Monday, May 25, 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို NCCTနှင့် ကန်ဒုဝန်ကြီး ဆွေးနွေးခဲ့


မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအကြောင်းကို တစ် နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပြီးငြိမ်း ချမ်း ရေးဖော်ဆောင်မှု ရှေ့ဆက်နိုင် ရေးအမေရိကန်ပြည်ထောင်စုကကူညီပံ့ပိုးရန် အသင့်ရှိကြောင်း ကန်ဒုဝန်ကြီးက ကတိပေးခဲ့သည်။
မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သော ကန်နိုင်ငံခြား ရေးဒုဝန်ကြီးအန်ထော်နီဘလင် ကင်းနှင့် NCCTခေါင်းဆောင်များ မေလ၂၂ရက်က သီးသန့်တွေ့ဆုံစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြိုး ပမ်းနေသည့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)နှင့်ရှေ့အလားအလာများကို ဆွေးနွေးခဲ့ကြ ရာ ကန်အစိုးရဘက်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အမေရိကန်အစိုးရဘက်ကPressureသဘောမဟုတ်ဘဲနဲ့ ပြောတာကNCAလုပ်နိုင်ရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲတွေဆီ သွားနိုင်မှာကို သတိပေး တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စော စောဖော်ဆောင်နိုင်ရင် ဖြစ် လာမှာ တွေကို သတိပေးတယ်’’ဟု NCCT ဒုတိယ ခေါင်းဆောင်ဖဒိုစော ကွယ်ထူးဝင်းကပြောသည်။

မစ္စတာဘလင်ကင်းအနေဖြင့်NCCTအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး သက်ဆိုင်သူအားလုံးကို အပြန်အလှန် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရန်ခိုင်မာသည့် သန္နိဋ္ဌာန်နှင့် ကာလရှည်ကြာကွဲပြားခြားနားမှုများ ကို ဖြေရှင်းအဖြေရှာနိုင်ရန် အလျော့ပေးလိုက်လျောမှုများကို လိုလိုလားလားလုပ်ဆောင် ခဲ့ခြင်းများ အတွက်ထုတ်ဖော်ချီးကျူးခဲ့ကြောင်း အမေရိကန်သံရုံး(ရန်ကုန်)က သတင်းထုတ်ပြန်ခဲ့သည်။ ခိုင်မာမြဲမြံ သည့် ငြိမ်းချမ်းရေးအဖြစ် ဖော်ဆောင်နိုင်ရန် ရှေ့တွင် လျှောက်လှမ်းရမည့်ခရီးက ရှည်လျားစွာ ကျန်နေသေးခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ သည် သိသိသာသာအားကောင်း လာပြီး အရှိန်ရလာပြီဆိုသည်တို့ ကို ဒုဝန်ကြီးကအသိအမှတ်ပြုခဲ့ သည်ဟု ဆိုသည်။

‘‘မြန်မာနိုင်ငံသားအားလုံး လိုလားကြတဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုဖြစ် စဉ်ရှေ့ဆက်ဖို့အ တွက် အမေရိ ကန်ပြည်ထောင်စု အနေနဲ့ ဆက်လက်ကူညီပံ့ပိုးသွားဖို့ကိုလည်း အဆင်သင့်ဖြစ်နေ တယ်ဆိုတာကို လည်းပြောကြား ခဲ့ပါတယ်’’ဟု အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

NCCTဘက်ကလည်း တွေ့ ဆုံရမည့် စိန်ခေါ်မှုများကိုတင်ပြ ဆွေးနွး ခဲ့ကြောင်းသိရသည်။

‘‘စိန်ခေါ်မှုတွေဆိုတာမှာ တိုက်ပွဲတွေဖြစ်နေတာလည်းပါတယ်။ လက်မှတ်ရေးထိုးမယ့်အ ဖွဲ့အစည်းဆိုင် ရာသတ်မှတ်ဖို့က လည်းရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က သဘောကတော့ NCAမှာ အကုန်လုံးပါဝင်လက်မှတ်ထိုးချင်တဲ့ဆန္ဒ ရှိတယ်’’ဟု ကရင်အမျိုးသားအ စည်းအရုံး(KNU) အထွေထွေအ တွင်းရေးမှူးလည်းဖြစ်သည့် ပဒို စောကွယ်ထူးဝင်းကပြောသည်။

မတ်လ ၃၁ရက်က သမ္မတ ဦးသိန်းစိန်ရှေ့မှောက်တွင်ပြည် ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင် ရေးလုပ် ငန်းကော်မတီ(UPWC) နှင့် NCCTတို့အကြား NCAစာချုပ် နောက်ဆုံးမူကြမ်းကို လက်မှတ် ရေးထိုးခဲ့ကြ သည်။ ယင်းမူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များက လာမည့်ဇွန်လ ၂ရက်မှစ၍ ပြုလုပ်မည့် NCCTညီလာခံတွင် သုံးသပ်ကြ မည်ဖြစ်သည်။ KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ တွင် ပြုလုပ်မည့်ညီလာခံ ကို ငါး ရက်ကြာပြုလုပ်ရန်စီစဉ်ထားပြီး NCCTအဖွဲ့ဝင်လက်နက်ကိုင်အ ဖွဲ့ များအားလုံးနှင့် အဖွဲ့ဝင်မဟုတ် သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များကိုလည်း ဖိတ်ကြား ထားသည်။ NCAစာချုပ်လက်မှတ်ထိုးရေး၊ မထိုးရေး ယင်းညီလာခံမှနေ၍ လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များက ဆုံးဖြတ်ကြမည်ဖြစ်သည်။


7Day Daily


No comments:

Post a Comment

My Blog List