Thursday, May 28, 2015

ကုလနှင့် နိုင်ငံတကာ မီဒီယာများအားကန့်ကွက်ဆန္ဒပြပွဲ ရဟန်းရှင်လူ ၁ဝဝဝ ကျော် ပူးပေါင်းပါဝင်



ရွှေ့ပြောင်း ဘင်္ဂလီများအား နိုင်ငံသားအဖြစ် လုပ်ကြံလိမ်ညာ စွပ်စွဲမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာမီ ဒီယာများအား ရဟန်း၊ ရှင်လူ ပြည်သူ ၁ဝဝဝ ကျော် က မေလ ၂၇ ရက် ယနေ့တွင် ရန်ကုန်မြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ကန့်ကွက် ဆန္ဒပြပွဲကို ဗိုလ်စိန်မှန် ကွင်းမှ နေ့လည် တစ်နာ ရီခွဲတွင် ကျိုက္ကဆံ လူထု ဟစ်တိုင်အထိ ကြွေးကြော်သံများ ကြွေးကြော်ကာ ချီတက် ကန့်ကွက်ဆန္ဒပြခဲ့ ကြသည်။ ကြွေးကြော်သံများမှာ “ ခိုးဝင် ဘင်္ဂလီ အားပေးသူ (တို့ရန်သူ)” ၊ “ ကုလသမဂ္ဂ( ဘက်မလိုက်ရ)” ၊ “ မတရားဖိအား (တို့ မလိုလား)” ၊ “ ရိုလိမ်ညာ မြန်မာမှာမရှိ” စ သည်တို့ ဖြစ်ကြသည်။

ဆန္ဒပြ ကန့်ကွက်ရာတွင် ဦးဆောင်ပါဝင်သူ အရှင် ဦးသုမန က “ ဒါဟာ တစ်မျိုးသားလုံးနဲ့ သက် ဆိုင်ပါတယ်။ ကိုယ့်နိုင်ငံသား မဟုတ်တဲ့ သူတွေကို အတင်း လက်ခံ ခိုင်းနေတာဟာ လူ့အခွင့်အရေး မဟုတ်ဘူးဆိုတာ ကမ္ဘာက သိစေဖို့ ဒီဆန္ဒပြပွဲကို ပါဝင်လာခဲ့ တာပါ” ဟု မိန့်ကြားသည်။

ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကို နောင်တော်လေးမှလည်း “ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မီဒီယာတွေက ခိုးဝင် ဘင်္ဂလီ တွေကို နိုင်ငံသားအဖြစ် အတင်းအဓမ္မ အသိအမှတ် ပြုခိုင်းနေတာတွေကို နိုင်ငံသား တစ်ယောက် အနေနဲ့ လက်မခံ လိုတဲ့ အတွက်ပါ” ဟု ဆိုသည်။

“ မြန်မာနိုင်ငံသား မဟုတ်တဲ့ ခိုးဝင် ဘင်္ဂလီတွေကို လက်မခံဖို့၊ ‘ရိုဟင်ဂျာ’ ဆို တဲ့ အလိမ်အညာ နာမည်ကို နိုင်ငံတကာ မီဒီယာတွေ သုံးစွဲ တွန်းအားမပေးဖို့ အတွက် တောင်းဆိုပါတယ် ” ဟု ဆန္ဒပြရခြင်း ရည်ရွယ်ချက် အား ယင်းက ဆက်လက်ပြောကြားသည်။

ဆန္ဒပြရာတွင် ပါဝင်သူ မသန္တာခိုင်မှ “ လှေစီး ဒုက္ခသည်တွေလို့ ကမ္ဘာက ဖိအားပေးနေသူတွေဟာ မြန်မာ နိုင်ငံသား တွေ မဟုတ်သလို ရိုဟင်ဂျာ ဆိုတာဟာလည်း ကမ္ဘာမှာ မရှိပါဘူးဆိုတာ ကမ္ဘာက သိစေဖို့ အတွက်ပါ” ဟု ပြောသည်။

မြန်မာရေပိုင်နက်အတွင်း ဖမ်းမိ သည့် လှေစီး ဒုက္ခသည် ၂ဝဝ ကျော်မှာ ဘင်္ဂလာဒေရှ့် နိုင်ငံသားများ ဖြစ်ကြောင်းကို ၀န်ခံလိုက်ပြီ ဖြစ်သဖြင့် သူတို့အား မြန်မာ အစိုးရမှ သူတို့ မူရင်းနိုင်ငံကို ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖမ်းရသူများကို ကြည့်ခြင်းအားဖြင့် မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတွင် ဖမ်းမိသား အများစုမှာ ဘင်္ဂလာဒေရှ့်မှ လာသူများ ဖြစ်ကြောင်းကို သက်သေ ပြနေသဖြင့် လှေစီးရေမျောကမ်းတင်များမှာ ဘင်္ဂလာဒေရှ့်နိုင်ငံသားများသာ ဖြစ်ကြောင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ မီဒီယာများ သိရှိသင့်ကြောင်း မသန္တာခိုင်မှ ပြောဆိုသွားပါသည်။

Narinjara

No comments:

Post a Comment

My Blog List