အစိုးရနဲ့ တပ်မတော်ကိုယ်စားလှယ်တွေဟာ တွေ့ဆုံညှိနှိုင်းမယ့်လမ်းစဉ်အစား စစ်ရေးအရ ဖိအားပေးတဲ့ လမ်းစဉ်ကိုပဲ သွားနေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) က ပြစ်တင် ပြောဆိုပါ တယ်။
၂၀၁၄ ခုနှစ်အတွင်း တအာင်းတပ်မတော်နဲ့အစိုးရတပ်တို့အကြား တိုက်ပွဲ ၂၀၀ ကျော် ဖြစ် ပွားခဲ့ပြီး နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၂၀၁၄ ခုနှစ်အတွင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီ(UPWC)ဆီ စာ ၂ စောင် ပို့ထားပေမယ့် တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ဘူးလို့လည်း ပြောပါ တယ်။
ဒါကြောင့်မို့ တိုင်းရင်းသားလူမျိုးတိုင်းက တပ်မတော်တွေ အားကောင်းဖို့ လိုအပ်တယ်လို့ လည်း ပြောပါ တယ်။
မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတော်များများနဲ့ အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးထားပေမယ့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)၊ ရခိုင်တပ်မတော် နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့နဲ့ အပစ်အခတ် ရပ်စဲရေးလက်မှတ် မထိုးနိုင် သေးပါဘူး။
(တီအန် အယ်လ်အေ) ရဲ့ ၅၂ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ရှမ်းပြည် နယ် ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ မန်တုံမြို့စပ်ကြား တပ်မဟာ ၁ နယ်မြေမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ၁ နှစ်ပတ်လုံး ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါး တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ ၁ ကီလို အောက်ဆိုရင် ဖမ်းမိတဲ့ ရွာ၊ ဖမ်းမိတဲ့ ရပ်မိရပ် ဖတွေရှေ့မှာ မီးရှို့ဖျက်ဆီးပြီး ၁ ကီလိုအထက် ဖမ်းဆီး ရမိတာတွေကို စုပြီး အများ ပြည်သူရှေ့၊ မီဒီယာရှေ့ မှာ မီးရှို့ဖျက်ဆီးတာလို့ တာပန်လက ပြောပါတယ်။
တအာင်းအမျိုးသားတပ်မတော်နေ့ အထိမ်းအမှတ်အခမ်းနားမှာလည်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)က သ၀ဏ်လွှာပေးပို့ ထားပါတယ်။
DVB

No comments:
Post a Comment