Monday, September 29, 2014

လွှတ်တော် ၂ ရပ်တွင် အဆိုမတင်သွင်းသည့် အမတ် ၃၀၇ ဦးရှိ


လွှတ်တော် ၂ ရပ်ရဲ့ အစည်းအဝေး ၉ ကြိမ်အတွင်းမှာ မေးခွန်းမေး၊ အဆို မသွင်းတဲ့အပြင် ၀င်ရောက် ဆွေးနွေး တာပါ မရှိတဲ့ လွှတ်တော်အမတ် ၃၀၇ ဦး ရှိတယ်လို့ ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့က ပြုစုထား တဲ့ လွှတ်တော်လေ့ လာစောင့်ကြည့်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် မှာ ရွေးကောက်ခန့် အပ်ခံရဖူးသူ ၅၀၈ ယောက်ရှိတဲ့အနက် ၂၁၇ ယောက်၊ အမျိုးသား လွှတ်တော် ကို ရွေးကောက်ခန့် အပ်ခံရဖူးသူ ၂၃၅ ယောက်ရှိတဲ့အနက် အယောက် ၉၀ ဟာ မေးခွန်းမေး တာ၊ အဆိုတင်တာ မလုပ်တဲ့အပြင် ၀င်ရောက်ဆွေးနွေးတာတွေပါ မလုပ်ဘူးလို့ ဖော်ပြထားတာပါ။

ဖွဲ့စည်းပုံတွေအရ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် အယောက် ၄၄၀ နဲ့ အမျိုးသားလွှတ်တော်မှာ ၂၂၄ ယောက်ရှိတယ်ဆိုပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေကို အစားထိုးလေ့ရှိတာကြောင့် ရွေးကောက်ခန့်အပ်ခံရဖူးသူ အရေအတွက်က ဖွဲ့စည်းပုံထက် ပိုများနေတာပါ။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ဟာ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ဝေ လာတာ စက်တင်ဘာလနဲ့ဆိုရင် သုံးကြိမ်ရှိပြီဖြစ် ပါတယ်။

DVB

No comments:

Post a Comment

My Blog List