Friday, May 29, 2015

ရွှေရေးထင်ထင် ပလပ်စတစ် ဆာဂျရီ မလုပ်ထားပါ



စာရေးဆရာမ၊ ကဗျာဆရာမ ရွှေရေးထင်ထင်နဲ့ ဧရာဝတီတွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးကဏ္ဍကို ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်းဝက်ဆိုဒ် မှာရော ဖေ့ဘုတ်စာမျက်နှာမှာပါ မနေ့က စတင်လိုက်ချိန်ကစလိုထူးခြားတာတခုကို တွေ့လာရပါတယ်။

အဲ့ဒါကဘာလဲဆိုတော့ ကဗျာဆရာမ၊စာရေးဆရာမ ရွှေရေးထင်ထင်ကို ဧရာဝတီက သတင်းထောက် ယုမွန်ကျော်က သူ့ရဲ့ ကဗျာတွေ စာပေတွေနဲ့ ပတ်သက်လို့ စုံစုံစိစိမေးမြန်းထားတာတွေ၊ သူ့ ဘ၀နဲ့ ပတ်သက်လို့ သူ့ရဲ့ lifestyle နဲ့ပတ်သက်လို့ မေးမြန်းထားတာတွေ သူ ဘယ်လိုစာပေမျိုးကို နှစ်သက်လိုက်စားသလဲ စသဖြင့် မေးခွန်းပေါင်း တော်တော်များများကို အစုံအလင်မေးမြန်ထားပေမယ့် အဲ့ဒီမေးခွန်းတွေထဲကမှ တခုတည်းတော့ မေးခွန်းကို focus လုပ်လို့ ဖေ့ဘုတ်သုံးစွဲသူတွေရဲ့ ကိုယ်ပိုင် status တွေမှာ တော်တော်များများ တင်ထားကြတာကို မနေ့ကရော ဒီကနေ့ရောမှာ ထူးထူးခြားခြား တွေ့လိုက်ရတာပါပဲ။

အဲ့ဒီမေးခွန်းကတော့ စာရေးဆရာမ ရွှေရေးထင်ထင် ပလပ်စတစ်ဆာဂျရီ လုပ်ထားခြင်း မထားခြင်းအပေါ် သတင်းထောက်က မေးမြန်းထားတဲ့ မေးခွန်းပါပဲ။ ဒါဆို ပရိတ်သတ်တော်တော်များများက သူ့ကို ဘာကြောင့် စိတ်ဝင်စားကြတာလဲ ဆိုတာ မေးစရာဖြစ်လာနေပါပြီ။

ရွှေရေးထင်ထင်ဆိုပြီး ဖေ့ဘုတ်စာမျက်နှာတွေမှာ နာမည်ကြီးလာကတည်းက သူ့ရဲ့ ခပ်မိုက်မိုက်ဓာတ်ပုံတွေကို ကိုယ်ပိုင်ဝေါလ်တွေပေါ် တင်လို့ ရှယ်လို့ “စာပေလေးတော့ လေ့လာလိုက်စားဦးမှပါလေ” ဆိုတဲ့ ခေါင်းစဉ်တပ် ထားကြတဲ့ ပုရိသတွေကလည်း အများအပြားပေကိုး။ 

တခုတော့ရှိတာပေါ့လေ။ ဒီလိုနဲ့ လူတွေ စိတ်ဝင်စားလာရာကနေ သူရေးသားထားတဲ့ စာတွေပေတွေက အစ လူတွေ ဖတ်လာ လေ့လာလာကြမယ်လို့ မျှော်လင့်ရပါတယ်။

ကဲ ဧရာဝတီသတင်းဌာနနဲ့ စာရေးဆရာ ရွှေရေးထင်ထင်တို့ တွေ့ဆုံမေးမြန်ထားတဲ့ မေးခွန်းပေါင်းများစွာထဲက ပေါက်တယ်လို့ ပြောရမယ့် ယူဆရတဲ့ အမေးအဖြေလေးကို ဧရာဝတီ ပရိတ်သတ်တွေအတွက် ပြန်လည် ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်နော်။

မေး။ ။ ရွှေရေးထင်ထင်ကို ပလတ်စတစ် ဆာဂျရီ လုပ်ထားတယ်ဆိုတဲ့ ပြောသံလည်း ကြားရပါတယ်။ အဲဒီအပေါ်ကိုရော ဘယ်လိုများ ဖြေရှင်းချက်ပေးချင်ပါလဲ။

ဖြေ။ ။ ဖြေရှင်းချက် မပေးခင် အရမ်းအရမ်း ရယ်ချင်ပါတယ်။ အဲဒီစကားကို အဲဒီလိုပဲ ပြောချင်ပါတယ်။ ဒီကိစ္စက ကိုယ်က စိတ်ဆိုးပြီး သက်သေပြမယ်ဆိုပြီး သက်သေပြလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူးလေ။ လူတွေကရွှေရေးကို တိုက်ရိုက်လာမေးကြတာလည်း ရှိတယ်။ အဲဒီအခါကျရင် ရွှေရေးဘာမှမပြောဘဲ လျစ်လျူရှုလိုက်တယ်။

(ဘေးမှာ ထိုင်နေသည့် ရွှေရေးထင်ထင်၏ မိခင်။ ။ အဲဒါက သမီးရဲ့ ငယ်ငယ်က ဓာတ်ပုံလေးတွေ ကြည့်ရင် သိပါတယ်။ နောက်ပြီးဒါက သူက သေးဖို့ပဲ ခွဲစိတ်သင့်ရင်တောင် ခွဲစိတ်ရမှာပါ။ ဟုတ်တယ်လေ။ ဒီဒဏ်ကို ခံနိုင်ရင်ခံ၊ မခံနိုင်ရင် ခွဲစိတ်ပေါ့။)

ပရိတ်သတ်တွေအနေနဲ့ ရွှေရေးထင်ထင်ရဲ့ဘာကို ဘယ်လို ပလပ်စတစ် ဆာဂျရီ လုပ်လား မလုပ်ဘူးလားဆိုတာတော့ မရှင်းပြတော့ပါဘူး။

ဓာတ်ပုံ - စိုင်းဇော်
ဧရာဝတီ

No comments:

Post a Comment

My Blog List