Wednesday, May 27, 2015

ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများ သီးသန့်အခန်းဖြင့် သတင်းယူခွင့်မရတော့


ပြည်ထောင်စု လွှတ်တော်တွင် သတင်းယူနေသော သတင်းမီဒီယာသမားများ ယခင် သတင်းယူရန် သတ်မှတ်ထားသည့် အခန်း Interpreter Booth အတွင်းသို့ မေလ ၂၆ ရက်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှစ၍ ၀င်ရောက်ခွင့်မရှိတော့ပေ။ထို့ကြောင့် သတင်းမီဒီယာ များ သတင်းယူရန် အဆို ပါ Interpreter Booth အပြင်ဘက်လူသွားစင်္ကြံတွင် ရုပ်မြင်သံကြားစက်တစ်လုံး တပ်ဆင်ပေးထားကာ အဆိုပါရုပ်မြင်သံကြားကို ကြည့်၍ မီဒီယာများ သတင်းယူခဲ့သည်။
ယင်းသို့ Interpreter Booth အခန်းသို့ ၀င်ရောက်သတင်းယူ ခွင့်မရခြင်းသည် သတင်းစာ၊ ဂျာ နယ်သတင်းများအပါအ၀င် ရုပ်သံသတင်းသမားများအတွက် များ စွာအခက်အခဲ တွေ့ရကြောင်း လွှတ်တော်တွင် သတင်းတက် ရောက်ရယူနေသော သတင်း သမားများက ပြောသည်။

Interpreter Booth အခန်း ထဲသို့ ၀င်ရောက်ခွင့်မပြုခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ် တော် ညွှန်ကြားရေးမှူးချုပ်ထံ လွှတ်တော်သတင်းသမားအ ချို့က သွားရောက်မေးမြန်းရာ တွင် လွှတ်တော်အစည်း အဝေး များ စတင်ကျင်းပစဉ်အခါက လွှတ်တော်အစည်းအဝေးခန်းမ အတွင်းသို့ အစည်းအဝေး မ ကျင်းပမီ အချိန်ပိုင်းဝင်ရောက် သတင်းရယူခွင့်ပြုခဲ့ပြီး နောက် ပိုင်း၌ ခွင့်မပြုခဲ့တော့သကဲ့သို့ ယခုလည်း ထပ်မံကန့်သတ်လိုက် ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

‘‘ကျွန်တော်တို့ အစည်းအ ဝေးစတုန်းက စစချင်းထဲမှာ ခင် ဗျားတို့ မီဒီယာသမားတွေ ၀င်ခွင့် ပေးခဲ့တယ်။ နောက်ပိုင်းကတော့ မြန်မာ့အသံလည်း ၀င်ခွင့်မပေး တော့ဘူး။ ဘာမှ ၀င်ခွင့်မပေးတော့ဘူး။ ကျွန်တော်တို့ ကင်မရာတွေတပ်တယ်။ မီဒီယာကော်နာတပ်တယ်။ တခြားနိုင်ငံတွေမှာ ကျွန်တော်တို့ရောက်တဲ့ နိုင်ငံတွေမှာလည်း အမြဲတမ်းအဲဒီလိုပေးထားတာမရှိပါဘူး။ သီးခြားနိုင်ငံတကာသတင်းမီဒီယာတွေ ဘာတွေလာတဲ့အခါမှ နေရာသတ်မှတ်ပေးတာ။ ကျွန်တော်တို့လည်း အစတုန်းက အပေါ်ထပ်မှာ လုပ်ပေးခဲ့တယ်လေ။ နောက်ကျတော့ အဆင်မပြေဘူး။ အထဲထဲမှာတင် ကိုယ်စားလှယ်တွေနဲ့ အင်တာဗျူးလုပ်တဲ့အတွက် ကျွန်တော်တို့ ကန့်သတ်ခဲ့တယ်။ အခုဒါလည်း နောက်တစ်ဆင့်ထပ်ပြီးတော့ ကန့်သတ်လိုက်တာ။ လတ်တလော အဲဒီအတိုင်းပဲ စီစဉ်ထားတယ်’’ဟု ကန့်သတ်လိုက်မှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ညွှန် ကြားရေးမှူးချုပ် ဦးကြည်စိုးက ဆိုသည်။

သတင်းမီဒီယာများအား အဆိုပါ အခန်းအတွင်းသို့ ၀င် ရောက်ခွင့်မပြုတော့ခြင်းမှာ အ ခန်းထဲမှ မီဒီယာများက လွှတ် တော်ကိုယ်စားလှယ်များ အိပ်ငိုက်သည်ကို ဓာတ်ပုံရိုက်ခြင်း၊ တပ်မ တော်သား ကိုယ်စားလှယ်များ အချို့၏ လုပ်ရပ်များကို ဓာတ်ပုံ မှတ်တမ်းယူခြင်းစသည်တို့ ပြု လုပ်ခြင်းကြောင့်လည်း ပါဝင် သည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးကြည်စိုးက ပြောသည်။

သို့သော် Interpreter Boothအခန်းသို့ ၀င်ရောက်ခွင့်ပိတ်လိုက် သော်လည်း လွှတ်တော်အစည်း အဝေးကျင်းပနေခြင်းကို တီဗီဖြင့် တိုက်ရိုက်ကြည့်ရှုသတင်းရယူနိုင် အောင် စီစဉ်ပေးထားကြောင်း၊ လွှတ်တော်တွင် ထားရှိသည့် မီဒီ ယာကော်နာတွင်လည်း သတင်း သမားများအတွက် အစည်းအဝေးကျင်းပသည့် ရုပ်သံဖိုင်၊ ဓာတ်ပုံ များ ရယူနိုင်ကြောင်း ပြည်ထောင် စုလွှတ်တော် ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

လွှတ်တော်အစည်းအဝေး ကျင်းပနေခြင်းကို Interpreter Booth မှ သတင်းရယူခြင်း၏ အားသာချက်သည် အရေးကြီးကိစ္စ ရပ်များ၊ မဲခွဲဆုံးဖြတ်မှုများကို ပီပီ ပြင်ပြင်ကြည့်ရှုသတင်းရယူနိုင် ခြင်းဖြစ်ကာ တီဗီမှတစ်ဆင့် ကြည့်ရှုသတင်းရယူပါက မဲခွဲဆုံးဖြတ် မှုများကို တွေ့မြင်ရမည် ဖြစ်သော်လည်း Interpreter Booth မှ မြင် တွေ့ရသကဲ့သို့ အသေးစိတ်တွေ့ မြင်ရမည်မဟုတ်ကြောင်း လွှတ် တော်သတင်းထောက်များက ပြောသည်။

လက်ရှိ လွှတ်တော်အစည်း အဝေးကာလများသည် တိုင်းပြည် အတွက် အရေးကြီးသော အကြောင်းအရာများဖြစ်သည့် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးကဲ့သို့ ကိစ္စရပ်များကို ဆွေးနွေးရန် ရောက်ရှိလာတော့မည့် အချိန်တွင် ပြည်သူလူထုကို လွှတ်တော်၏ လုပ်ဆောင်မှုများအား အသိပေးနေသည့် သတင်းမီဒီယာများ၏ သတင်းရယူပိုင်ခွင့်အတိုင်းအတာကို မကန့်သတ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကမူ Inter-preter Booth ကို ၀င်ရောက်ခွင့် မပြုတော့သည့် ကိစ္စရပ်များမှာ ၎င်း၏ သဘောထားတစ်ခုတည်း ဖြင့် လုပ်ဆောင်၍ မရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မီဒီယာများသတင်းယူလေ့ရှိသည့် Interpreter Booth ကို ပိတ်လိုက်သဖြင့် သတင်းမီဒီယာသမားများသည် အဆိုပါအခန်းပြင်ပစင်္ကြံတွင်သာ သတင်းယူနေကြရသည်(ဓာတ်ပုံ−ရန်မျိုးနိုင်)
7Day Daily


No comments:

Post a Comment

My Blog List