Monday, May 25, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော် ယနေ့ ပြန်ပို့မည်


မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာ၌ ယာယီထိန်းသိမ်းထားသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများ ကို မေလ ၂၅ ရက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တောင်ပြိုလက်ဝဲမြို့နယ် ခွဲသို့ ပို့ဆောင်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စိစစ်လက်ခံရန် သဘောတူညီမှုရရှိ ထားကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် က ပြောကြားသည်။
မေလ ၂၁ ရက်က မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်အတွင်း တပ်မတော်(ရေ)က ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ ရှ်နိုင်ငံသား ၂၀၀ ဦးကို မောင်တောမြို့နယ် အလယ်သံ ကျော်ကျေးရွာတွင် ယာယီထိန်း သိမ်းထားခဲ့သည်။ ၎င်းတို့ကို လုံခြုံရေးအရ လုံခြုံကောင်းမွန် ပြီး တစ်ဖက်နိုင်ငံသို့ လွှဲပြောင်း ပေးရန် ပိုမိုလွယ်ကူသည့်အတွက် နယ်စပ်တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက 7 Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဖမ်းမိထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို စိစစ်မှုများပြုလုပ်၍ ပြန်လည်လက်ခံရန် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးတင်ဦးလွင်နှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးတို့ ဆွေးနွေးခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်သံရုံး၊ စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူများက မောင်တောမြို့နယ်သို့ အမြန်ဆုံး သွားရောက် ရန် ပြင်ဆင်နေကြောင်း ဝန်ကြီး ချုပ်က ဆိုသည်။

‘‘အဲဒီနေရာကိုသွားပြီးတော့ အမြန်ဆုံးစိစစ်ပြီး လက်ခံဖို့ လုပ်နေပါတယ်’’ဟု ဦးမောင်မောင်အုန်းက ပြော သည်။ မြန်မာဘက်က ထိန်းသိမ်းထားသူများကို ၎င်းတို့နိုင်ငံသားများ ဟုတ်၊ မဟုတ် ဘင်္ဂလားဒေ့ရှ် တာဝန် ရှိသူများက စိစစ်မှုများပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် က ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ
7Day Daily

No comments:

Post a Comment

My Blog List