက်အအုံများ ၊ ၀န်ထမ်းအိမ် ရာများ၊ သားဖွားခန်းတိုးချဲ့ ဆောက်လုပ်ခြင်းများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုသရေး ဦးစီးဌာနအောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးရှိ ပြည်သူ့ဆေးရုံများတွင်လိုအပ်သည့် ဆေး ကုသဆောင်များ တိုးချဲ့ဆောက်လုပ်ခြင်းများ၊ စက်ပစ္စည်း တိုးချဲ့တပ်ဆင်ရာတွင် လိုအပ်သည့် အဆောက် အအုံ ဆောက်လုပ်ခြင်းများ၊ အကြီးစားမွမ်းမံ ပြင်ဆင်မှုများ၊ မြို့နယ်ပြည်သူ့ဆေးရုံများတွင် လိုအပ်သည့် OT ခွဲစိတ်ခန်းများ ဆောက်လုပ်ခြင်းနှင့် ၀န်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာနအောက်တွင် အုပ်ချုပ်ရေးဆောင် (သုံးထပ်ဆောင်) ဆောက်လုပ်ခြင်းတစ်ခုသာ ပါဝင်ပြီး တိုင်းရင်းဆေးပညာ ဦးစီးဌာ နအောက်တွင် နေပြည်တော်၊ ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရခိုင်၊ ရန် ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် တိုင်းရင်းဆေးကုဌာန တည်ဆောက်ခြင်း၊ ၁၆ ခုတင်၊ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံများ တည်ဆောက်ခြင်းနှင့် ၀န်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း များ ပါဝင်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်မှစ၍ ကျန်းမာရေးဦးစီးဌာနအစား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနဟူ၍ ဖွဲ့စည်းပုံပြင်ဆင်ခဲ့ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အနေဖြင့် ၀န်ကြီးဌာနတစ်ခုလုံး သုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်း၊ ကုသရေးဦးစီးဌာနမှ ၆၆ ရာခိုင်နှုန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (Department of Public Health) တွင် ဖွဲ့စည်းပုံအင်အားအရ အရာထမ်း ၄၀၀ ကျော်၊ အမှုထမ်း ၁၅၀၀ ကျော် စုစုပေါင်းလူဦးရေ ၂၀၀၀ နီးပါးဖြင့် ဖွဲ့စည်းရန် သတ်မှတ်ထားပြီး ညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် သုံးဦး (ရောဂါနှိမ်နှင်းရေး၊ ပြည်သူ့ကျန်းမာရေး၊ စီမံဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး ၁၅ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၄၄ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၁၀၂ ဦး၊ ဦးစီးအရာရှိ ၂၄၉ ဦး စသည်သတ်မှတ်ရန် လျာထားကြောင်း သိရသည်။  

ကုသရေးဦးစီးဌာန (Department of Medical Care) အောက်တွင် ဖွဲ့စည်းပုံအင်အားအရ အရာထမ်း ၃၀၀ ကျော်၊ အမှုထမ်း ၁၆၀၀ ကျော် စုစုပေါင်းလူဦးရေ ၂၀၀၀ နီးပါးဖြင့် ဖွဲ့စည်းရန် သတ်မှတ်ထားပြီး ညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦး (ကုသရေး၊ စီမံဘဏ္ဍာ)၊ ဗဟိုအဆင့်ဆေးရုံ များ ကွပ်ကဲရေးမှူး သုံးဦး (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး)၊ ညွှန်ကြားရေးမှူး ၁၄ ဦး၊ ဒုတိယညွှန်ကြားရေး မှူး ၃၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List