တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားနိုင်ငံနဲ့ အဆင့်မြင့်တွေ့ဆုံပွဲအတွက် လမ်းဖွင့်ထားပြီး ဆွေးနွေး ပွဲကို အမြန်ဆုံး ကျင်းပဖို့ မြောက်ကို ရီးယားအစိုးရကို ဖိတ်ခေါ် လိုက်ပါတယ်။မြောက်ကိုရီးယား နျူးက လီယားအစီအစဉ် ဖျက်သိမ်းရေးဟာ ဆွေးနွေးပွဲ အတွက် အခက်ခဲဆုံးကိစ္စ ဖြစ်နိုင်ပေမယ့် ဒီအဆင့်မြင့်တွေ့ ဆုံပွဲအတွက် ဘာမှ ကြိုတင် ကန့်သတ်ချက် မထားရှိဘူးလို့ ဇန်န၀ါရီ ၁၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုခဲ့တာပါ။
တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ရေးအတွက် ဘယ်သူနဲ့မ ဆို ဆွေးနွေးမယ်လို့လည်း တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ပြောဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်ကလည်း အခြေအနေကော၊ အချိန်အခါ ကော ပေးမယ်ဆို ရင် တောင်ကိုရီးယားနိုင်ငံနဲ့ အဆင့်မြင့်ဆွေးနွေးပွဲ မလုပ်နိုင်စရာအကြောင်း မရှိပါဘူးလို့ သူရဲ့ နှစ် သစ်မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။
တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တွေက တွေ့ဆုံ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်တယ်လို့ ပြော ဆိုနေပေမယ့် အဆင့်မြင့် ရေရှည်ဆွေးနွေးပွဲတွေ လုပ်မယ့် အရိပ်အယောင်ကတော့ မတွေ့သေးပါဘူး။
၁၉၅၀ မှာ စတင်ခဲ့တဲ့ ၃ နှစ်ကြာ ကိုရီးယားစစ်ပွဲပြီးကတည်းက ကိုရီးယားနှစ်နိုင်ငံ သမ္မတတွေ ၂ ကြိမ် ပဲ တွေ့ဆုံဖြစ်ခဲ့သေးတာပါ။
အခု ကမ်းလှမ်းမှုကိုလည်း မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အလေးအနက်ထားပြီး အမြန်ဆုံး တုန့်ပြန်သင့် တယ်လို့လည်း တောင်ကိုရီးယားသမ္မတ ပတ်ဂျွန်ဟေးက အလေးထား ပြောဆိုပါတယ်။
တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံဟာ နယ်စပ်တလျှောက် စစ်အင်အား ၁.၈ သန်း ချထားပြီး ယာယီ အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ပဲ စစ်ရပ်ဆိုင်းထားတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
DVB

No comments:
Post a Comment