တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညိုနှိုင်း
ဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ NCCT အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေ နဲ့ပတ်သက်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ကိုကျော်ဂွန်းက အခုလို ပြောပါတယ်။
"ဒီနေ့တင်ပြသွားတဲ့ အချက်အလက်တွေကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက ပါဝင်ရမဲ့ ကဏ္ဍနဲ့ပတ်သက်တဲ့အရာရယ် ဆွေးနွေးပါတယ်၊ ပညာရေးကဏ္ဍ၊ ပြီးလို့ရှိရင် လူငယ်တွေရဲ့ကဏ္ဍ၊ စီးပွားရေးနဲ့ ရင်းနှီးမြှုတ်နှံမှုကိစ္စ ဒီအပစ်အခတ်လက်မှတ်မရေးထိုးတဲ့ ကြားကာလတွေမှာ ဒါတွေအင်မ တန်မှ သိထားရမယ်ဆိုတဲ့ ကိစ္စရပ်ပိုင်းဆိုင်ရာတွေရယ်၊ ပြီးရင် ဒီငြိမ်းချမ်းရေးအသိ ပညာပေးလုပ်ငန်း ရပ်တွေ နဲ့ ဆိုင်ရာလုပ်ငန်းတွေရယ်၊ အဲ့ဒါတွေ ကျနော်တို့ ဆွေနွေးတင်ပြတဲ့အပေါ်မှာ အဲ့ဒီ အပေါ်မှာမှ ဆွေးနွေးတယ်၊ မေးမြန်းတယ်၊ အဲ့ဒီအမှာမှ ကျနော်တို့ဆွေးနွေးတယ်၊ ဒါမျိုးတွေ လုပ်ခဲ့ရတယ်"
အဲ့ဒီဆွေးနွေးပွဲကို NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားနေတဲ့ လူငယ်အဖွဲ့တွေအပါအ၀င် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅၀ နီးပါး တက်ရောက်ခဲ့ပါတယ်။
NCCT အဖွဲ့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအခုလို တွေ့ဆုံဆွေးနွေးတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
မနေ့ကလည်း NCCT အဖွဲ့ဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ် သက်ပြီး နိုင်ငံရေးပါတီတွေ၊ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့နဲ့ ၃ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
No comments:
Post a Comment