Thursday, May 28, 2015

Luxury Brand Model Awards မြန်မာမော်ဒယ် ဇွန်သံစဉ်ရရှိ






တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပသည် Luxury Brand Model Awards 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်မော်ဒယ် ဇွန်သံစဉ် ကLuxury Brand Model Awards 2015 ဆု ရရှိသည်။

““ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ နောက်ဆုံးပြိုင်ပွဲကြီးကို မြန်မာ စံတော်ချိန် ၁၂ နာရီခွဲမှ ညနေ ၆ နာရီခွဲ အထိ ကျင်းပခဲ့ပြီး မြန်မာအလှမယ်ဆု ရရှိကြောင်း ကြေညာသွားခဲ့ပါတယ်။

Luxury Brand Model Awards 2015 ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ မေလ ၂၃ ရက်နေ့ ကနေ ၂၇ ရက်နေ့ အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ် ဇွန်သံစဉ်၊ မျိုးဇော်အောင်နဲ့ လင်းနေတို့ ၃ ဦးကို ရွေးချယ်စေလွှတ်ခဲ့ တာ ဖြစ်ပါတယ်။

ဇွန်သံစဉ်ဟာLuxury Brand Model Awards 2015 ဆုလည်း ရရှိခဲ့ပါတယ်”” Myanmar Model Management မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ဇွန်သံစဉ်ကို ၂၆-၆-၁၉၉၅ တွင် မွေးဖွားပြီး မြန်မာ-ရခိုင် ကပြားတဦးဖြစ် သည်။ သူမသည် အရပ် ၅ဒ ၈ဓ ၊ ကိုယ် အလေးချိန် ၁၁၂ ပေါင်ရှိသည်။ 

သူမသည် အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်တွင် ရုပ်ရှင်နှင့် ဒရာမာဘာသာ အဓိက တတိယနှစ်ကျောင်းသူတဦးဖြစ် သည်။

ဇွန်သံစဉ်သည် ၂၀၁၃Miss Myanmar International ဒုတိယဆု၊Miss Christmas ဆုနှငMiss Yadanar Myaing ဆုများ ဆွတ်ခူးရရှိခဲ့ သည်။ သူမ၏၀ါသနာမှာ မော်ဒယ်နှင့် အဆိုဖြစ်သည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

No comments:

Post a Comment

My Blog List