ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်ရဲ့ ဆွေမျိုးတချို့ အဂတိ လိုက်စားမှုနဲ့ ဖမ်းဆီးခံရပြီးနောက် အိမ်ရှေ့မင်းသားက ဇနီးဖြစ်သူကို ချီးမြင့်ထားတဲ့နာမည်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်က အသက် ၄၂ နှစ်အရွယ် Srirasmi ဖြစ်ပြီး ကြင်ယာတော်ကို Akharaphongpreecha ဆိုတဲ့ နာမည်ကို ချီးမြင့်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ မင်းသမီးရဲ့ ဆွေမျိုးတွေက လာဒ်စားမှုတွေမှာ ပါဝင်ပြီး ဖမ်းဆီးခံရမှုတွေ ရှိခဲ့ပြီးတဲ့နောက် ဇနီးသည်ကို ချီးမြင့်ထားတဲ့ နာမည်ကို အိမ်ရှေ့မင်းသားက ပြန်လည် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဥပဒေအရ တော်ဝင် မိသားစုဝင်တွေကို နာမည် ချီးမြင့်ခွင့်ရှိပါတယ်။
ဒါပေမဲ့ ဘုရင်က ချီးမြင့်ထားတဲ့ နာမည်ကို အသုံးပြုပြီး လာဒ်စားမှုနဲ့ ဖမ်းဆီးခံရတဲ့သူ ၃ ဦး ရှိပြီးနောက် အဲဒီ နာမည်ကို ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုတွေကို တောက်လျှောက်ဖျက်သိမ်းလာပေမယ့် အဓိက ပုဂ္ဂိုလ်တွေ ဖမ်းဆီးခံရတာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ ဒီတချီမှာတော့ တော်ဝင်မင်းသမီးရဲ့ ဆွေမျိုး သုံးဦးအပြင် ရဲထောက်လှမ်းရေးချုပ်ဟောင်းလည်းဖြစ် ထိုင်းရဲမှာ အဓိက တာဝန်ထမ်းဆောင်သူလည်း ပါဝင်ပါတယ်။
တော်ဝင် မိသားစုနဲ့ ဆက်နွယ်မှုရှိတာကို အကြောင်းပြပြီး ကိုယ်ကျိုးကောင်း စားရေးအတွက် လုပ်ဆောင် တယ်ဆိုပြီး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးမှုကြောင့် ဒေါ်လာ သန်းပေါင်းများစွာကို ပြည်သူပိုင် သိမ်းဆည်း နိုင်ခဲ့ပါတယ်။
ကြင်ယာတော်ကို ချီးမြင့်ထားတဲ့ နာမည်ကို ရုပ်သိမ်းလိုက်တဲ့ ထိုင်းအိမ်ရှေ့ မင်းသားကတော့ အသက် ၆၂ နှစ်အရွယ် Maha Vajiralongkorn ဖြစ်ပါတယ်။
သူ့ဖခင်ကတော့ လက်ရှိထိုင်းနိုင်ငံရဲ့ ဘုရင်ဖြစ်နေတဲ့ အသက် ၈၆ နှစ်အရွယ် Bhumibol Adulyadej ဖြစ်ပြီး ထိုင်းပြည်သူတွေက ချစ်မြတ်နိုးတဲ့ ဘုရင်လည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစု မကောင်းကြောင်းကို ပြောခွင့်မရှိပဲ ပြစ်မှု ကျူးလွန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayuth Chan-ocha ကတော့ တော်ဝင် မိသားစုကို ချစ်မြတ်နိုးသူဖြစ်ပြီး တော်ဝင်မိသားစုကို ဝေဖန်တဲ့သူတွေကို မြေလှန်ပြီး ရှင်းထုတ်မယ်လို့ ပြောခဲ့ဖူးသူဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ABC
No comments:
Post a Comment