နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ယခုရာထူးတာဝန် သက်တမ်းကုန်ပါက ဆက်လက် တာဝန်မထမ်းဆောင် စေ လိုကြောင်း သမ္မတ၏တစ်ဦးတည်းသော အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ပြောကြားလိုက်သည်။နိုဝင်ဘာလ ၂၅ ရက်က သမ္မတ ဦးသိန်းစိန်၏ ရာထူးသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇာတိ ကျေးရွာဖြစ်သော ဧရာဝတီတိုင်းဒေသ ကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာရှိ မိသားစုလှူဒါန်းထားသော သမုဒ္ဒရံသစေတီတော် ထီးတော်တင်လှူပွဲသို့ လာရောက်စဉ် အစ်ကိုဖြစ်သူ ဦးထွန်းမြင့် က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဘဆန္ဒကတော့ သူ့ကို ဆက်မလုပ်စေချင်တော့ဘူး။ သူ့မှာက နှလုံးမှာ စက်ကလေး တပ်ထားရတော့ ဒီ လောက် လုပ်ပြီဆိုတော့ အနားယူသင့်ပြီလို့ ထင်တယ်။ သူကတော့ ဆက်လုပ်မယ် မလုပ်ဘူးဆိုတာ အဘကို ဘာမှ မပြောသေး ဘူး ဟု အစ်ကိုဖြစ်သူ အသက် ၇၆ နှစ်အရွယ်ရှိ ဦးထွန်းမြင့် က ပြောသည်။
သမ္မတဦးသိန်းစိန်သည် ၁၉၄၅ ခုနှစ်ကငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင်မွေးဖွားကြီးပြင်းခဲ့ကာ ထိုကျေးရွာမူလ တန်းကျောင်းမှပင် ၄ တန်း အထိ အောင်မြင်ခဲ့ပြီးနောက် အသက်၁၁ နှစ်အရွယ်မှစတင်၍ ငပုတောမြို့နယ် ၊ ပြင်ခရိုင်နှင့် ပုသိမ်မြို့တို့တွင် အလယ်တန်းနှင့် အထက်တန်း ပညာများကို သင်ကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း တွင် ၁၀ တန်း တက်ရောက်ခဲ့ပြီး စစ် တက္ကသိုလ် အပတ်စဉ် ၉ သို့ တတ်ရောက်ကာ တပ်မတော်တွင် ရာထူးတာဝန်အမျိုးမျိုး ထမ်းဆောင်ပြီးနောက် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်ခဲ့သော အစိုးရသစ်တွင် သမ္မတ ရာထူး တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်ကို ၂၀၁၅ အပြီး သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင် တာမြင်တွေ့ချင်တဲ့ ဆန္ဒကတော့ ကျွန် တော် တစ်ယောက်တည်း မဟုတ်ဘူး။ ဒီရွာသားတွေ ဒီနယ်သားတွေမေးရင်လည်း ဒီအတိုင်းပဲဖြေမှာပါဟု ကျုံကူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုးဇော်အောင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တွင် မွေးချင်း ၃ ဦးရှိသည့်အနက် အကြီးဆုံး အစ်မဖြစ်သူမှာအသက် ၆၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
MMK
The Ladies News Journal
No comments:
Post a Comment